(Unicode)

စားသောက်ဆိုင်တွေ ပြန်ဖွင့်ခွင့်ရပြီ၊ လူ (၅) ဦးထက်ပို၍ စုဝေးနိုင်သည့်ကိစ္စများ ဖြည့်စွက်ထုတ်ပြန်…

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နိုင်ရေး ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။

၁။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (ကိုဗစ်) ကြိုတင်ကာကွယ်ရေးနှင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရေးတို့အတွက် လိုအပ်သော အမိန့်၊ ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ပါသည်။

၂။ ယခုအခါ ကိုဗစ်ရောဂါဖြစ်ပွားမှုနှင့် စပ်လျဉ်း၍ နိုင်ငံတွင်း ကူးစက်ဖြစ်ပွားမှုလျော့နည်းလာခြင်း၊ ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများတွင်သာ ဓာတ်ခွဲအတည်ပြုလူနာများ တွေ့ရှိရခြင်း၊ ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများကို သတ်မှတ်ထားသော နေရာများတွင် အသွားအလာ ကန့်သတ်၍ စောင့်ကြည့်နေမှုအား ဒေသဆိုင်ရာ အဖွဲ့အစည်းများက စနစ်တကျဝိုင်းဝန်း၍ ဆောင်ရွက်လျက် ရှိခြင်း၊ ပြည်သူလူထုအတွင်း ကျန်းမာရေး အသိပညာမြှင့်တင်ခြင်း လုပ်ငန်းကို အထူးအလေးထား ဆောင်ရွက်လျက်ရှိခြင်း၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ နှီးနွယ်ဌာနများနှင့် အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပြည်သူလူထုက ရောဂါကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများတွင် တက်တက်ကြွကြွ ဆောင်ရွက်လျက်ရှိခြင်းတို့ကို တွေ့ရှိရပါသည်။



၃။ သို့ဖြစ်ပါ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ၁၆-၄-၂၀၂၀ ရက်စွဲပါ အမိန့်အမှတ် (၃၇/၂၀၂၀) အရ လူ ၅ ဦး ဖြစ်စေ၊ လူ ၅ ဦးထက် ပို၍ ဖြစ်စေ စုဝေးခြင်း ပြုနိုင်သည့် ကိစ္စရပ်များတွင် အောက်ပါကိစ္စရပ်များကို ထပ်မံဖြည့်စွက်လိုက်သည်-

(က) အစိုးရဌာန၊ အဖွဲ့အစည်း၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်ခြင်း၊

(ခ) အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်းများ၊

(ဂ) အစိုးရဌာန၊ အဖွဲ့အစည်း၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံများအတွင်း ဆောင်ရွက်ရမည့် ဆွေးနွေးပွဲ၊ အစည်းအဝေးနှင့် သင်တန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အကြံပြုသတ်မှတ်ချက်များနှင့် အညီ ဆောင်ရွက်ခြင်း၊



(ဃ) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အကြံပြုသတ်မှတ်ချက်များနှင့် ကိုက်ညီ၍ သက်ဆိုင်ရာ ဒေသအစိုးရအဖွဲ့များက ဖွင့်လှစ်ခွင့်ပြုထားသော စားသောက်ဆိုင်များတွင် စားသောက်ခြင်း၊

(င) အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၃-၅-၂၀၂၀ ရက်စွဲဖြင့် အသိပေးထုတ်ပြန် ကြေငြာထားသည့် မရှိမဖြစ် လိုအပ်သည့် လုပ်ငန်းများ၊ အများပြည်သူတိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများနှင့် အများပြည်သူအတွက် လိုအပ်သော လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်ခြင်း။

ဒေါက်တာမြင့်ထွေး (ပြည်ထောင်စုဝန်ကြီး)

(Zawgyi)

စားေသာက္ဆုိင္ေတြ ျပန္ဖြင့္ခြင့္ရၿပီ၊ လူ (၅) ဦးထက္ပုိ၍ စုေဝးႏုိင္သည့္ကိစၥမ်ား ျဖည့္စြက္ထုတ္ျပန္…

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနသည္ ကူးစက္ေရာဂါမ်ား ကာကြယ္ႏုိင္ေရး ဥပေဒပုဒ္မ ၂၁ ပုဒ္မခြဲ (ခ) ပါ လုပ္ပုိင္ခြင့္ကုိ က်င့္သံုး၍ ဤအမိန္႔ကုိ ထုတ္ျပန္လုိက္သည္။

၁။ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနသည္ လတ္တေလာအသက္ရွဴလမ္းေၾကာင္းဆုိင္ရာ ေရာဂါ (ကုိဗစ္) ႀကဳိတင္ကာကြယ္ေရးႏွင့္ ေရာဂါကူးစက္ပ်ံ႕ႏွံ႕မႈကုိ ပုိမိုထိေရာက္စြာ ထိန္းခ်ဳပ္ႏုိင္ေရးတုိ႔အတြက္ လုိအပ္ေသာ အမိန္႔၊ ညႊန္ၾကားခ်က္မ်ား ထုတ္ျပန္ခဲ့ပါသည္။

