(Unicode)

နယူးယောက်က ဆံသဆရာက ဖျားလျက်ရဲ့ ဆံပင်ဆက်ညှပ်ပေးနေခဲ့တော့ လူ ၉၀ ကျော်ဟာ Contact ဖြစ်သွားခဲ့ရတယ်။ Quarantine လုပ်ကြရတော့မယ်။ ဆံသဆရာလည်း ကမ္ဘာကျော် ဖြစ်ရတော့တယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ မနေ့က သတင်းထုတ်ပြန်ချက်အရ သံသယ/ စောင့်ကြည့်လူနာများ PUI တွေရဲ့ (၁.၃%) ၊ ထိတွေ့ခဲ့သူ (Contact) တွေရဲ့ (၃.၄%) နှင့် Quarantine တွေရဲ့ (ဝ.၃%) တို့တွင် ရောဂါပိုးတွေ့သတဲ့။



ဒီတော့ မြန်မာတစ်ယောက် ဖျားပြီး ချောင်းဆိုး လည်ပင်းနာရင် ကိုဗစ်၁၉ ဖြစ်ဖို့ အနည်းဆုံး (၁.၃%) ဖြစ်နိုင်တယ်လို့ ကောက်ချက် ချလို့ ရမယ်။ ဒီတော့ ခင်ဗျား နေမကောင်းရင် ကိုဗစ်၁၉ ဖြစ်ဖို့ ၁.၃% လို့ မှတ်။

ကျန်းမာရေးဝန်ထမ်းတွေနဲ့ အပေါ်က ဆံသဆရာနဲ့ ဘာမှ မကွာဘူး။ ကျနော်တို့လည်း တစ်ရက်တစ်ရက် Service ပေးနေရတဲ့ လူနာပေါင်း အများကြီး။ ဒီတော့ ကျန်းမာရေးဝန်ထမ်း တစ်ယောက်ဟာ ဖျားနာပြီဆိုတာနဲ့ ကိုယ့်ဘာသာ Self-isolate လုပ်ရမယ်။ (ဖျားနေလို့ လူတွေနဲ့ ခွဲနေတာကို Isolate လို့ ခေါ်ပြီး နေကောင်းလျက်နဲ့ Contact ဖြစ်သွားလို့ လူတွေနဲ့ ခွဲနေတာကို Quarantine လို့ ခေါ်တယ်။)



ဖျားနေလျက်နဲ့ ဆေးရုံလာပြီး တာဝန်ထမ်းဆောင်တာမျိုး လုံးဝ မလုပ်ရဘူး။ ဆံသဆရာလို ကမ္ဘာကျော် သွားနိုင်တယ်။ ဒေးဗစ်လားလို့ နာမည်ကြီးသွားနိုင်တယ်။ ဒီတော့ ဖျားလည်းဖျားတယ်၊ ချောင်းဆိုး(သို့မဟုတ်) လည်ပင်းနာတယ် (ဖျား + ချောင်းဆိုးရင်သော်၎င်း ဒါမှမဟုတ် လည်ပင်းနာရင်သော်၎င်း) ဆိုရင် Category B ဝင်ပြီမို့ ဘယ်ဆရာဝန် ဘယ်ဆေးခန်းမှ သွားမပြပါနဲ့။ ဆေးရုံကြီးကိုသာ PUI အဖြစ်နဲ့ ချက်ခြင်းလာပြီး Swab ယူဖို့ ကြိုးစားပါ။ ချောင်းမဆိုးဘဲ ဖျားရုံသက်သက်နဲ့တောင် ကျန်းမာရေး ဝန်ထမ်းဆိုရင် Swab ယူပေးမှာပါ။

သက်ဆိုင်ရာဖက်ကလည်း ကျန်းမာရေးဝန်ထမ်းတို့ အရောင်းစာရေးတို့ ဟိုတယ်ဝန်ထမ်းတို့ ဘဏ်ဝန်ထမ်းတို့ တက်ဆီဆရာတို့ကို ဦးစားပေးပြီး ကိုဗစ်၁၉ စစ်ပေးမှာပါ။ သူတို့ဆီက ကူးစက်မှု များစေနိုင်လို့ပါ။ အချုပ်ပြောရင် လူများနဲ့ ထိတွေ့နေသူတွေ ဖျားရင် ဆေးရုံကို ချက်ခြင်းလာပါ။



(မှတ်သားဖွယ်ရာ နောက်တစ်ချက်ကတော့ မြန်မာပြည်မှာ ပိုးတွေ့တယ်လို့ ကြေငြာခဲ့သူတွေရဲ့ ၆၀% (၅ ယောက်မှာ ၃ ယောက်) ဟာ ရောဂါ လက္ခဏာ လုံးဝ မပြခဲ့ပါဘူးတဲ့။)

Maung Maung Oo

#White_Sone

(Zawgyi)

