(Unicode)

လားရှိုးခရိုင် မိုင်းယော်တိုက်နယ်မှာရှိတဲ့ လွယ်ကန်ကျေးရွာမှာ မနေ့ မေလ ၁၈ ရက်က ကျေးရွာအတွင်း ကားပထမဆုံးရောက်တဲ့ သမိုင်းတွင်သွားပါပြီ။

လွယ်ကန်ကျေးရွာဟာ ကားလမ်းဖောက်ထားတာ ၅ နှစ်ကျော်ရှိလာပြီဖြစ်ပေမယ့် ရွာထဲကို ဘိုးဘွားစဥ်ဆက်ကတည်းက ကားရောက်ဖူးလာခြင်း မရှိသေးပါဘူး။



သူတို့ကျေးရွာကို ကားရောက်လာဖို့ စိတ်အားထက်သန်ခဲ့ပြီး ကားလမ်းကို အားတဲ့အချိန်တွေမှာ တတ်နိုင်သလောက် လုပ်အားပေး လုပ်ခဲ့ကြပေမယ့် ကားရောက်ဖူးလာခဲ့ခြင်း မရှိခဲ့တာပါ။

အခုတော့ သူတို့ တစ်သက်မှာ မျှော်လင့်တောင့်တနေတဲ့ ရည်မှန်းချက် ပြည့်လာခဲ့ပြီလို့ ဆိုရမှာဖြစ်ပါတယ်။


ရွာကိုရောက်ရှိလာတဲ့ ကားဟာ ၃ စီးဖြစ်ပြီး အဲဒီကားတွေဟာ Covid-19 ကာလအတွင်း စား၀တ်နေရေး အခက်အခဲဖြစ်နေတဲ့ ရွာတွေကို အစားအသောက်လိုက်လံ ထောက်ပံ့ပေးနေတဲ့ကားတွေ ဖြစ်နေပါတယ်။

ပုံမှာမြင်တွေ့နေရတဲ့ မြင်ကွင်းဟာ ပထမဆုံး ရောက်လာတဲ့ကားကို ကြိုဆိုနေတဲ့ မြင်ကွင်းဖြစ်ပါတယ်။

(Zawgyi)

လားရႈိးခ႐ိုင္ မိုင္းေယာ္တိုက္နယ္မွာရွိတဲ့ လြယ္ကန္ေက်း႐ြာမွာ မေန႔ ေမလ ၁၈ ရက္က ေက်း႐ြာအတြင္း ကားပထမဆုံးေရာက္တဲ့ သမိုင္းတြင္သြားပါၿပီ။

လြယ္ကန္ေက်း႐ြာဟာ ကားလမ္းေဖာက္ထားတာ ၅ ႏွစ္ေက်ာ္ရွိလာၿပီျဖစ္ေပမယ့္ ႐ြာထဲကို ဘိုးဘြားစဥ္ဆက္ကတည္းက ကားေရာက္ဖူးလာျခင္း မရွိေသးပါဘူး။



သူတို႔ေက်း႐ြာကို ကားေရာက္လာဖို႔ စိတ္အားထက္သန္ခဲ့ၿပီး ကားလမ္းကို အားတဲ့အခ်ိန္ေတြမွာ တတ္ႏိုင္သေလာက္ လုပ္အားေပး လုပ္ခဲ့ၾကေပမယ့္ ကားေရာက္ဖူးလာခဲ့ျခင္း မရွိခဲ့တာပါ။

အခုေတာ့ သူတို႔ တစ္သက္မွာ ေမွ်ာ္လင့္ေတာင့္တေနတဲ့ ရည္မွန္းခ်က္ ျပည့္လာခဲ့ၿပီလို႔ ဆိုရမွာျဖစ္ပါတယ္။


႐ြာကိုေရာက္ရွိလာတဲ့ ကားဟာ ၃ စီးျဖစ္ၿပီး အဲဒီကားေတြဟာ Covid-19 ကာလအတြင္း စား၀တ္ေနေရး အခက္အခဲျဖစ္ေနတဲ့ ႐ြာေတြကို အစားအေသာက္လိုက္လံ ေထာက္ပံ့ေပးေနတဲ့ကားေတြ ျဖစ္ေနပါတယ္။

ပုံမွာျမင္ေတြ႕ေနရတဲ့ ျမင္ကြင္းဟာ ပထမဆုံး ေရာက္လာတဲ့ကားကို ႀကိဳဆိုေနတဲ့ ျမင္ကြင္းျဖစ္ပါတယ္။

Post a Comment

Previous Post Next Post