တကယ်တော့မြန်မာပြည်မှာ Positive လူနာက ၇၆ ဦးပဲ ရှိတော့တာပါ။


တွက်ပြပါ့မယ်။

မေန႔ည ရလဒ်က သုံးဦး ထပ်တွေ့ပါတယ်။

အားလုံးပေါင်း positive လူနာ ၂၀၆ ဦးပါ။



Positive လူနာ ၂၀၆ ဦးမှာ ၆ဦးက ဆုံးပါးသွားတဲ့အတွက် ၂၀၀ ကျန်ပါတယ်။

အဲ့ဒီ Positive ၂၀၀ ဦးမွာrecover ပြန်ကောင်းလာတဲ့ သူက ၁၂၄ ဦးပါ။

အဲ့ဒီတော့ Positive လူနာက စုစုပေါင်း ၇၆ ဦးပဲ ရှိပါတော့တယ်။

ဟုတ်တယ် မြန်မာပြည်မှာ Positive လူနာ စုစုပေါင်း ၇၆ဦးပဲ ရှိပါတော့တယ်။



နောက်ထပ်တွေ့နေရတဲ့ positive လူနာတွေဟာLocal Transmission ပြည်တွင်း ကူးစက်မှု မဟုတ်ဘဲ ပြည်ပက ပြန်လာတဲ့ သူတွေ ပါ။

ပြောချင်တာကတော့မြန်မာပြည်ဟာ COVID-19 ကို ကောင်းကောင်း ထိန်းချုပ်နိုင်နေဆဲ ဆိုတာပါ။


မြန်မာပြည် ဆိုတာထက်အစိုးရ ရယ် ပြည်သူရယ် ပရဟိတအရပ်ဖက် အဖွဲ့အစည်း‌ တွေ ရယ် အထူးသဖြင့် နိုင်ငံ့အကြီးအကဲ ခေါင်းဆောင်ဖြစ်တဲ့ အမေ ဒေါ်အောင်ဆန်းစုကြည်‌ ရဲ့ မေတ္တာနဲ့ လမ်းပြမှုတွေကြောင့် လက်တွဲ ညီညီကျော်ဖြတ်နေတဲ့ ရလဒ်ပါပဲ။

အားလုံးပျောက်ကင်းတဲ့အထိစည်းလုံးကြပါစို့ ……..

#မင်းရသ

Post a Comment

Previous Post Next Post