(Unicode)

တရုတ်နိုင်ငံက အမေရိကန်ကို ရောင်းချနေတဲ့ ဆေးဘက်ဆိုင်ရာသုံး နှာခေါင်းစည်း မျက်နှာဖုံးတွေဟာ အရည်အသွေး မပြည့်မီတာကြောင့်ဆိုပြီး တရုတ်ကုမ္ပဏီ ၆၆ ခုက ရောင်းတဲ့ နှာခေါင်းစည်းတွေကို သမ္မတထရမ့်အစိုးရက ပိတ်ပင်တားမြစ်လိုက်ပါတယ်။ အဲဒီနှာခေါင်းစည်း မျက်နှာဖုံးတွေဟာ အရည်အသွေးညံ့တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။




ဆေးဘက်ဆိုင်ရာမှာအသုံးပြုတဲ့ N95 နှာခေါင်းစည်းတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကို ဓါတ်ခွဲခန်းမှာ စမ်းသပ်တာအပါအဝင် အလွန်သေးငယ်တဲ့ အမှုန်အမွှားလေးတွေကိုတောင် ၉၅ ရာခိုင်နှုန်းလောက် ကာကွယ်နိုင်တဲ့အတွက် ပုံမှန်ရိုးရိုး နားခေါင်းစည်းမျက်နှာဖုံးတွေနဲ့ အဝတ်နဲ့ လုပ်တာတွေထက် ရောဂါကာကွယ်နိုင်တာကြောင့် ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ဆေးရုံတွေက ပိုပြီးတော့ လိုချင်ကြတာ ဖြစ်ပါတယ်။



ဒါပေမဲ့ တရုတ်ကနေထုတ်တဲ့ KN95 နှာခေါင်းစည်းတွေဟာ ၂၄ ရာခိုင်နှုန်းလောက်ပဲ ကာကွယ်နိုင်ပြီး တရုတ်ကနေ ပို့လိုက်တဲ့ တသုတ်မှာဆိုရင် ၁ ရာခိုင်နှုန်းလောက်ပဲ ကာကွယ်နိုင်တယ်လို့ အမေရိကန်အစိုးရ အစားအစာနဲ့ ဆေးဝါး ကွပ်ကဲရေးဌာန (FDA) က ကြာသပတေးနေ့မှာ ပြောပါတယ်။


အခုလို အမေရိကန်အစိုးရဘက်က တားမြစ်လိုက်တဲ့အတွက် အမေရိကန်ကျန်းမာရေးဝန်ထမ်းတွေကို နှာခေါင်းစည်းတွေ ရောင်းချဖို့ တရားဝင်ခွင့်ပြုထားတဲ့ တရုတ်ကုမ္ပဏီဟာ အရင်က ၈၀ ရှိရာကနေ အခုအခါမှာ ၁၄ ခုပဲ ကျန်တော့တယ်လို့ FDA က ပြောပါတယ်။



အမေရိကန်မှာ ဆေးဘက်ဆိုင်ရာသုံး N95 နှာခေါင်းစည်းတွေ လိုအပ်တာကြောင့် ပြီးခဲ့တဲ့လကစပြီး တရုတ်ကထုတ်တဲ့ N95 နှာခေါင်းစည်းတွေကို အမေရိကန်က ဝယ်ယူခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင့် COVID-19 ရောဂါအတွက် ဆေးဝါအတုတွေရောင်းချနေတယ်လိုဆိုတဲ့ ကုမ္ပဏီတွေကိုလည်း သတိပေးစာ ၄၂ စောင် ပို့ထားတယ်လို့ FDA က ပြောပါတယ်။ အဲဒီဆေးတွေဟာ အတုဖြစ်ရုံသာမက အန္တရာယ်လည်းရှိတယ်လို့ ဆိုပါတယ်။

ဗွီအိုအေ


(Zawgyi)

