(Unicode)

ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာများ၏ ထိတွေ့မှု ရာဇဝင်များကို စုံစမ်းဖော်ထုတ်ရာတွင် ရောဂါလက္ခဏာမပြဘဲ ပိုးရှိနေသူများကြောင့် ထိတွေ့မှု ရာဇဝင်ကို အဆင့်ဆင့် ဖော်ထုတ်ရကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ ဒေါက်တာသန်းနိုင်စိုးက ပြောသည်။

ကိုဗစ် -၁၉ ဓာတ်ခွဲအတည်ပြုလူနာနှင့် ပထမတိုက်ရိုက်ထိတွေ့သူ (Primary Contact) မှ ၊ တစ်ဆင့်ခံထိတွေ့ခဲ့သူ (Secondary Contact) များကို ဆက်လက် ဖော်ထုတ်ပါက ထိတွေ့မှု ကွင်းဆက်ကို ချိတ်ဆက်နိုင်သည်ဟု ဒေါက်တာသန်းနိုင်စိုးက ပြောသည်။

“Contact ကတော့ စစချင်း မတွေ့သေးတာ။ နောက်လိုက်ရင်း လိုက်ရင်းကနေ Primary Contact ကို စလိုက်တာပေါ့နော်။ Primary Contact က ၁၀ ယောက်ရှိမယ်ဆိုရင် သူနဲ့ထိတွေ့ခဲ့တဲ့သူတွေ Secondary Contact ပေါ့နော်။ သူတို့ကနေ ထပ်ချိတ်ဆက်ပြီးလိုက်တဲ့အခါ တစ်ဖက်က link ကို သွားတွေ့တာပေါ့” ဟု ဒေါက်တာသန်းနိုင်စိုးက ဆိုသည်။

မြန်မာနိုင်ငံတွင် ၅၈ ရာခိုင်နှုန်းသော ရောဂါပိုးတွေ့ရှိသူများသည် ရောဂါလက္ခဏာများ ပြသမှုမရှိသူများဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကပြောကြားထားသည်။




ဤကဲ့သို့ ရာဂါပိုးတွေ့ရှိသူများအချို့သည် ရောဂါလက္ခဏာ ပြသမှုမရှိသည့်အတွက် အသွားအလာ ကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုခြင်း ခံရသူများနှင့် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ဆောင်ရန် ရှောင်ရန်များကို သေချာစွာလိုက်နာမှသာလျှင် ရောဂါကူးစက် ပြန့်ပွားမှုကို ထိန်းချုပ်နိုင်မည်ဖြစ်ပါကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။


(Zawgyi)

ကိုဗစ္-၁၉ ဓာတ္ခြဲအတည္ျပဳ လူနာမ်ား၏ ထိေတြ႕မႈ ရာဇဝင္မ်ားကို စုံစမ္းေဖာ္ထုတ္ရာတြင္ ေရာဂါလကၡဏာမျပဘဲ ပိုးရွိေနသူမ်ားေၾကာင့္ ထိေတြ႕မႈ ရာဇဝင္ကို အဆင့္ဆင့္ ေဖာ္ထုတ္ရေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရ ေဒါက္တာသန္းႏိုင္စိုးက ေျပာသည္။

ကိုဗစ္ -၁၉ ဓာတ္ခြဲအတည္ျပဳလူနာႏွင့္ ပထမတိုက္႐ိုက္ထိေတြ႕သူ (Primary Contact) မွ ၊ တစ္ဆင့္ခံထိေတြ႕ခဲ့သူ (Secondary Contact) မ်ားကို ဆက္လက္ ေဖာ္ထုတ္ပါက ထိေတြ႕မႈ ကြင္းဆက္ကို ခ်ိတ္ဆက္ႏိုင္သည္ဟု ေဒါက္တာသန္းႏိုင္စိုးက ေျပာသည္။

“Contact ကေတာ့ စစခ်င္း မေတြ႕ေသးတာ။ ေနာက္လိုက္ရင္း လိုက္ရင္းကေန Primary Contact ကို စလိုက္တာေပါ့ေနာ္။ Primary Contact က ၁၀ ေယာက္ရွိမယ္ဆိုရင္ သူနဲ႔ထိေတြ႕ခဲ့တဲ့သူေတြ Secondary Contact ေပါ့ေနာ္။ သူတို႔ကေန ထပ္ခ်ိတ္ဆက္ၿပီးလိုက္တဲ့အခါ တစ္ဖက္က link ကို သြားေတြ႕တာေပါ့” ဟု ေဒါက္တာသန္းႏိုင္စိုးက ဆိုသည္။

ျမန္မာႏိုင္ငံတြင္ ၅၈ ရာခိုင္ႏႈန္းေသာ ေရာဂါပိုးေတြ႕ရွိသူမ်ားသည္ ေရာဂါလကၡဏာမ်ား ျပသမႈမရွိသူမ်ားျဖစ္ေၾကာင္း က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးကေျပာၾကားထားသည္။

ဤကဲ့သို႔ ရာဂါပိုးေတြ႕ရွိသူမ်ားအခ်ိဳ႕သည္ ေရာဂါလကၡဏာ ျပသမႈမရွိသည့္အတြက္ အသြားအလာ ကန႔္သတ္ကာ ေစာင့္ၾကပ္ၾကည့္ရႈျခင္း ခံရသူမ်ားႏွင့္ ျပည္သူမ်ားအေနျဖင့္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည့္ ေဆာင္ရန္ ေရွာင္ရန္မ်ားကို ေသခ်ာစြာလိုက္နာမွသာလွ်င္ ေရာဂါကူးစက္ ျပန႔္ပြားမႈကို ထိန္းခ်ဳပ္ႏိုင္မည္ျဖစ္ပါေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည္။

Post a Comment

Previous Post Next Post