မွန်ပြည်နယ်မှ တစ်ဦးတည်းသော Covid-19လူနာ Case -27 ရောဂါပိုးကင်းစင်၍ ဆေးရုံမှဆင်းပြီ

#ကူညီထောက်ပံ့လှူဒါန်းခြင်းဖြင့်စိတ်ဓါတ်ခွန်အားပေး



မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကျွန်းရွာမှ ဓါတ်ခွဲအတည်ပြု ပိုးတွေ့လူနာ မစုစုမွန်(၂၄)နှစ်သည် ရောဂါပိုး(လုံးဝ)ကင်းစင်သွားပြီး ဖြစ်သည့်အတွက် ယနေ့(7.5.2020) နံနက်(11:30)အချိန်တွင် မော်လမြိုင်ပြည်သူ့ဆေးရုံကြီး Quarantine Center မှ နေအိမ်သို့ပြန်ခွင့်ရခဲ့ပြီး ဖြစ်ပါသည်။



အဆိုပါ ဆေးရုံဆင်းလူနာ အမျိုးသမီးအတွက်စိတ်ဓါတ်ခွန်အားပေးခြင်းနှင့် လတ်တလောအဆင်ပြေစေရန်အတွက်

– သာသနာနွယ်ဖောင်ဒေးရှင်း မှ အလှူငွေ (၁)သိန်းကျပ်၊ဆီ(၁၀)ပိဿာတစ်ပုံး နှင့် ဆန် (၁၂) ပြည်အိတ် (၂) အိတ်



– မွန်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဋ္ဌDrအောင်နိုင်ဦး မှအလှူငွေ (၁)သိန်းကျပ်

– ဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ မှအလှူငွေ (၅)သောင်းကျပ်နှင့် စားသောက်ဖွယ်ရာများ





– မော်လမြိုင် Rescue လူမှုကယ်ဆယ်ရေးအဖွဲ့ မှ ကော်ဖီအထုပ်ကြီး (၃၀)ထုပ်တို့ကို ဝိုင်းဝန်းကူညီထောက်ပံ့ လှူဒါန်းပေးခဲ့ကြပါသည်။



တစ်ဦးတည်းသော ပိုးတွေ့လူနာ Case-27 မှာ ရောဂါပိုးကင်းစင်၍ဆေးရုံမှ ဆင်းသွားပြီးဖြစ်သည့်အတွက် မွန်ပြည်နယ်တွင် Covid-19 ရောဂါပိုးတွေ့လူနာ တစ်ဦးမှ မရှိတော့ပါကြောင်း။



သို့ပါသော်လည်း နောက်ထပ်နောက်ထပ် Contact များ ထပ်မတွေ့စေရန် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်ပြည်နယ်အစိုးရအဖွ့ဲ၏ ဒေသန္တရ ညွှန်ကြားချက်များကို တိကျစွာလိုက်နာခြင်းဖြင့် Covid-19 ကို ဆက်လက်တွန်းလှန်ကြပါစို့။

မော်လမြိုင် RESCUE လူမှုကယ်ဆယ်ရေးအဖွဲ့

09 784 784 199

09 785 785 199

09 260 144 199

057 2021640

Zin Moe

Post a Comment

Previous Post Next Post