(Unicode)

မေလ (၁၆)ရက်နေ့ကနေ (၂၀)ရက်နေ့ထိ ပြည်တွင်းကူးစက်မှုတွေမရှိခဲ့ပါဘူး။ယခုရက်ပိုင်းအတွင်းမှာ ပိုးတွေ့လူနာ အားလုံးက ပြည်တော်ပြန်တွေဖြစ်လို့ မြန်မာနိုင်ငံမှာ ပြည်တွင်းကူးစက်မှုတွေမတွေ့ရတော့တာက လတ်တလော ရောဂါကို ထိန်းချုပ်နိုင်တဲ့ အခြေအနေဖြစ်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှသိရပါတယ်။မေလ(၁၆)ရက်နေ့ကနေ (၂၀)ရက်နေ့ ထုတ်ပြန်ခဲ့တဲ့ ပိုးတွေ့လူနာ (၁၈)ဦးမှာ (၁၇)ဦးက ပြည်ပကပြန်လည်ရောက်ရှိလာတဲ့သူတွေဖြစ်ပါတယ်။


လတ်တလော မြန်မာနိုင်ငံမှာက ပြည်တွင်းကူးစက်မှုလည်းမရှိသလို ရောဂါပျောက်ကင်းတဲ့သူကလည်း ရောဂါပိုးရှိတဲ့ သူစာရင်းထက်များလာတာက ကောင်းတဲ့ အခြေအနေတစ်ခုပါလို့ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက Duwun ကိုပြောပါတယ်။



“ လတ်တလော အနေအထားကတော့ ဒါထိန်းချုပ်ထားနိုင်တယ်လို့ ပြောရမှာပေါ့နော်။ဒါကလည်း ပြည်သူတွေအပါအဝင် တာဝန်ရှိသူတွေအားလုံးပူးပေါင်းဆောင်ရွက်မှုပါပဲ။ သင်္ကြန်ကာလမှာ အားလုံးက Stay at Home နေခဲ့ကြတဲ့ရလဒ်တွေကြောင့် လတ်တလောထိန်းချုပ်နိုင်တဲ့ အခြေအနေပါ။ အခုဆို ပျောက်ကင်းလူနာတွေလည်း ပိုးတွေ့လူနာထက်များလာတာက ကုသရေးပိုင်းတွေကိုကော နိုင်ငံတကာရဲ့ ကုသရေးနည်းတွေအတိုင်း သူတို့နဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်ပေးနေတာပါ” လို့ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။


COVID -19 ရောဂါက ကူးစက်မြန်တဲ့ ရောဂါဖြစ်ပြီး ကမ္ဘာ့နိုင်ငံက ချမ်းသာတဲ့နိုင်ငံတွေတောင် ဒီရောဂါကပ်ဘေးကို ရုန်းကန်နေရတဲ့ အနေအထားဖြစ်လို့ မြန်မာနိုင်ငံမှာလည်း လျှော့တွက်လို့မရဘဲ ဆက်လက်အားစိုက်ရဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။ရောဂါကူးစက်မှုအခြေအနေကလည်းအချိန်နဲ့ တပြေးညီပြောင်းနိုင်ပြီး လက်ရှိထိန်းချုပ်နိုင်တဲ့ အနေအထားမှာတော့ ဒီလိုရလဒ်ကောင်းတစ်ခုရလာဖို့အတွက် နောက်ကွယ်မှာ များစွာသော လူတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေအများကြီးရှိတယ်လို့ ဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။


မေလ(၂၁)ရက်နေ့ မနက်ပိုင်းထုတ်ပြန်ချက်အထိ မြန်မာနိုင်ံငံမှာ COVID 19အတည်ပြုလူနာ (၁၉၉)ဦးရှိပြီး ရောဂါပြန်လည်ပျောက်ကင်းသူက (၁၀၈)ဦးထိရှိကာ ဆေးရုံကဆင်းခွင့်ရသူက (၉၈)ဦးထိရှိပါတယ်။

ဓူဝံ

(Zawgyi)

