(Unicode)

အလုံမှ ကိုဗစ်လူနာအမျိုးသမီးသည် ပရဟိတသမားနှင့် နိုင်ငံရေးပါတီတစ်ခု၏ မြို့နယ် တွဲဖက်အတွင်းရေးမှူးဖြစ်နေ၊ လူအနာအမှတ် ၁၇၉ ၏ အမေများနေ့ အင်တာဗျူး ဖြေဆိုခဲ့ရင်း ရောဂါကူးစက်ခံရ၊ လူနာအမှတ်စဉ် ၁၇၉ သည် သတင်းထောက်ဟုတ်၊ မဟုတ် အတည်မပြုနိုင်သေးသော်လည်း ခဝဲခြံ ၂ လမ်းမှ မိသားစုဝင်ဖြစ်

အလုံမြို့နယ်မှ လူနာအမှတ်စဉ် ၁၈၁ အသက် ၅၂ နှစ်အရွယ် ကိုဗစ်လူနာအမျိုးသမီးသည် ပရဟိတသမားဖြစ်ပြီး လူနာအမှတ် ၁၇၉ က အမေများနေ့ လာရောက်မေးမြန်းသော အင်တာဗျူးကို ဖြေဆိုစဉ် ရောဂါကူးစက်ခံလိုက်ရခြင်းဖြစ်ကြောင်း အလုံမြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ် ဒေါ်နွယ်နွယ်ဝင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ “Case 179 က အမေများနေ့မှာ သူ့ကို လာပြီးတော့ အင်တာဗျူးလုပ်တာ။ အဲဒီကနေပြီးတော့မှ ဆက်စပ်ဖြစ်သွားတာ။ အခုတော့ သူနဲ့ ထိတွေ့သူများတယ်။ ပရဟိတသမားဖြစ်တော့လေ။ အခုတော့ ထိတွေ့သူကိုလိုက်နေပါတယ်”ဟု ဒေါ်နွယ်နွယ်ဝင်းက ရှင်းလင်းပြောဆိုသည်။



လူနာ Case 181 သည် အလုံမြို့နယ် ဌာနရပ်ကွက် ၊ဧရာဝတီလမ်းနေ ထိုင်သူဖြစ်ပြီး လက်ရှိတွင် ၎င်းနေထိုင်ရာနေရာကို Lock down ချပြီးဖြစ်ကြောင်း သိရှိရသည်။ လူနာအမှတ်စဉ် ၁၈၁ သည် နိုင်ငံရေးပါတီတစ်ခု၏ အလုံမြို့နယ် တွဲဖက် အတွင်းရေးမှူး လည်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ လူနာအမှတ်စဉ် ၁၇၉ သည် အသက် ၂၁ နှစ်အရွယ် အမျိုးသားဖြစ်ပြီး အင်းစိန်မြို့နယ်မှ ဖြစ်ကြောင်း သိရှိရသည်။ လူနာအမှတ်စဉ် ၁၇၉ (Case 179 ) သည် သတင်းထောက်ဟုတ်၊ မဟုတ် အတည်မပြုနိုင်သော်လည်း အင်းစိန်မြို့နယ်မှ ခဝဲခြံ ၂ လမ်းမှ ကိုဗစ်ရောဂါကူးစက်ခံရသူ မိသားစုဝင်တစ်ဦး ဖြစ်ကြောင်း အင်းစိန်မြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးဝေဖြိုးဟန်က ပြောဆိုသည်။

“မနက်ကလည်း Case 179 က သတင်းထောက်လားဆိုပြီး မေးတယ်။ ကျနော်ပြောနိုင်တာက သူက အင်းစိန်၊ ခဝဲခြံ ၂ လမ်းက ကိုဗစ်အကူးခံရတဲ့ မိသားစုဝင် တစ်ဦးဖြစ်ပါတယ်။ သူ ဘာအလုပ်လုပ်လဲဆိုတာကို ကျနော်သေချာမသိပါဘူး” ဟု ဦးဝေဖြိုးဟန်က ပြောဆိုသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်လူနာစုစုပေါင်း ၁၈၁ ဦးရှိလာပြီဖြစ်ပြီး သေဆုံး ၆ ဦးရှိကြောင်း အစိုးရက တရားဝင်သတင်းထုတ်ပြန်ထားသည်။

ခေတ်သစ်မီဒီယာ

(Zawgyi)

