(Unicode)

မနေ့န့ည ၈ နာရီ သတင်းထုတ်ပြန်ချက်အရ ထပ်တိုးတွေ့ရှိသော လူနာ Case-181 သည် ရန်ကုန်တိုင်းအလုံမြို့နယ် ဌာနရပ်ကွက် ၊ဧရာဝတီလမ်းနေ ထိုင်သူဖြစ်ပြီး လက်ရှိတွင် ၎င်းနေထိုင်ရာနေရာကို Lockdown ချရန်ဆောင်ရွက်နေကြောင်း သက်ဆိုင်ရာကျန်းမာရေးဌာနမှ အတည်ပြုသိရသည်။



မြို့နယ်ကျန်းမာရေးမှူး နှင့် အလုံရဲစခန်းတို့က ဧရာဝတီလမ်းရှိ လူနာ၏နေအိမ်ကိုlockdown ချရန်ဆောင်ရွက်နေကြောင်း ယနေ့ညတွင် အတည်ပြုပြောသည်။အဆိုပါ လူနာ Case-181 သည် အသက် ၅၂ နှစ်အရွယ်အမျိုးသမီးတစ်ဦးဖြစ်ပြီး အင်းစိန်ခဝဲခြံ ၂ လမ်းနေ လူနာနံပါတ် Case/179 နှင့်ထိတွေ့မှုရာဇဝင်ရှိထားသူဖြစ်ကြောင်း ဝန်ကြီးဌာနထုတ်ပြန်ချက်အရသိရသည်။



၎င်း Case-181 သည် ပြီးခဲ့သည့် မေ ၅ ရက်နေ့က အမေများနေ့အတွက် အင်တာဗျူးလုပ်ခဲ့ပြီး ၊ အင်တာဗျူးလုပ်ခဲ့သူများထဲတွင် Case-179 သည် တစ်ဦးအပါအဝင်ဖြစ်ကြောင်း ကနဦးအဖြစ်စုံစမ်းသိရှိရသည်။ယင်းနောက် Case -179 ထံတွင် Covid-19 ရောဂါပိုးတွေ့ရှိရပြီးနောက် မေ ၁၁ တွင် Case-181 ဖြစ်လာမည့် အသက် ၅၂ နှစ်အမျိုးသမီးသည် သမီးဖြစ်သူနှင့်အတူ သံပျင်ဆောင်တွင် Quarantine ဝင်ခဲ့သူဖြစ်ကြောင်း စုံစမ်းသိရှိရသည်။Case -179 သည် အင်းစိန်မြို့နယ် ခဝဲခြံ ၂ လမ်းနေသူဖြစ်ပြီး အသက် ၂၁ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်သည်။ယခုဖြစ်စဉ်နှင့်ပတ်သက်၍ နောက်ဆက်တွဲသတင်းကို ဆက်လက်ဖော်ပြသွားပါမည်။

Credit နန်းရတီဦး

(Zawgyi)

မေန့န႔ည ၈ နာရီ သတင္းထုတ္ျပန္ခ်က္အရ ထပ္တိုးေတြ႕ရွိေသာ လူနာ Case-181 သည္ ရန္ကုန္တိုင္းအလုံၿမိဳ႕နယ္ ဌာနရပ္ကြက္ ၊ဧရာဝတီလမ္းေန ထိုင္သူျဖစ္ၿပီး လက္ရွိတြင္ ၎ေနထိုင္ရာေနရာကို Lockdown ခ်ရန္ေဆာင္႐ြက္ေနေၾကာင္း သက္ဆိုင္ရာက်န္းမာေရးဌာနမွ အတည္ျပဳသိရသည္။



ၿမိဳ႕နယ္က်န္းမာေရးမႉး ႏွင့္ အလုံရဲစခန္းတို႔က ဧရာဝတီလမ္းရွိ လူနာ၏ေနအိမ္ကိုlockdown ခ်ရန္ေဆာင္႐ြက္ေနေၾကာင္း ယေန႔ညတြင္ အတည္ျပဳေျပာသည္။အဆိုပါ လူနာ Case-181 သည္ အသက္ ၅၂ ႏွစ္အ႐ြယ္အမ်ိဳးသမီးတစ္ဦးျဖစ္ၿပီး အင္းစိန္ခဝဲၿခံ ၂ လမ္းေန လူနာနံပါတ္ Case/179 ႏွင့္ထိေတြ႕မႈရာဇဝင္ရွိထားသူျဖစ္ေၾကာင္း ဝန္ႀကီးဌာနထုတ္ျပန္ခ်က္အရသိရသည္။



၎ Case-181 သည္ ၿပီးခဲ့သည့္ ေမ ၅ ရက္ေန႔က အေမမ်ားေန႔အတြက္ အင္တာဗ်ဴးလုပ္ခဲ့ၿပီး ၊ အင္တာဗ်ဴးလုပ္ခဲ့သူမ်ားထဲတြင္ Case-179 သည္ တစ္ဦးအပါအဝင္ျဖစ္ေၾကာင္း ကနဦးအျဖစ္စုံစမ္းသိရွိရသည္။ယင္းေနာက္ Case -179 ထံတြင္ Covid-19 ေရာဂါပိုးေတြ႕ရွိရၿပီးေနာက္ ေမ ၁၁ တြင္ Case-181 ျဖစ္လာမည့္ အသက္ ၅၂ ႏွစ္အမ်ိဳးသမီးသည္ သမီးျဖစ္သူႏွင့္အတူ သံပ်င္ေဆာင္တြင္ Quarantine ဝင္ခဲ့သူျဖစ္ေၾကာင္း စုံစမ္းသိရွိရသည္။Case -179 သည္ အင္းစိန္ၿမိဳ႕နယ္ ခဝဲၿခံ ၂ လမ္းေနသူျဖစ္ၿပီး အသက္ ၂၁ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးျဖစ္သည္။ယခုျဖစ္စဥ္ႏွင့္ပတ္သက္၍ ေနာက္ဆက္တြဲသတင္းကို ဆက္လက္ေဖာ္ျပသြားပါမည္။

Credit နန္းရတီဦး


Post a Comment

Previous Post Next Post