တ႐ုတ္ႏိုင္ငံက အေမရိကန္ကို ေရာင္းခ်ေနတဲ့ ေဆးဘက္ဆိုင္ရာသုံး ႏွာေခါင္းစည္း မ်က္ႏွာဖုံးေတြဟာ အရည္အေသြး မျပည့္မီတာေၾကာင့္ဆိုၿပီး တ႐ုတ္ကုမၸဏီ ၆၆ ခုက ေရာင္းတဲ့ ႏွာေခါင္းစည္းေတြကို သမၼတထရမ့္အစိုးရက ပိတ္ပင္တားျမစ္လိုက္ပါတယ္။ အဲဒီႏွာေခါင္းစည္း မ်က္ႏွာဖုံးေတြဟာ အရည္အေသြးညံ့တယ္လို႔ ကြၽမ္းက်င္သူေတြက ေျပာပါတယ္။

ေဆးဘက္ဆိုင္ရာမွာအသုံးျပဳတဲ့ N95 ႏွာေခါင္းစည္းေတြဟာ ကို႐ိုနာဗိုင္းရပ္စ္ကို ဓါတ္ခြဲခန္းမွာ စမ္းသပ္တာအပါအဝင္ အလြန္ေသးငယ္တဲ့ အမႈန္အမႊားေလးေတြကိုေတာင္ ၉၅ ရာခိုင္ႏႈန္းေလာက္ ကာကြယ္ႏိုင္တဲ့အတြက္ ပုံမွန္႐ိုး႐ိုး နားေခါင္းစည္းမ်က္ႏွာဖုံးေတြနဲ႔ အဝတ္နဲ႔ လုပ္တာေတြထက္ ေရာဂါကာကြယ္ႏိုင္တာေၾကာင့္ ဆရာဝန္ေတြ၊ သူနာျပဳေတြနဲ႔ ေဆး႐ုံေတြက ပိုၿပီးေတာ့ လိုခ်င္ၾကတာ ျဖစ္ပါတယ္။

ဒါေပမဲ့ တ႐ုတ္ကေနထုတ္တဲ့ KN95 ႏွာေခါင္းစည္းေတြဟာ ၂၄ ရာခိုင္ႏႈန္းေလာက္ပဲ ကာကြယ္ႏိုင္ၿပီး တ႐ုတ္ကေန ပို႔လိုက္တဲ့ တသုတ္မွာဆိုရင္ ၁ ရာခိုင္ႏႈန္းေလာက္ပဲ ကာကြယ္ႏိုင္တယ္လို႔ အေမရိကန္အစိုးရ အစားအစာနဲ႔ ေဆးဝါး ကြပ္ကဲေရးဌာန (FDA) က ၾကာသပေတးေန႔မွာ ေျပာပါတယ္။


အခုလို အေမရိကန္အစိုးရဘက္က တားျမစ္လိုက္တဲ့အတြက္ အေမရိကန္က်န္းမာေရးဝန္ထမ္းေတြကို ႏွာေခါင္းစည္းေတြ ေရာင္းခ်ဖို႔ တရားဝင္ခြင့္ျပဳထားတဲ့ တ႐ုတ္ကုမၸဏီဟာ အရင္က ၈၀ ရွိရာကေန အခုအခါမွာ ၁၄ ခုပဲ က်န္ေတာ့တယ္လို႔ FDA က ေျပာပါတယ္။

အေမရိကန္မွာ ေဆးဘက္ဆိုင္ရာသုံး N95 ႏွာေခါင္းစည္းေတြ လိုအပ္တာေၾကာင့္ ၿပီးခဲ့တဲ့လကစၿပီး တ႐ုတ္ကထုတ္တဲ့ N95 ႏွာေခါင္းစည္းေတြကို အေမရိကန္က ဝယ္ယူခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင့္ COVID-19 ေရာဂါအတြက္ ေဆးဝါအတုေတြေရာင္းခ်ေနတယ္လိုဆိုတဲ့ ကုမၸဏီေတြကိုလည္း သတိေပးစာ ၄၂ ေစာင္ ပို႔ထားတယ္လို႔ FDA က ေျပာပါတယ္။ အဲဒီေဆးေတြဟာ အတုျဖစ္႐ုံသာမက အႏၲရာယ္လည္းရွိတယ္လို႔ ဆိုပါတယ္။

ဗြီအိုေအ

Post a Comment

Previous Post Next Post