(Unicode)

လှူပြီးရင်း လှူနေတဲ့ ဦးဇော်ဇော် သာဓုအကြိမ်ကြိမ်ခေါ်ဆိုပါတယ်ဗျာ။

ပုသိမ်ဆေးရုံကြီးအတွက် သိန်း ၁၅၀မလေးရှားပြန် ရောဂါကူးစက်ခံရသူမိသားစုဝင်တွေအတွက် ၅သိန်းလူမှုကူညီရေးအသင်းအဖွဲ့တွေအတွက်ဆေးရုံကား အစီး ၂၀ လှူဒါန်း


ဧရာဝတီဖောင်ဒေးရှင်းသည် COVID-19 ကုသကာကွယ်ရန် ဆောင်ရွက်နေသော ပုသိမ် အထွေထွေ ရောဂါကု ဆေးရုံကြီးမှ ဆရာဝန်၊ ဆရာမများ၊ ကျန်းမာရေး ဝန်ထမ်းများ လိုအပ်သလို အသုံးပြုနိုင်ရန်နှင့် ဆေးရုံကြီး၏ အထွေထွေလိုအပ်ချက်များ၊ ပြင်ဆင်ရန် လိုအပ်နေသော စက်ပစ္စည်းများပြန်လည်ပြုပြင်နိုင်ရန် အတွက် ငွေကျပ် သိန်း(၁၅၀) လှူဒါန်းခဲ့ပါသည်။



ထို့အတူ မလေးရှားမှ ပြန်လည် ရောက်ရှိလာသည့် COVID-19 ကူးစက်ခံရသူနှင့် ၎င်း၏မိသားစုအဆင် ပြေစေရန် ငွေကြေး (၅)သိန်း ထောက်ပံ့ ကူညီပေးခဲ့ပါသည်။

နိုင်ငံတစ်ဝှမ်းမှ ဆေးရုံများ၊ Emergency Ambulance Service (EAS) နှင့် လူမှုရေး အသင်းအဖွဲ့များသို့အရေးပေါ်လူနာသယ်ယူပို့ဆောင်နိုင်ရန် ကုသရေး ပစ္စည်းကိရိယာများ ပါဝင်သော ဆေးရုံကား အစီး (၂၀)ကျော် လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။



ထိုအထဲမှ အချို့ လူနာတင်ယာဉ်များသည် ယနေ့တိုင် အကျိုးရှိစွာ အသုံးပြုလျက်ရှိသော်လည်း အချို့မှာ ပြင် ဆင်စရိတ်အခက်အခဲကြောင့် ရပ်နားထားရသည်ကို စိတ်မကောင်းဖွယ် ကြားသိရပါသည်။



ပုသိမ်ဆေးရုံကြီးသို့လှူဒါန်းထားသော လူနာတင်ယာဉ်တစ်စီးသည်အသုံးမပြုနိုင်ဘဲကာလအတန်ကြာ ရပ်နားထားခဲ့ရာမှ ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်း ထွဋ်၏ ဦးဆောင်မှုဖြင့် ပြန်လည်ပြုပြင်နိုင်ခဲ့ရာ ဆရာဝန်ကြီးအား အထူးလေးစားကျေးဇူးတင်ရှိကြောင်းဂုဏ်ပြုဖော်ပြအပ်ပါသည်။

“အာရောဂျံ ပရမံ လာဘံ” ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဟု ဆိုရိုးရှိသကဲ့သို့ သက်ရှည် ကျန်းမာစွာ နေထိုင်ခြင်းသည် လာဘ်ကြီးတစ်ပါး ဖြစ်ပါသည်။ အလားတူပင် လူသားတို့ကတီထွင်ဖန်တီးထားသော သက်မဲ့စက်ပစ္စည်းများကိုလည်း မိမိအတွက်၊ အများအကျိုးအတွက်၊ နိုင်ငံအတွက် ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြင့် သက်တမ်းကုန်ဆုံးသည်အထိ အကျိုးရှိစွာ အသုံးပြုနိုင်ရန် လေးနက်စွာ ဆန္ဒပြုအပ်ပါသည်။

Credit ဧရာဝတီဖောင်ဒေးရှင်း

ရဲသွေးနည်

(Zawgyi)

လႉၿပီးရင္း လႉေနတဲ့ ဦးေဇာ္ေဇာ္ သာဓုအႀကိမ္ႀကိမ္ေခၚဆိုပါတယ္ဗ်ာ။

ပုသိမ္ေဆး႐ုံႀကီးအတြက္ သိန္း ၁၅၀မေလးရွားျပန္ ေရာဂါကူးစက္ခံရသူမိသားစုဝင္ေတြအတြက္ ၅သိန္းလူမႈကူညီေရးအသင္းအဖြဲ႕ေတြအတြက္ေဆး႐ုံကား အစီး ၂၀ လႉဒါန္း


