(Unicode)

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် ကူတောပလ္လင်ကျေးရွာ၏ ရွာအဝင်ရှိ ကိုဗစ်နိုင်တီး လက်ဆေးဂိတ်တွင် ကျန်းမာရေး ဆော်သြသူများကို ဆဲဆိုခြိမ်းခြောက်ခဲ့သည့် လူငါးဦးအား မုံရွာမြို့နယ်တရားရုံးမှ ယခုလ ၂၉ ရက်နေ့က ထောင်ဒဏ်တစ်နှစ် ကျခံစေရန် စီရင်ချက်အမိန့် ချမှတ်လိုက်ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ၄.၄.၂၀၂၀ ရက်နေ့က မုံရွာမြို့နယ် ကူတောပလ္လင်ကျေးရွာနေ ဦးဌေးကျော် အပါအဝင် လူ (၇) ဦးသည် ကူးဆက်မြန် ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်နိုင်တီး ကမ္ဘာ့ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များ အနက် ကိုယ်ပူရှိန်တိုင်းတာခြင်း ၊ လက်ဆေးခိုင်းခြင်း စသည့် ကျန်းမာရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများကို ကျေးရွာအဝင်ရှိ လက်ဆေးဂိတ်တွင် ဆော်သြလုပ်ကိုင်ခဲ့သည်။


ထိုနေ့ရက်က မုံရွာမြို့မှ ပြန်လာသည့် လူငယ်နှစ်ဦးအား အဆိုပါ လက်ဆေးဂိတ်မှ ကျန်းမာရေးဆိုင်ရာ အသိ ပညာပေးလုပ်ငန်းများ လုပ်ကိုင်ဆော်သြခဲ့သည်။ ထို့နောက် ယင်း လူငယ်နှစ်ဦးသည် ကျေးရွာအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။ အချိန်တခဏကြာသော် ယင်း လူငယ်နှစ်ဦးအနက် တစ်ဦးမှ ၎င်း၏ အစ်မတော်စပ်သူ များနှင့်အတူ လူငါးယောက်တို့သည် အဆိုပါ လက်ဆေးဂိတ်သို့ ရောက်ရှိလာပြီးနောက် လက်ဆေးဂိတ်တွင် ကျန်းမာရေး ဆော်သြလုပ်ကိုင်နေသူ ဦးဌေးကျော် အပါအဝင် လူ(၇)ဦးတို့အား မဖွယ်မရာ ဆဲဆိုခြိမ်းခြောက်ခဲ့သည်။


ထို့ကြောင့် ဦးမြတ်ထူး ဆိုသူမှ တရားလိုပြုလုပ်၍ မုံရွာမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့ရာ ရဲစခန်းမှ ယင်း တိုင်းတန်းချက်အား (ပ) ၄၆၄/ ၂၀၂၀ သဘာ၀ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ပုဒ်မ ၂၆ အရ အမှုရေးဖွင့်ခဲ့သည်။ ထို့နောက် အမှုစစ် ရဲအရာရှိ ဒုရဲအုပ် ဝါဝါမင်းထင် ဆိုသူမှ ယခုလ ၂၈ ရက်နေ့က မုံရွာမြို့နယ် ရဲတပ်ဖွဲ့ရုံး၏ တရားစွဲချက် အမှုအမှတ် ၅၁၃ / ၂၀၂၀ အရ မုံရွာမြို့နယ်တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့ရာ တရားရုံးမှ တရား မျှတစွာ ကြားနာစစ်ဆေးခဲ့ပြီးနောက် လက်ဆေးဂိတ်တွင် ကျန်းမာရေး ဆော်သြလုပ်ကိုင်နေသူများကို မဖွယ်မရာ ဆဲဆိုခြိမ်းခြောက်ခဲ့သည့် လူငါးဦးအား ထောင်ဒဏ် တစ်နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ကိုတိုးကြီး( မုံရွာ)

(Zawgyi)

စစ္ကိုင္းတိုင္းေဒသႀကီး မုံ႐ြာၿမိဳ႕နယ္ ကူေတာပလႅင္ေက်း႐ြာ၏ ႐ြာအဝင္ရွိ ကိုဗစ္ႏိုင္တီး လက္ေဆးဂိတ္တြင္ က်န္းမာေရး ေဆာ္ၾသသူမ်ားကို ဆဲဆိုၿခိမ္းေျခာက္ခဲ့သည့္ လူငါးဦးအား မုံ႐ြာၿမိဳ႕နယ္တရား႐ုံးမွ ယခုလ ၂၉ ရက္ေန႔က ေထာင္ဒဏ္တစ္ႏွစ္ က်ခံေစရန္ စီရင္ခ်က္အမိန႔္ ခ်မွတ္လိုက္ေၾကာင္း သိရသည္။


