နှာခေါင်းစည်းမတပ်ပဲ အပြင်ထွက်လျှင် နှာခေါင်းစည်း ၅၀၀၀ဖိုးဝယ်ယူရမည့်် ပြစ်ဒဏ်ချမှတ်

တနင်္သာရီတိုင်းမှာ နှာခေါင်းစည်းမတပ်ဘဲ အပြင်ထွက်ရင် ငွေ၅၀၀၀နဲ့ ညီမျှတဲ့ နှာခေါင်းစည်းများဝယ်စေတဲ့ ပြစ်ဒဏ်ချမယ်

လိုက်နာမှုတွေပျက်ကွက်တာများရင်တော့ ကူးစက်နှိမ်နင်းရေးဥပဒေနဲ့ အရေးယူသွားပါ့မယ်

ထားဝယ်၊မေ ၇ရက်

တနင်္သာရီတိုင်းမှာ နှာခေါင်းစည်းမတပ်ဘဲ အပြင်ထွက်ရင် ငွေ၅၀၀၀နဲ့ ညီမျှတဲ့ နှာခေါင်းစည်းများဝယ်စေတဲ့ ပြစ်ဒဏ်ချမယ်လို့ တိုင်းအဆင့် ကိုဗစ်ထိန်းချုပ်ရေးနဲ့အရေးပေါ်တုန့်ပြန်ရေးကော်မတီက ဒီကနေ့မှာ အသိပေး ကြေညာလိုက်ပါတယ်။

အဲ့ဒီပြစ်ဒဏ်ကို လာမယ့် မေလ ၈ရက်နေ့ကနေ စလို့ တိုင်းဒေသကြီးအတွင်းမှာ ကျင့်သုံးမှာဖြစ်ပြီး လိုက်နာမှုတွေပျက်ကွက်တာများရင်တော့ ကူးစက်နှိမ်နင်းရေးဥပဒေနဲ့ အရေးယူသွားမယ်လိို့လည်း ထည့်သွင်းကြေညာထားတာတွေ့ရပါတယ်။

တနင်္သာရီတိုင်းဟာ ဧပြီ ၂၀ရက်ကစပြီး တိုင်းထဲကို လာမယ့်သူတိုင်းကို Quarantine ၂၁ရက် နဲ့ နေအိမ်Quarantine ၇ရက် လိုက်နာဆောင်ရွက်ရမယ့် စနစ်ကိုလည်း ကျင့်သုံးနေတယ်လို့ သိရပါတယ်။

ကိုမင်း/Myanmar Harp

(Zawgyi)

ႏွာေခါင္းစည္းမတပ္ပဲ အျပင္ထြက္လွ်င္ ႏွာေခါင္းစည္း ၅၀၀၀ဖိုးဝယ္ယူရမည့္္ ျပစ္ဒဏ္ခ်မွတ္

တနသၤာရီတိုင္းမွာ ႏွာေခါင္းစည္းမတပ္ဘဲ အျပင္ထြက္ရင္ ေငြ၅၀၀၀နဲ႔ ညီမွ်တဲ့ ႏွာေခါင္းစည္းမ်ားဝယ္ေစတဲ့ ျပစ္ဒဏ္ခ်မယ္

လိုက္နာမႈေတြပ်က္ကြက္တာမ်ားရင္ေတာ့ ကူးစက္ႏွိမ္နင္းေရးဥပေဒနဲ႔ အေရးယူသြားပါ့မယ္

ထားဝယ္၊ေမ ၇ရက္

တနသၤာရီတိုင္းမွာ ႏွာေခါင္းစည္းမတပ္ဘဲ အျပင္ထြက္ရင္ ေငြ၅၀၀၀နဲ႔ ညီမွ်တဲ့ ႏွာေခါင္းစည္းမ်ားဝယ္ေစတဲ့ ျပစ္ဒဏ္ခ်မယ္လို႔ တိုင္းအဆင့္ ကိုဗစ္ထိန္းခ်ဳပ္ေရးနဲ႔အေရးေပၚတုန႔္ျပန္ေရးေကာ္မတီက ဒီကေန႔မွာ အသိေပး ေၾကညာလိုက္ပါတယ္။

အဲ့ဒီျပစ္ဒဏ္ကို လာမယ့္ ေမလ ၈ရက္ေန႔ကေန စလို႔ တိုင္းေဒသႀကီးအတြင္းမွာ က်င့္သုံးမွာျဖစ္ၿပီး လိုက္နာမႈေတြပ်က္ကြက္တာမ်ားရင္ေတာ့ ကူးစက္ႏွိမ္နင္းေရးဥပေဒနဲ႔ အေရးယူသြားမယ္လိို႔လည္း ထည့္သြင္းေၾကညာထားတာေတြ႕ရပါတယ္။

တနသၤာရီတိုင္းဟာ ဧၿပီ ၂၀ရက္ကစၿပီး တိုင္းထဲကို လာမယ့္သူတိုင္းကို Quarantine ၂၁ရက္ နဲ႔ ေနအိမ္Quarantine ၇ရက္ လိုက္နာေဆာင္႐ြက္ရမယ့္ စနစ္ကိုလည္း က်င့္သုံးေနတယ္လို႔ သိရပါတယ္။

ကိုမင္း/Myanmar Harp

Post a Comment

Previous Post Next Post