အမေ့ကို ခွင့်လွှတ်ပါ သားလေးရယ်..

တကယ်ဆို အမေ့ဘဝက အမေတို့ သားမိသုံးယောက်အတွက် ရပ်တည်ဖို့ ခက်ခဲလှပါပြီ။ သားလေးကို အရမ်းချစ်ပါတယ်ကွယ်.။ မေမေ့ဝမ်းနဲ့ ၉ လ လွယ်မွေးထားတာပဲသားရယ် မချစ်ပဲနေပါ့မလား။

အောက်တွင် ဗီဒီယိုဖိုင် ထည့်ထားပါသည်


အခုအခိုက်အတန့်လေးက အမေ့အတွက် တကယ်ကို ခက်ခဲနေလို့ပါ။ သားလေးကို စွန့်ပစ်ရမယ့် အသိက ရင်ကိုစူးတစ်ချောင်းလို တိုးဝင်နေတယ်။

သားလေးကို လမ်းဘေးမပစ်ရက်ပါဘူး။ သားလေးက အမေချစ်တဲ့ သားလေးပါ။ မြန်မာဇာတ်ကားထဲကလို သားလေးကို သူဌေးတွေက ကောက်ယူမွေးစားပြီး အမေတို့ထက် သာတဲ့ဘဝလေး ရစေချင်တယ်။ သားလေးကိုအမေတို့ ဘဝထဲမှာ ဒုက္ခ ခံမနေစေချင်ဘူးကွယ်။



လမ်းဘေးမှာဆို ခွေးတွေ၊ ပုရွက်ဆိတ်တွေ ကိုက်ခဲရင်း မသူတော်လက်ထဲရောက်သွားမှာလည်း အမေစိုးရိမ်တယ်။ ဒါကြောင့် အမေကိုယ်တိုင် သားလေးကို မွေးစားနိုင်လောက်တဲ့ လူတွေအနီးအနားမှာ စွန့်ပစ်ခဲ့ရမယ်။

ဒီအဖြစ်ကို မြင်သူတွေကတော့ အမေ့ကို ဆဲကောင်းဆဲကြမှာပါ ၊ အမေ့ဘဝကလည်း အမေပဲ သိပါတယ်သားရယ်။ ဘယ်မိခင်က ကိုယ့်ဝမ်းနဲ့လွယ်မွေးတဲ့ ကလေးကို ပစ်ချင်ပါ့မလဲကွယ်။

ဒီအိမ်မှာ ကားလည်း ရှိတော့ ပြေလည်ပုံပဲ။ သားတို့ သားလေးကို မွေးစားချင်ရင်လည်း မွေးစားနိုင်အောင် ၊ မမွေးစားနိုင်ရင်လည်း ပညာတတ်လူ့အသိုင်းအဝိုင်းဆိုတော့ သားလေးကို ဒုက္ခပေးမှာ မဟုတ်ပါဘူးကွယ်။



သားလေးရေ..ဒီအိမ်ရှေ့က ကားလေးထဲ နေခဲ့နော်။ သားလေးက အရမ်းလိမ်မာတယ်။ အိပ်နေတာလေးက သိုးနေတာပဲ။ အမေ မခွဲရက်ဘူးကွယ်။

ဒီကားလေးထဲမှာ ပဲ နေခဲ့နော် သားလေးရေ..။ တစ်ချိန်ကံမကုန်ရင်တော့ ပြန်ဆုံကြမှာပါ။

အဲ့ဒီအခါကြရင်တော့..သားလေးကို ခွဲထားရက်ခဲ့တဲ့ အမိုက်မ အမေရဲ့ လူရပ်ကြီးအတွက် သားလေး စိတ်ဆိုးချင်ဆိုးပါကွယ်..။

ဒါပေမယ့်..အမေ့ကိုတော့ မမုန်းပါနဲ့နော်.. အမေ့ကိုတော့ မမုန်းပါနဲ့နော် သားရယ်.။

စာရေးသူ SMT မှ ခံစားရေးဖွဲ့ပါသည်၊

Credit နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ


ဗီဒီယိုဖိုင် ကြည့်ရန် နှိပ်ပါ


 


Post a Comment

Previous Post Next Post