အခု ကိုဗစ်ကာလ မှာ ကျန်းမာရေး အသိရှိတဲ့ သူတိုင်း mask တပ် / လက်ဆေးကြပြီး ကိုဗစ်ကို ကာကွယ်နေကြတယ်ဆိုရင် မမှားပါဘူး



မြန်မာပြည်နေရာအနှံ့ နေရာတိုင်း လိုလို လက်ဆေး ဘေစင် လေးတွေ ထားပေးထားတာ တကယ်ကိုကောင်းတဲ့ အလေ့အကျင့်ဖြစ်ပါတယ်…

လူတိုင်း ကို အဆင်ပြေစေဖို့ ဒီလိုစီစဉ်ပေးထားပေမယ့် အကျင့်ပျက်တဲ့ လူတစ်ချို့လည်း ရှိနေပါသေးတယ်…



အဲ့ဒီ့အကြောင်းကို နန္ဒာ ဆိုတဲ့ ဖေ့ဘုတ်အကောင့် အသုံးပြုသူက ” အများလက်ဆေးဖို့ဘေဇင်ထားတာ ဆပ်ပြာဗူးနေ့တိုင်းပျောက်လို့ cctv ပြန်ကြည့်မှတရားခံတွေ့တယ် ” ဆိုပြီး CCTV မှတ်တမ်းနဲ့တကွ ပြန်လည်မျှဝေ ထားပါတယ်…



ဒီ Video အွန်လိုင်းမှာ ပျံ့နှံ့ လာချိန်မှာတော့ ကြည့်ရှုသူများ ဟာ ကာယကံရှင် ကိုယ်စား ရှက်ဖွယ်တိတိ ဖြစ်ခဲ့ရပါတယ်



မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိ ဆိုတဲ့ ဘုရားစကား ကို ပိုပြီး သဘောပေါက်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် … မကောင်းမှုကို သေးသေးလေးက အစ ရှောင်ရှားနိုင်ကြပါစေ

စာဖတ်သူများအနေနဲ့လည်း ဒီ Video လေးကိုကြည့်ပြီး မိမိရဲ့ ထင်မြင်ချက်ကို Comment ပေးသွားခဲ့ပါအုံးနော်

 
နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ

Post a Comment

Previous Post Next Post