(Unicode)

ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ သူနာပြုတက္ကသိုလ်ကျောင်းဝင်းအတွင်းမှ ၄ ထပ်စာသင်ဆောင် ပြိုကျမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ စတင်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

စုံစမ်းစစ်ဆေးမှုတွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ အကြီးအကဲများကိုယ်တိုင်ဦးဆောင်ပါဝင်နေပြီး အခင်းဖြစ်ရာနေရာသို့လည်း တိုင်းအစိုးရအဖွဲ့က သွားရောက်စစ်ဆေးပြီးဖြစ်ကာ ဆောက်လုပ်သည့် ကုမ္ပဏီလည်း အခင်းဖြစ်ရာနေရာသို့ ရောက်ရှိလာကြောင်း သိရှိရသည်။



ရန်ကုန်တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းက “စစ်နေကြပါပြီ။ စစ်ဆေးတွေ့ရှိချက်တွေကို ဝန်ကြီးချုပ်ထံတင်ပြမယ်။ ပြီးရင် လိုအပ်သလို ဆက်လက်ဆောင်ရွက်မယ်” ဟု ပြောပါသည်။

စစ်ဆေးမှုကို အသေးစိတ်ဆောင်ရွက်မည်ဖြစ်ပြီး ဒီဇိုင်းအား မည်သူဆွဲပေးသနည်း၊ မည်သူက တည်ဆောက်မှု ကိုကြီးကြပ်ခဲ့သနည်း၊ အရည်အသွေးစစ်ဆေးမှုအပိုင်းကို မည်သူဆောင်ရွက်ခဲ့သနည်း စသည်ဖြင့် ပါဝင်မည်ဟု ဝန်ကြီးက ပြောသည်။ ဥပဒေအရ အရေးယူသွားရန် ရှိပါသလား ဆိုသည့် အမေးကိုလည်း ဝန်ကြီးက ဥပဒေနှင့်အညီဆက်လက်ဆောင်ရွက်မည်ဟု အဖြေပေးသည်။



အဆိုပါ သူနာပြုတက္ကသိုလ် ၄ ထပ်စာသင်ဆောင်ကို ပြည်တွင်းဆောက်လုပ်ရေးကုမ္ပဏီတစ်ခုက ၂၀၁၁ ခုနှစ်က ဆောက်လုပ်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် နိုင်ငံတော်သို့ အပ်နှံခဲ့သည့် အဆောက်အဦဖြစ်ကာ သက်တမ်းအားဖြင့် ၇ နှစ်ကျော်သာ ရှိသေးသည့် အဆောက်အဦးဖြစ်သည်ဟုသိရသည်။ ယင်းအပြင် ထိုအဆောက်အဦးကို တာဝန်ယူဆောက်လုပ်ခဲ့သည့် ကုမ္ပဏီမှာ ယခင်အစိုးရလက်ထက် ဝန်ကြီးဟောင်း၏ ဆွေမျိုးတစ်ဦးပိုင်ဆိုင်သည် ဟုလည်း ဆောက်လုပ်ရေးအသိုင်းအဝိုင်းကြား သတင်းထွက်ပေါ်နေသည်။

#Blacker

(Zawgyi)

ရန္ကုန္ၿမိဳ႕ လမ္းမေတာ္ၿမိဳ႕နယ္ရိွ သူနာျပဳတကၠသိုလ္ေက်ာင္းဝင္းအတြင္းမွ ၄ ထပ္စာသင္ေဆာင္ ၿပိဳက်မႈႏွင့္ ပတ္သက္ၿပီး စုံစမ္းစစ္ေဆးမႈမ်ား စတင္ေနၿပီျဖစ္ေၾကာင္း ရန္ကုန္တိုင္းအစိုးရအဖြဲ႕ထံမွ သိရသည္။

စုံစမ္းစစ္ေဆးမႈတြင္ ျမန္မာႏိုင္ငံအင္ဂ်င္နီယာအသင္းမွ အႀကီးအကဲမ်ားကိုယ္တိုင္ဦးေဆာင္ပါဝင္ေနၿပီး အခင္းျဖစ္ရာေနရာသို႔လည္း တိုင္းအစိုးရအဖြဲ႕က သြားေရာက္စစ္ေဆးၿပီးျဖစ္ကာ ေဆာက္လုပ္သည့္ ကုမၸဏီလည္း အခင္းျဖစ္ရာေနရာသို႔ ေရာက္ရွိလာေၾကာင္း သိရွိရသည္။



ရန္ကုန္တိုင္းအစိုးရအဖြဲ႕ လူမႈေရးဝန္ႀကီးဦးႏိုင္ငံလင္းက “စစ္ေနၾကပါၿပီ။ စစ္ေဆးေတြ႕ရွိခ်က္ေတြကို ဝန္ႀကီးခ်ဳပ္ထံတင္ျပမယ္။ ၿပီးရင္ လိုအပ္သလို ဆက္လက္ေဆာင္႐ြက္မယ္” ဟု ေျပာပါသည္။

စစ္ေဆးမႈကို အေသးစိတ္ေဆာင္႐ြက္မည္ျဖစ္ၿပီး ဒီဇိုင္းအား မည္သူဆြဲေပးသနည္း၊ မည္သူက တည္ေဆာက္မႈ ကိုႀကီးၾကပ္ခဲ့သနည္း၊ အရည္အေသြးစစ္ေဆးမႈအပိုင္းကို မည္သူေဆာင္႐ြက္ခဲ့သနည္း စသည္ျဖင့္ ပါဝင္မည္ဟု ဝန္ႀကီးက ေျပာသည္။ ဥပေဒအရ အေရးယူသြားရန္ ရွိပါသလား ဆိုသည့္ အေမးကိုလည္း ဝန္ႀကီးက ဥပေဒႏွင့္အညီဆက္လက္ေဆာင္႐ြက္မည္ဟု အေျဖေပးသည္။



အဆိုပါ သူနာျပဳတကၠသိုလ္ ၄ ထပ္စာသင္ေဆာင္ကို ျပည္တြင္းေဆာက္လုပ္ေရးကုမၸဏီတစ္ခုက ၂၀၁၁ ခုႏွစ္က ေဆာက္လုပ္ခဲ့ၿပီး ၂၀၁၃ ခုႏွစ္တြင္ ႏိုင္ငံေတာ္သို႔ အပ္ႏွံခဲ့သည့္ အေဆာက္အဦျဖစ္ကာ သက္တမ္းအားျဖင့္ ၇ ႏွစ္ေက်ာ္သာ ရွိေသးသည့္ အေဆာက္အဦးျဖစ္သည္ဟုသိရသည္။ ယင္းအျပင္ ထိုအေဆာက္အဦးကို တာဝန္ယူေဆာက္လုပ္ခဲ့သည့္ ကုမၸဏီမွာ ယခင္အစိုးရလက္ထက္ ဝန္ႀကီးေဟာင္း၏ ေဆြမ်ိဳးတစ္ဦးပိုင္ဆိုင္သည္ ဟုလည္း ေဆာက္လုပ္ေရးအသိုင္းအဝိုင္းၾကား သတင္းထြက္ေပၚေနသည္။

#Blacker

Post a Comment

Previous Post Next Post