ျဖစ္စဥ္မွာ ၄.၄.၂၀၂၀ ရက္ေန႔က မုံ႐ြာၿမိဳ႕နယ္ ကူေတာပလႅင္ေက်း႐ြာေန ဦးေဌးေက်ာ္ အပါအဝင္ လူ (၇) ဦးသည္ ကူးဆက္ျမန္ ကို႐ိုနာဗိုင္းရပ္စ္ ကိုဗစ္ႏိုင္တီး ကမာၻ႔ကပ္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရး လုပ္ငန္းစဥ္မ်ား အနက္ ကိုယ္ပူရွိန္တိုင္းတာျခင္း ၊ လက္ေဆးခိုင္းျခင္း စသည့္ က်န္းမာေရးဆိုင္ရာ အသိပညာေပး လုပ္ငန္းမ်ားကို ေက်း႐ြာအဝင္ရွိ လက္ေဆးဂိတ္တြင္ ေဆာ္ၾသလုပ္ကိုင္ခဲ့သည္။


ထိုေန႔ရက္က မုံ႐ြာၿမိဳ႕မွ ျပန္လာသည့္ လူငယ္ႏွစ္ဦးအား အဆိုပါ လက္ေဆးဂိတ္မွ က်န္းမာေရးဆိုင္ရာ အသိ ပညာေပးလုပ္ငန္းမ်ား လုပ္ကိုင္ေဆာ္ၾသခဲ့သည္။ ထို႔ေနာက္ ယင္း လူငယ္ႏွစ္ဦးသည္ ေက်း႐ြာအတြင္းသို႔ ဝင္ေရာက္သြားခဲ့သည္။ အခ်ိန္တခဏၾကာေသာ္ ယင္း လူငယ္ႏွစ္ဦးအနက္ တစ္ဦးမွ ၎၏ အစ္မေတာ္စပ္သူ မ်ားႏွင့္အတူ လူငါးေယာက္တို႔သည္ အဆိုပါ လက္ေဆးဂိတ္သို႔ ေရာက္ရွိလာၿပီးေနာက္ လက္ေဆးဂိတ္တြင္ က်န္းမာေရး ေဆာ္ၾသလုပ္ကိုင္ေနသူ ဦးေဌးေက်ာ္ အပါအဝင္ လူ(၇)ဦးတို႔အား မဖြယ္မရာ ဆဲဆိုၿခိမ္းေျခာက္ခဲ့သည္။


ထို႔ေၾကာင့္ ဦးျမတ္ထူး ဆိုသူမွ တရားလိုျပဳလုပ္၍ မုံ႐ြာၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္တိုင္တန္းခဲ့ရာ ရဲစခန္းမွ ယင္း တိုင္းတန္းခ်က္အား (ပ) ၄၆၄/ ၂၀၂၀ သဘာ၀ ေဘးအႏၲရာယ္ စီမံခန႔္ခြဲမႈ ပုဒ္မ ၂၆ အရ အမႈေရးဖြင့္ခဲ့သည္။ ထို႔ေနာက္ အမႈစစ္ ရဲအရာရွိ ဒုရဲအုပ္ ဝါဝါမင္းထင္ ဆိုသူမွ ယခုလ ၂၈ ရက္ေန႔က မုံ႐ြာၿမိဳ႕နယ္ ရဲတပ္ဖြဲ႕႐ုံး၏ တရားစြဲခ်က္ အမႈအမွတ္ ၅၁၃ / ၂၀၂၀ အရ မုံ႐ြာၿမိဳ႕နယ္တရား႐ုံးသို႔ တရားစြဲဆို တင္ပို႔ခဲ့ရာ တရား႐ုံးမွ တရား မွ်တစြာ ၾကားနာစစ္ေဆးခဲ့ၿပီးေနာက္ လက္ေဆးဂိတ္တြင္ က်န္းမာေရး ေဆာ္ၾသလုပ္ကိုင္ေနသူမ်ားကို မဖြယ္မရာ ဆဲဆိုၿခိမ္းေျခာက္ခဲ့သည့္ လူငါးဦးအား ေထာင္ဒဏ္ တစ္ႏွစ္ က်ခံေစရန္ အမိန႔္ခ်မွတ္ခဲ့ေၾကာင္း သိရသည္။
ကိုတိုးႀကီး( မုံ႐ြာ)

Post a Comment

Previous Post Next Post