(Unicode)

မေ၂၇

ကိုရီးယားနိုင်ငံသူ Mrs. Choi Jeongyeon ကို သဒ္ဓမ္မဇောတိကဓဇဘွဲ့ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ၂၀၂၀ ပြည့်နှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းရန် ကျန်ရှိသော ပြည်ပဘွဲ့ခံ ဆရာတော်၊ သီလရှင်နှင့် လူပုဂ္ဂိုလ်စုစု ပေါင်း ၁၉ ပါး/ ဦး တို့အနက်သဒ္ဓမ္မဇောတိကဓဇဘွဲ့  ချီးမြှင့်ခြင်းခံရသည့်


ကိုရီးယားနိုင်ငံသူ Mrs. Choi Jeongyeon အား ဘွဲ့အဆောင်အယောင်ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို မြန်မာသံရုံး၊ ဆိုးလ်မြို့တွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။


ယင်းအခမ်းအနားသို့ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများ၊ ဘွဲ့တံဆိပ် ချီးမြှင့်ခြင်းခံရသူ Mrs. Choi Jeongyeon နှင့် ခင်ပွန်းဖြစ်သူ Mr. San Yong Min တို့မှ တက်ရောက်ခဲ့ကြပြီး ဘွဲ့အဆောင်အယောင် ပစ္စည်းများအား သံအမတ်ကြီးမှ Mrs. Choi အား လွှဲပြောင်း ပေးအပ်ခဲ့သည်။


Mrs. Choi Jeongyeon သည် မြန်မာနိုင်ငံအပါအဝင် အိန္ဒိယ၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား နိုင်ငံတို့တွင် ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေး ပရဟိတ လုပ်ငန်းများအား တတ်အားသရွေ့ ကြိုးပမ်းအားထုတ်ဆောင်ရွက်ခဲ့မှုအတွက် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် ချီးမြှင့်ခံရခြင်း ဖြစ်ပါကြောင်း သိ၊ မြင်၊ ကြားသူအပေါင်းမှ ကုသိုလ်ပွား ပီတိဖြစ်စေရန်အတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့အနေဖြင့် ဂုဏ်ယူဝမ်းမြောက်စွာဖြင့် အသိပေးကြေညာထားကြောင်း သိရသည်။

Credit – The Fifth Wave

(Zawgyi)

ေမ၂၇

ကိုရီးယားႏိုင္ငံသူ Mrs. Choi Jeongyeon ကို သဒၶမၼေဇာတိကဓဇဘြဲ႕ ခ်ီးျမႇင့္ခဲ့ေၾကာင္း သိရသည္။

ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္၊ ၂၀၂၀ ျပည့္ႏွစ္ သာသနာေတာ္ဆိုင္ရာ ဘြဲ႕တံဆိပ္ေတာ္မ်ား ဆက္ကပ္လႉဒါန္းရန္ က်န္ရွိေသာ ျပည္ပဘြဲ႕ခံ ဆရာေတာ္၊ သီလရွင္ႏွင့္ လူပုဂၢိဳလ္စုစု ေပါင္း ၁၉ ပါး/ ဦး တို႔အနက္သဒၶမၼေဇာတိကဓဇဘြဲ႕  ခ်ီးျမႇင့္ျခင္းခံရသည့္


ကိုရီးယားႏိုင္ငံသူ Mrs. Choi Jeongyeon အား ဘြဲ႕အေဆာင္အေယာင္ပစၥည္းမ်ား ေပးအပ္ပြဲအခမ္းအနားကို ျမန္မာသံ႐ုံး၊ ဆိုးလ္ၿမိဳ႕တြင္ က်င္းပျပဳလုပ္ ခဲ့ေၾကာင္း သိရသည္။


ယင္းအခမ္းအနားသို႔ ျမန္မာသံ႐ုံး၊ ဆိုးလ္ၿမိဳ႕မွ သံအမတ္ႀကီးႏွင့္ သံ႐ုံးဝန္ထမ္းမ်ား၊ ဘြဲ႕တံဆိပ္ ခ်ီးျမႇင့္ျခင္းခံရသူ Mrs. Choi Jeongyeon ႏွင့္ ခင္ပြန္းျဖစ္သူ Mr. San Yong Min တို႔မွ တက္ေရာက္ခဲ့ၾကၿပီး ဘြဲ႕အေဆာင္အေယာင္ ပစၥည္းမ်ားအား သံအမတ္ႀကီးမွ Mrs. Choi အား လႊဲေျပာင္း ေပးအပ္ခဲ့သည္။


Mrs. Choi Jeongyeon သည္ ျမန္မာႏိုင္ငံအပါအဝင္ အိႏၵိယ၊ သီရိလကၤာ၊ ကေမာၻဒီးယား ႏိုင္ငံတို႔တြင္ ဗုဒၶသာသနာေတာ္ ထြန္းကားျပန႔္ပြားေရး ပရဟိတ လုပ္ငန္းမ်ားအား တတ္အားသေ႐ြ႕ ႀကိဳးပမ္းအားထုတ္ေဆာင္႐ြက္ခဲ့မႈအတြက္ သာသနာေတာ္ဆိုင္ရာ ဘြဲ႕တံဆိပ္ ခ်ီးျမႇင့္ခံရျခင္း ျဖစ္ပါေၾကာင္း သိ၊ ျမင္၊ ၾကားသူအေပါင္းမွ ကုသိုလ္ပြား ပီတိျဖစ္ေစရန္အတြက္ ျမန္မာသံ႐ုံး၊ ဆိုးလ္ၿမိဳ႕အေနျဖင့္ ဂုဏ္ယူဝမ္းေျမာက္စြာျဖင့္ အသိေပးေၾကညာထားေၾကာင္း သိရသည္။

Credit – The Fifth Wave

Post a Comment

Previous Post Next Post