၂။ ယခုအခါ ကုိဗစ္ေရာဂါျဖစ္ပြားမႈႏွင့္ စပ္လ်ဥ္း၍ ႏုိင္ငံတြင္း ကူးစက္ျဖစ္ပြားမႈေလ်ာ့နည္းလာျခင္း၊ ျပည္ပႏုိင္ငံမ်ားမွ ျပန္လည္ဝင္ေရာက္လာသူမ်ားတြင္သာ ဓာတ္ခြဲအတည္ျပဳလူနာမ်ား ေတြ႕ရွိရျခင္း၊ ျပည္ပႏုိင္ငံမ်ားမွ ျပန္လည္ဝင္ေရာက္လာသူမ်ားကုိ သတ္မွတ္ထားေသာ ေနရာမ်ားတြင္ အသြားအလာ ကန္႔သတ္၍ ေစာင့္ၾကည့္ေနမႈအား ေဒသဆုိင္ရာ အဖြဲ႕အစည္းမ်ားက စနစ္တက်ဝုိင္းဝန္း၍ ေဆာင္ရြက္လ်က္ ရွိျခင္း၊ ျပည္သူလူထုအတြင္း က်န္းမာေရး အသိပညာျမွင့္တင္ျခင္း လုပ္ငန္းကုိ အထူးအေလးထား ေဆာင္ရြက္လ်က္ရွိျခင္း၊ ၿမဳိ႕နယ္ အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ား၊ က်န္းမာေရးဌာနမွ ဝန္ထမ္းမ်ား၊ ႏွီးႏြယ္ဌာနမ်ားႏွင့္ အဖြဲ႕အစည္းမ်ား၊ ေစတနာ႔ဝန္ထမ္းမ်ားႏွင့္ ျပည္သူလူထုက ေရာဂါကာကြယ္ထိန္းခ်ဳပ္ျခင္း လုပ္ငန္းမ်ားတြင္ တက္တက္ၾကြၾကြ ေဆာင္ရြက္လ်က္ရွိျခင္းတုိ႔ကုိ ေတြ႕ရွိရပါသည္။


၃။ သုိ႔ျဖစ္ပါ၍ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ ၁၆-၄-၂၀၂၀ ရက္စြဲပါ အမိန္႔အမွတ္ (၃၇/၂၀၂၀) အရ လူ ၅ ဦး ျဖစ္ေစ၊ လူ ၅ ဦးထက္ ပုိ၍ ျဖစ္ေစ စုေဝးျခင္း ျပဳႏုိင္သည့္ ကိစၥရပ္မ်ားတြင္ ေအာက္ပါကိစၥရပ္မ်ားကုိ ထပ္မံျဖည့္စြက္လုိက္သည္-

(က) အစုိးရဌာန၊ အဖြဲ႕အစည္း၊ ကုမၸဏီ၊ စက္ရံု၊ အလုပ္ရံုမ်ားတြင္ တာဝန္ထမ္းေဆာင္ျခင္း၊

(ခ) အေျခခံပညာေက်ာင္းမ်ား၊ ပုဂၢလိကေက်ာင္းမ်ား၊ ဘုန္းေတာ္ႀကီးသင္ စာသင္ေက်ာင္းမ်ား၊

(ဂ) အစုိးရဌာန၊ အဖြဲ႕အစည္း၊ ကုမၸဏီ၊ စက္ရံု၊ အလုပ္ရံုမ်ားအတြင္း ေဆာင္ရြက္ရမည့္ ေဆြးေႏြးပြဲ၊ အစည္းအေဝးႏွင့္ သင္တန္းမ်ားကုိ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ အႀကံျပဳသတ္မွတ္ခ်က္မ်ားႏွင့္ အညီ ေဆာင္ရြက္ျခင္း၊


(ဃ) က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ အႀကံျပဳသတ္မွတ္ခ်က္မ်ားႏွင့္ ကုိက္ညီ၍ သက္ဆုိင္ရာ ေဒသအစုိးရအဖြဲ႕မ်ားက ဖြင့္လွစ္ခြင့္ျပဳထားေသာ စားေသာက္ဆုိင္မ်ားတြင္ စားေသာက္ျခင္း၊

(င) အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန၏ ၃-၅-၂၀၂၀ ရက္စြဲျဖင့္ အသိေပးထုတ္ျပန္ ေၾကျငာထားသည့္ မရွိမျဖစ္ လုိအပ္သည့္ လုပ္ငန္းမ်ား၊ အမ်ားျပည္သူတုိင္ရာ ဝန္ေဆာင္မႈ လုပ္ငန္းမ်ားႏွင့္ အမ်ားျပည္သူအတြက္ လုိအပ္ေသာ လုပ္ငန္းမ်ားတြင္ အလုပ္လုပ္ကုိင္ျခင္း။

ေဒါက္တာျမင့္ေထြး (ျပည္ေထာင္စုဝန္ႀကီး)

Post a Comment

Previous Post Next Post