အလုံမွ ကိုဗစ္လူနာအမ်ိဳးသမီးသည္ ပရဟိတသမားႏွင့္ ႏိုင္ငံေရးပါတီတစ္ခု၏ ၿမိဳ႕နယ္ တြဲဖက္အတြင္းေရးမွဴးျဖစ္ေန၊ လူအနာအမွတ္ ၁၇၉ ၏ အေမမ်ားေန႔ အင္တာဗ်ဴး ေျဖဆိုခဲ့ရင္း ေရာဂါကူးစက္ခံရ၊ လူနာအမွတ္စဥ္ ၁၇၉ သည္ သတင္းေထာက္ဟုတ္၊ မဟုတ္ အတည္မျပဳႏိုင္ေသးေသာ္လည္း ခဝဲၿခံ ၂ လမ္းမွ မိသားစုဝင္ျဖစ္

အလုံၿမိဳ႕နယ္မွ လူနာအမွတ္စဥ္ ၁၈၁ အသက္ ၅၂ ႏွစ္အ႐ြယ္ ကိုဗစ္လူနာအမ်ိဳးသမီးသည္ ပရဟိတသမားျဖစ္ၿပီး လူနာအမွတ္ ၁၇၉ က အေမမ်ားေန႔ လာေရာက္ေမးျမန္းေသာ အင္တာဗ်ဴးကို ေျဖဆိုစဥ္ ေရာဂါကူးစက္ခံလိုက္ရျခင္းျဖစ္ေၾကာင္း အလုံၿမိဳ႕နယ္မွ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္အမတ္ ေဒၚႏြယ္ႏြယ္ဝင္းက ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။ “Case 179 က အေမမ်ားေန႔မွာ သူ႔ကို လာၿပီးေတာ့ အင္တာဗ်ဴးလုပ္တာ။ အဲဒီကေနၿပီးေတာ့မွ ဆက္စပ္ျဖစ္သြားတာ။ အခုေတာ့ သူနဲ႔ ထိေတြ႕သူမ်ားတယ္။ ပရဟိတသမားျဖစ္ေတာ့ေလ။ အခုေတာ့ ထိေတြ႕သူကိုလိုက္ေနပါတယ္”ဟု ေဒၚႏြယ္ႏြယ္ဝင္းက ရွင္းလင္းေျပာဆိုသည္။


လူနာ Case 181 သည္ အလုံၿမိဳ႕နယ္ ဌာနရပ္ကြက္ ၊ဧရာဝတီလမ္းေန ထိုင္သူျဖစ္ၿပီး လက္ရွိတြင္ ၎ေနထိုင္ရာေနရာကို Lock down ခ်ၿပီးျဖစ္ေၾကာင္း သိရွိရသည္။ လူနာအမွတ္စဥ္ ၁၈၁ သည္ ႏိုင္ငံေရးပါတီတစ္ခု၏ အလုံၿမိဳ႕နယ္ တြဲဖက္ အတြင္းေရးမွဴး လည္းျဖစ္ေၾကာင္း စုံစမ္းသိရွိရသည္။ လူနာအမွတ္စဥ္ ၁၇၉ သည္ အသက္ ၂၁ ႏွစ္အ႐ြယ္ အမ်ိဳးသားျဖစ္ၿပီး အင္းစိန္ၿမိဳ႕နယ္မွ ျဖစ္ေၾကာင္း သိရွိရသည္။ လူနာအမွတ္စဥ္ ၁၇၉ (Case 179 ) သည္ သတင္းေထာက္ဟုတ္၊ မဟုတ္ အတည္မျပဳႏိုင္ေသာ္လည္း အင္းစိန္ၿမိဳ႕နယ္မွ ခဝဲၿခံ ၂ လမ္းမွ ကိုဗစ္ေရာဂါကူးစက္ခံရသူ မိသားစုဝင္တစ္ဦး ျဖစ္ေၾကာင္း အင္းစိန္ၿမိဳ႕နယ္မွ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္အမတ္ ဦးေဝၿဖိဳးဟန္က ေျပာဆိုသည္။

“မနက္ကလည္း Case 179 က သတင္းေထာက္လားဆိုၿပီး ေမးတယ္။ က်ေနာ္ေျပာႏိုင္တာက သူက အင္းစိန္၊ ခဝဲၿခံ ၂ လမ္းက ကိုဗစ္အကူးခံရတဲ့ မိသားစုဝင္ တစ္ဦးျဖစ္ပါတယ္။ သူ ဘာအလုပ္လုပ္လဲဆိုတာကို က်ေနာ္ေသခ်ာမသိပါဘူး” ဟု ဦးေဝၿဖိဳးဟန္က ေျပာဆိုသည္။ ျမန္မာႏိုင္ငံတြင္ ကိုဗစ္လူနာစုစုေပါင္း ၁၈၁ ဦးရွိလာၿပီျဖစ္ၿပီး ေသဆုံး ၆ ဦးရွိေၾကာင္း အစိုးရက တရားဝင္သတင္းထုတ္ျပန္ထားသည္။

ေခတ္သစ္မီဒီယာ

Post a Comment

Previous Post Next Post