unicode

စစ်ကိုင်းတိုင်းအတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာ စစ်ကိုင်းမြို့မှာ ၁ ဦး၊ ကလေးမြို့မှာ ၆ ဦး စုစုပေါင်း ၇ ဦးရှိပြီး ကလေးမြို့က လူနာအမျိုးသမီးတဦး ရောဂါသက်သာ‌ပျောက်ကင်းလို့ မေလ ၈ ရက်နေ့က ဆေးရုံကနေ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းအတွင်း ရောဂါပိုးတွေ့ရှိထားသူတွေထဲမှာ ပထမဆုံးဆေးရုံက ဆင်းခွင့်ရသူလည်း ဖြစ်ပါတယ်။


“လူနာအမှတ် Case -74 ရဲ့ ဓာတ်ခွဲနမူနာကို မေလ ၄ ရက်နေ့မှာ စစ်ဆေးခဲ့ရာ Negative တကြိမ်ပြခဲ့သလို မေ ၈ ရက်နေ့မှာလည်း Negative တကြိမ် ပြခဲ့တာကြောင့် COVID -19 ရောဂါပျောက်ကင်းပြီဖြစ်လို့ မေလ ၈ ရက်နေ့ ညနေပိုင်းမှ စတင်ကာ ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီ” လို့ စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။


ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးဝန်ကြီးနှင့် ပြောရေးဆိုခွင့်ရှိသူ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးတို့ကို ဆက်သွယ်ရာမှာတော့ ဆက်သွယ်လို့ မရသေးပါဘူး။ ကလေးမြို့ဆေးရုံကြီးမှာ ကျန်ရှိတဲ့ လူနာ ၅ ဦးဟာ လူနာအမှတ် ၈၈ နဲ့ ထိတွေ့ဆက်စပ်ခဲ့တဲ့ တမိသားစုအတွင်းမှ လူနာတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။ ကျန်းမာရေးနှင့် အကစားဝန်ကြီးဌာနက မေ ၉ ရက်နေ့ မနက်အထိ ထုတ်ပြန်ချက်အရ တနိုင်ငံလုံးမှာ ရောဂါပိုးတွေ့သူ ၁၇၇ ဦး၊ ပြန်လည်သက်သာလာသူပေါင်း ၆၇ ဦး၊ ဆေးရုံကဆင်းခွင့်ပြုသူ ၄၃ ဦး၊ သေဆုံးသူ ၆ ဦးရှိတယ်လို့ သိရပါတယ်။


#DVB

zawgyi

စစ္ကိုင္းတိုင္းအတြင္း ကိုဗစ္-၁၉ အတည္ျပဳလူနာ စစ္ကိုင္းၿမိဳ႕မွာ ၁ ဦး၊ ကေလးၿမိဳ႕မွာ ၆ ဦး စုစုေပါင္း ၇ ဦးရွိၿပီး ကေလးၿမိဳ႕က လူနာအမ်ိဳးသမီးတဦး ေရာဂါသက္သာ‌ေပ်ာက္ကင္းလို႔ ေမလ ၈ ရက္ေန႔က ေဆး႐ုံကေန ဆင္းခြင့္ျပဳလိုက္ၿပီျဖစ္ပါတယ္။ စစ္ကိုင္းတိုင္းအတြင္း ေရာဂါပိုးေတြ႕ရွိထားသူေတြထဲမွာ ပထမဆုံးေဆး႐ုံက ဆင္းခြင့္ရသူလည္း ျဖစ္ပါတယ္။


“လူနာအမွတ္ Case -74 ရဲ႕ ဓာတ္ခြဲနမူနာကို ေမလ ၄ ရက္ေန႔မွာ စစ္ေဆးခဲ့ရာ Negative တႀကိမ္ျပခဲ့သလို ေမ ၈ ရက္ေန႔မွာလည္း Negative တႀကိမ္ ျပခဲ့တာေၾကာင့္ COVID -19 ေရာဂါေပ်ာက္ကင္းၿပီျဖစ္လို႔ ေမလ ၈ ရက္ေန႔ ညေနပိုင္းမွ စတင္ကာ ေဆး႐ုံမွဆင္းခြင့္ျပဳလိုက္ၿပီ” လို႔ စစ္ကိုင္းတိုင္းေဒသႀကီး ကိုဗစ္ေရာဂါ ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုန႔္ျပန္ေရးေကာ္မတီရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာမွာ ေဖာ္ျပထားပါတယ္။



ဒီကိစၥနဲ႔ပတ္သက္ၿပီး စစ္ကိုင္းတိုင္းေဒသႀကီး လူမႈေရးဝန္ႀကီးႏွင့္ ေျပာေရးဆိုခြင့္ရွိသူ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီးတို႔ကို ဆက္သြယ္ရာမွာေတာ့ ဆက္သြယ္လို႔ မရေသးပါဘူး။ ကေလးၿမိဳ႕ေဆး႐ုံႀကီးမွာ က်န္ရွိတဲ့ လူနာ ၅ ဦးဟာ လူနာအမွတ္ ၈၈ နဲ႔ ထိေတြ႕ဆက္စပ္ခဲ့တဲ့ တမိသားစုအတြင္းမွ လူနာေတြ ျဖစ္တယ္လို႔လည္း သိရပါတယ္။ က်န္းမာေရးႏွင့္ အကစားဝန္ႀကီးဌာနက ေမ ၉ ရက္ေန႔ မနက္အထိ ထုတ္ျပန္ခ်က္အရ တႏိုင္ငံလုံးမွာ ေရာဂါပိုးေတြ႕သူ ၁၇၇ ဦး၊ ျပန္လည္သက္သာလာသူေပါင္း ၆၇ ဦး၊ ေဆး႐ုံကဆင္းခြင့္ျပဳသူ ၄၃ ဦး၊ ေသဆုံးသူ ၆ ဦးရွိတယ္လို႔ သိရပါတယ္။


#DVB

Post a Comment

Previous Post Next Post