ေမလ (၁၆)ရက္ေန႔ကေန (၂၀)ရက္ေန႔ထိ ျပည္တြင္းကူးစက္မႈေတြမရွိခဲ့ပါဘူး။ယခုရက္ပိုင္းအတြင္းမွာ ပိုးေတြ႕လူနာ အားလုံးက ျပည္ေတာ္ျပန္ေတြျဖစ္လို႔ ျမန္မာႏိုင္ငံမွာ ျပည္တြင္းကူးစက္မႈေတြမေတြ႕ရေတာ့တာက လတ္တေလာ ေရာဂါကို ထိန္းခ်ဳပ္ႏိုင္တဲ့ အေျခအေနျဖစ္တယ္လို႔ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွသိရပါတယ္။ေမလ(၁၆)ရက္ေန႔ကေန (၂၀)ရက္ေန႔ ထုတ္ျပန္ခဲ့တဲ့ ပိုးေတြ႕လူနာ (၁၈)ဦးမွာ (၁၇)ဦးက ျပည္ပကျပန္လည္ေရာက္ရွိလာတဲ့သူေတြျဖစ္ပါတယ္။


လတ္တေလာ ျမန္မာႏိုင္ငံမွာက ျပည္တြင္းကူးစက္မႈလည္းမရွိသလို ေရာဂါေပ်ာက္ကင္းတဲ့သူကလည္း ေရာဂါပိုးရွိတဲ့ သူစာရင္းထက္မ်ားလာတာက ေကာင္းတဲ့ အေျခအေနတစ္ခုပါလို႔ က်န္းမာေရးအသိပညာျမႇင့္တင္ေရးဌာနခြဲမွ ၫႊန္ၾကားေရးမႉး ေဒါက္တာသန္းႏိုင္စိုးက Duwun ကိုေျပာပါတယ္။



“ လတ္တေလာ အေနအထားကေတာ့ ဒါထိန္းခ်ဳပ္ထားႏိုင္တယ္လို႔ ေျပာရမွာေပါ့ေနာ္။ဒါကလည္း ျပည္သူေတြအပါအဝင္ တာဝန္ရွိသူေတြအားလုံးပူးေပါင္းေဆာင္႐ြက္မႈပါပဲ။ သၾကၤန္ကာလမွာ အားလုံးက Stay at Home ေနခဲ့ၾကတဲ့ရလဒ္ေတြေၾကာင့္ လတ္တေလာထိန္းခ်ဳပ္ႏိုင္တဲ့ အေျခအေနပါ။ အခုဆို ေပ်ာက္ကင္းလူနာေတြလည္း ပိုးေတြ႕လူနာထက္မ်ားလာတာက ကုသေရးပိုင္းေတြကိုေကာ ႏိုင္ငံတကာရဲ႕ ကုသေရးနည္းေတြအတိုင္း သူတို႔နဲ႔ ခ်ိတ္ဆက္ၿပီး ေဆာင္႐ြက္ေပးေနတာပါ” လို႔ ေဒါက္တာသန္းႏိုင္စိုးက ေျပာပါတယ္။


COVID -19 ေရာဂါက ကူးစက္ျမန္တဲ့ ေရာဂါျဖစ္ၿပီး ကမာၻ႔ႏိုင္ငံက ခ်မ္းသာတဲ့ႏိုင္ငံေတြေတာင္ ဒီေရာဂါကပ္ေဘးကို ႐ုန္းကန္ေနရတဲ့ အေနအထားျဖစ္လို႔ ျမန္မာႏိုင္ငံမွာလည္း ေလွ်ာ့တြက္လို႔မရဘဲ ဆက္လက္အားစိုက္ရဦးမွာျဖစ္တယ္လို႔ ဆိုပါတယ္။ေရာဂါကူးစက္မႈအေျခအေနကလည္းအခ်ိန္နဲ႔ တေျပးညီေျပာင္းႏိုင္ၿပီး လက္ရွိထိန္းခ်ဳပ္ႏိုင္တဲ့ အေနအထားမွာေတာ့ ဒီလိုရလဒ္ေကာင္းတစ္ခုရလာဖို႔အတြက္ ေနာက္ကြယ္မွာ မ်ားစြာေသာ လူေတြရဲ႕ ႀကိဳးပမ္းအားထုတ္မႈေတြ၊ ပူးေပါင္းေဆာင္႐ြက္မႈေတြအမ်ားႀကီးရွိတယ္လို႔ ေဒါက္တာသန္းႏိုင္စိုးကေျပာပါတယ္။


ေမလ(၂၁)ရက္ေန႔ မနက္ပိုင္းထုတ္ျပန္ခ်က္အထိ ျမန္မာႏိုင္ံငံမွာ COVID 19အတည္ျပဳလူနာ (၁၉၉)ဦးရွိၿပီး ေရာဂါျပန္လည္ေပ်ာက္ကင္းသူက (၁၀၈)ဦးထိရွိကာ ေဆး႐ုံကဆင္းခြင့္ရသူက (၉၈)ဦးထိရွိပါတယ္။

ဓူ၀ံ

Post a Comment

Previous Post Next Post