(Unicode)

တိုကျိုမှာ ဆေးရုံကုတင် ၉၀ ရာခိုင်းနှုန်ကျော် ဧပြီလကုန်အထိ စာရင်းတွေအရ တိုကျိုမှာ ဆေးရုံတက်ရတဲ့ COVID-19 လူနာ ၁,၈၃၂ ဦးရှိခဲ့ပါတယ်။တိုကျိုမြို့မှာ အသင့်ပြင်ဆင်ထားတဲ့ ဆေးရုံကုတင်တွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ COVID-19 လူနာများနဲ့ ပြည့်နေပြီဖြစ်ကြောင်း ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက မေ ၁၀ ရက်နေ့မှာ ပြောပါတယ်။



ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပြောကြားမှုက ဂျပန်မှာ COVID-19 နောက်ထပ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန်လိုအပ်ကြောင်း ထင်ရှားစေခဲ့တယ်လို့ ဆိုပါတယ်။ ဝန်ကြီးဌာနရဲ့ အဆိုအရ ဧပြီ ၂၈ ရက်နေ့အထိ တိုကျိုမြို့မှာ ဆေးရုံတက်ရတဲ့ COVID-19 လူနာ ၁,၈၃၂ ဦးရှိခဲ့ကြောင်း သိရပါတယ်။



တိုကျိုမှာ COVID-19 လူနာတွေကို ဆေးရုံမှာ ကုသပေးနိုင်ရန် ကုတင် ၂,၀၀၀ ပြင်ဆင်ထားခဲ့ရာ လက်ရှိအချိန်ထိ ကုတင်အရေအတွက် ၉၁.၆ ရာခိုင်နှုန်းက ပြည့်နေခဲ့ပြီလည်း ဖြစ်ပါတယ်။ တိုကျိုမြို့တော် အာဏာပိုင်အဖွဲ့ကတော့ COVID-19 လူနာ ၄,၀၀၀ အတွက် ကုတင်များ တိုးမြှင့်ပြင်ဆင်သွားရန် ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။



“ဗိုင်းရပ်စ်က နောက်ထပ် ကူးစက်ပျံ့နှံ့နိုင်ခြေ ရှိပါတယ်၊ လက်ရှိ ကုတင် ၂,၀၀၀ ကနေ ရည်ရွယ်ထားတဲ့ ကုတင်အရေအတွက်ကို အမြန်ဆုံး တိုးမြှင့်ပြင်ဆင်ဖို့ မဖြစ်နေ လိုအပ်ပါတယ်” လို့ ကျန်းမာရေးဝန်ကြီးဌာ တာဝန်ရှိသူက Reuters သတင်းဌာနကို ပြောပါတယ်။ လက်ရှိအချိန်အထိ တိုကျိုမြို့မှာ COVID-19 ကူးစက်ခံရသူ ၅,၀၀၀ စစ်ဆေးအတည်ပြုထားပြီး ထိုအရေအတွက်ဟာ ဂျပန်တစ်နိုင်ငံလုံးမှာ ကူးစက်မှု ၁၆,၀၀၀ ဝန်းကျင်ရဲ့ သုံးပုံတစ်ပုံနီးပါးလည်း ဖြစ်နေခဲ့ကြောင်း NHK သတင်းက ဖော်ပြပါတယ်။



ဂျပန်တစ်နိုင်ငံလုံးမှာ ဧပြီ ၂၈ ရက်နေ့အထိ ဆေးရုံတက်နေရတဲ့ COVID-19 လူနာ ၅,၅၅၈ ဦးရှိကြောင်းနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာအရ ဆေးရုံကုတင် ၁၄,၄၈၆ လုံး ပြင်ဆင်ထားခဲ့ကြောင်းရာ လက်ရှိအချိန်အထိ ကုတင်အရေအတွက် ၃၈ ရာခိုင်နှုန်း ပြည့်နေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ အချက်အလက်က ဖော်ပြထားပါတယ်။ ယနေ့ (မေ ၁၁ ရက်) မနက်ပိုင်းအထိ စာရင်းတွေအရ ဂျပန်နိုင်ငံမှာ COVID-19 ကြောင့် သေဆုံးသူ ၆၀၇ ဦးနဲ့ ပြန်လည်သက်သာသူ ၅,၉၀၆ ဦးရှိခဲ့ကြောင်း သိရပါတယ်။

ဓူဝံ 

(Zawgyi)