ဧရာဝတီေဖာင္ေဒးရွင္းသည္ COVID-19 ကုသကာကြယ္ရန္ ေဆာင္႐ြက္ေနေသာ ပုသိမ္ အေထြေထြ ေရာဂါကု ေဆး႐ုံႀကီးမွ ဆရာဝန္၊ ဆရာမမ်ား၊ က်န္းမာေရး ဝန္ထမ္းမ်ား လိုအပ္သလို အသုံးျပဳႏိုင္ရန္ႏွင့္ ေဆး႐ုံႀကီး၏ အေထြေထြလိုအပ္ခ်က္မ်ား၊ ျပင္ဆင္ရန္ လိုအပ္ေနေသာ စက္ပစၥည္းမ်ားျပန္လည္ျပဳျပင္ႏိုင္ရန္ အတြက္ ေငြက်ပ္ သိန္း(၁၅၀) လႉဒါန္းခဲ့ပါသည္။


ထို႔အတူ မေလးရွားမွ ျပန္လည္ ေရာက္ရွိလာသည့္ COVID-19 ကူးစက္ခံရသူႏွင့္ ၎၏မိသားစုအဆင္ ေျပေစရန္ ေငြေၾကး (၅)သိန္း ေထာက္ပံ့ ကူညီေပးခဲ့ပါသည္။

ႏိုင္ငံတစ္ဝွမ္းမွ ေဆး႐ုံမ်ား၊ Emergency Ambulance Service (EAS) ႏွင့္ လူမႈေရး အသင္းအဖြဲ႕မ်ားသို႔အေရးေပၚလူနာသယ္ယူပို႔ေဆာင္ႏိုင္ရန္ ကုသေရး ပစၥည္းကိရိယာမ်ား ပါဝင္ေသာ ေဆး႐ုံကား အစီး (၂၀)ေက်ာ္ လႉဒါန္းခဲ့ၿပီး ျဖစ္ပါသည္။


ထိုအထဲမွ အခ်ိဳ႕ လူနာတင္ယာဥ္မ်ားသည္ ယေန႔တိုင္ အက်ိဳးရွိစြာ အသုံးျပဳလ်က္ရွိေသာ္လည္း အခ်ိဳ႕မွာ ျပင္ ဆင္စရိတ္အခက္အခဲေၾကာင့္ ရပ္နားထားရသည္ကို စိတ္မေကာင္းဖြယ္ ၾကားသိရပါသည္။


ပုသိမ္ေဆး႐ုံႀကီးသို႔လႉဒါန္းထားေသာ လူနာတင္ယာဥ္တစ္စီးသည္အသုံးမျပဳႏိုင္ဘဲကာလအတန္ၾကာ ရပ္နားထားခဲ့ရာမွ ေဆး႐ုံအုပ္ႀကီးေဒါက္တာသန္းမင္း ထြဋ္၏ ဦးေဆာင္မႈျဖင့္ ျပန္လည္ျပဳျပင္ႏိုင္ခဲ့ရာ ဆရာဝန္ႀကီးအား အထူးေလးစားေက်းဇူးတင္ရွိေၾကာင္းဂုဏ္ျပဳေဖာ္ျပအပ္ပါသည္။

“အာေရာဂ်ံ ပရမံ လာဘံ” က်န္းမာျခင္းသည္ လာဘ္ႀကီးတစ္ပါးဟု ဆို႐ိုးရွိသကဲ့သို႔ သက္ရွည္ က်န္းမာစြာ ေနထိုင္ျခင္းသည္ လာဘ္ႀကီးတစ္ပါး ျဖစ္ပါသည္။ အလားတူပင္ လူသားတို႔ကတီထြင္ဖန္တီးထားေသာ သက္မဲ့စက္ပစၥည္းမ်ားကိုလည္း မိမိအတြက္၊ အမ်ားအက်ိဳးအတြက္၊ ႏိုင္ငံအတြက္ ပ်က္စီးဆုံးရႈံးမႈ အနည္းဆုံးျဖင့္ သက္တမ္းကုန္ဆုံးသည္အထိ အက်ိဳးရွိစြာ အသုံးျပဳႏိုင္ရန္ ေလးနက္စြာ ဆႏၵျပဳအပ္ပါသည္။

Credit ဧရာဝတီေဖာင္ေဒးရွင္း

ရဲေသြးနည္

Post a Comment

Previous Post Next Post