နယူးေယာက္က ဆံသဆရာက ဖ်ားလ်က္ရဲ႕ ဆံပင္ဆက္ညႇပ္ေပးေနခဲ့ေတာ့ လူ ၉၀ ေက်ာ္ဟာ Contact ျဖစ္သြားခဲ့ရတယ္။ Quarantine လုပ္ၾကရေတာ့မယ္။ ဆံသဆရာလည္း ကမာၻေက်ာ္ ျဖစ္ရေတာ့တယ္။ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ မေန႔က သတင္းထုတ္ျပန္ခ်က္အရ သံသယ/ ေစာင့္ၾကည့္လူနာမ်ား PUI ေတြရဲ႕ (၁.၃%) ၊ ထိေတြ႕ခဲ့သူ (Contact) ေတြရဲ႕ (၃.၄%) ႏွင့္ Quarantine ေတြရဲ႕ (ဝ.၃%) တို႔တြင္ ေရာဂါပိုးေတြ႕သတဲ့။



ဒီေတာ့ ျမန္မာတစ္ေယာက္ ဖ်ားၿပီး ေခ်ာင္းဆိုး လည္ပင္းနာရင္ ကိုဗစ္၁၉ ျဖစ္ဖို႔ အနည္းဆုံး (၁.၃%) ျဖစ္ႏိုင္တယ္လို႔ ေကာက္ခ်က္ ခ်လို႔ ရမယ္။ ဒီေတာ့ ခင္ဗ်ား ေနမေကာင္းရင္ ကိုဗစ္၁၉ ျဖစ္ဖို႔ ၁.၃% လို႔ မွတ္။

က်န္းမာေရးဝန္ထမ္းေတြနဲ႔ အေပၚက ဆံသဆရာနဲ႔ ဘာမွ မကြာဘူး။ က်ေနာ္တို႔လည္း တစ္ရက္တစ္ရက္ Service ေပးေနရတဲ့ လူနာေပါင္း အမ်ားႀကီး။ ဒီေတာ့ က်န္းမာေရးဝန္ထမ္း တစ္ေယာက္ဟာ ဖ်ားနာၿပီဆိုတာနဲ႔ ကိုယ့္ဘာသာ Self-isolate လုပ္ရမယ္။ (ဖ်ားေနလို႔ လူေတြနဲ႔ ခြဲေနတာကို Isolate လို႔ ေခၚၿပီး ေနေကာင္းလ်က္နဲ႔ Contact ျဖစ္သြားလို႔ လူေတြနဲ႔ ခြဲေနတာကို Quarantine လို႔ ေခၚတယ္။)



ဖ်ားေနလ်က္နဲ႔ ေဆး႐ုံလာၿပီး တာဝန္ထမ္းေဆာင္တာမ်ိဳး လုံးဝ မလုပ္ရဘူး။ ဆံသဆရာလို ကမာၻေက်ာ္ သြားႏိုင္တယ္။ ေဒးဗစ္လားလို႔ နာမည္ႀကီးသြားႏိုင္တယ္။ ဒီေတာ့ ဖ်ားလည္းဖ်ားတယ္၊ ေခ်ာင္းဆိုး(သို႔မဟုတ္) လည္ပင္းနာတယ္ (ဖ်ား + ေခ်ာင္းဆိုးရင္ေသာ္၎ ဒါမွမဟုတ္ လည္ပင္းနာရင္ေသာ္၎) ဆိုရင္ Category B ဝင္ၿပီမို႔ ဘယ္ဆရာဝန္ ဘယ္ေဆးခန္းမွ သြားမျပပါနဲ႔။ ေဆး႐ုံႀကီးကိုသာ PUI အျဖစ္နဲ႔ ခ်က္ျခင္းလာၿပီး Swab ယူဖို႔ ႀကိဳးစားပါ။ ေခ်ာင္းမဆိုးဘဲ ဖ်ား႐ုံသက္သက္နဲ႔ေတာင္ က်န္းမာေရး ဝန္ထမ္းဆိုရင္ Swab ယူေပးမွာပါ။

သက္ဆိုင္ရာဖက္ကလည္း က်န္းမာေရးဝန္ထမ္းတို႔ အေရာင္းစာေရးတို႔ ဟိုတယ္ဝန္ထမ္းတို႔ ဘဏ္ဝန္ထမ္းတို႔ တက္ဆီဆရာတို႔ကို ဦးစားေပးၿပီး ကိုဗစ္၁၉ စစ္ေပးမွာပါ။ သူတို႔ဆီက ကူးစက္မႈ မ်ားေစႏိုင္လို႔ပါ။ အခ်ဳပ္ေျပာရင္ လူမ်ားနဲ႔ ထိေတြ႕ေနသူေတြ ဖ်ားရင္ ေဆး႐ုံကို ခ်က္ျခင္းလာပါ။



(မွတ္သားဖြယ္ရာ ေနာက္တစ္ခ်က္ကေတာ့ ျမန္မာျပည္မွာ ပိုးေတြ႕တယ္လို႔ ေၾကျငာခဲ့သူေတြရဲ႕ ၆၀% (၅ ေယာက္မွာ ၃ ေယာက္) ဟာ ေရာဂါ လကၡဏာ လုံးဝ မျပခဲ့ပါဘူးတဲ့။)

Maung Maung Oo

#White_Sone

Post a Comment

Previous Post Next Post