တိုက်ိဳမွာ ေဆး႐ုံကုတင္ ၉၀ ရာခိုင္းႏႈန္ေက်ာ္ ဧၿပီလကုန္အထိ စာရင္းေတြအရ တိုက်ိဳမွာ ေဆး႐ုံတက္ရတဲ့ COVID-19 လူနာ ၁,၈၃၂ ဦးရွိခဲ့ပါတယ္။တိုက်ိဳၿမိဳ႕မွာ အသင့္ျပင္ဆင္ထားတဲ့ ေဆး႐ုံကုတင္ေတြရဲ႕ ၉၀ ရာခိုင္ႏႈန္းေက်ာ္ဟာ COVID-19 လူနာမ်ားနဲ႔ ျပည့္ေနၿပီျဖစ္ေၾကာင္း ဂ်ပန္က်န္းမာေရးဝန္ႀကီးဌာနက ေမ ၁၀ ရက္ေန႔မွာ ေျပာပါတယ္။


က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ေျပာၾကားမႈက ဂ်ပန္မွာ COVID-19 ေနာက္ထပ္ ကူးစက္ပ်ံ႕ႏွံ႔မႈကို ထိန္းခ်ဳပ္ရန္လိုအပ္ေၾကာင္း ထင္ရွားေစခဲ့တယ္လို႔ ဆိုပါတယ္။ ဝန္ႀကီးဌာနရဲ႕ အဆိုအရ ဧၿပီ ၂၈ ရက္ေန႔အထိ တိုက်ိဳၿမိဳ႕မွာ ေဆး႐ုံတက္ရတဲ့ COVID-19 လူနာ ၁,၈၃၂ ဦးရွိခဲ့ေၾကာင္း သိရပါတယ္။


တိုက်ိဳမွာ COVID-19 လူနာေတြကို ေဆး႐ုံမွာ ကုသေပးႏိုင္ရန္ ကုတင္ ၂,၀၀၀ ျပင္ဆင္ထားခဲ့ရာ လက္ရွိအခ်ိန္ထိ ကုတင္အေရအတြက္ ၉၁.၆ ရာခိုင္ႏႈန္းက ျပည့္ေနခဲ့ၿပီလည္း ျဖစ္ပါတယ္။ တိုက်ိဳၿမိဳ႕ေတာ္ အာဏာပိုင္အဖြဲ႕ကေတာ့ COVID-19 လူနာ ၄,၀၀၀ အတြက္ ကုတင္မ်ား တိုးျမႇင့္ျပင္ဆင္သြားရန္ ရည္႐ြယ္ထားတယ္လို႔ ဆိုပါတယ္။


“ဗိုင္းရပ္စ္က ေနာက္ထပ္ ကူးစက္ပ်ံ႕ႏွံ႔ႏိုင္ေျခ ရွိပါတယ္၊ လက္ရွိ ကုတင္ ၂,၀၀၀ ကေန ရည္႐ြယ္ထားတဲ့ ကုတင္အေရအတြက္ကို အျမန္ဆုံး တိုးျမႇင့္ျပင္ဆင္ဖို႔ မျဖစ္ေန လိုအပ္ပါတယ္” လို႔ က်န္းမာေရးဝန္ႀကီးဌာ တာဝန္ရွိသူက Reuters သတင္းဌာနကို ေျပာပါတယ္။ လက္ရွိအခ်ိန္အထိ တိုက်ိဳၿမိဳ႕မွာ COVID-19 ကူးစက္ခံရသူ ၅,၀၀၀ စစ္ေဆးအတည္ျပဳထားၿပီး ထိုအေရအတြက္ဟာ ဂ်ပန္တစ္ႏိုင္ငံလုံးမွာ ကူးစက္မႈ ၁၆,၀၀၀ ဝန္းက်င္ရဲ႕ သုံးပုံတစ္ပုံနီးပါးလည္း ျဖစ္ေနခဲ့ေၾကာင္း NHK သတင္းက ေဖာ္ျပပါတယ္။



ဂ်ပန္တစ္ႏိုင္ငံလုံးမွာ ဧၿပီ ၂၈ ရက္ေန႔အထိ ေဆး႐ုံတက္ေနရတဲ့ COVID-19 လူနာ ၅,၅၅၈ ဦးရွိေၾကာင္းနဲ႔ တစ္ႏိုင္ငံလုံး အတိုင္းအတာအရ ေဆး႐ုံကုတင္ ၁၄,၄၈၆ လုံး ျပင္ဆင္ထားခဲ့ေၾကာင္းရာ လက္ရွိအခ်ိန္အထိ ကုတင္အေရအတြက္ ၃၈ ရာခိုင္ႏႈန္း ျပည့္ေနၿပီျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနရဲ႕ အခ်က္အလက္က ေဖာ္ျပထားပါတယ္။ ယေန႔ (ေမ ၁၁ ရက္) မနက္ပိုင္းအထိ စာရင္းေတြအရ ဂ်ပန္ႏိုင္ငံမွာ COVID-19 ေၾကာင့္ ေသဆုံးသူ ၆၀၇ ဦးနဲ႔ ျပန္လည္သက္သာသူ ၅,၉၀၆ ဦးရွိခဲ့ေၾကာင္း သိရပါတယ္။

ဓူ၀ံ 


Post a Comment

Previous Post Next Post