(Unicode)

နိုင်ငံတွင်း မေလ(၁၉)ရက်နေ့မနက်ပိုင်းထိအတည်ပြုလူနာ (၁၉၁)ဦးရှိပါတယ်။မြန်မာနိုင်ငံမှာ COVID- 19 ရောဂါပိုးမတွေ့ရှိတဲ့ နေရာအဖြစ် ယနေ့ည ၇နာရီမတိုင်ခင်အထိ ကယားပြည်နယ်တစ်ခုသာကျန်ရှိပြီး ကျန်တဲ့ တိုင်းနဲ့ပြည်နယ်အသီးသီးမှာတော့ အတည်ပြုလူနာတွေကို တွေ့ရှိထားတာဖြစ်ပါတယ်။


နိုင်ငံအတွင်း COVID -19 ရောဂါပိုး စတင်ဖြစ်ပွားခဲ့စဉ်ကတည်းက ပိုးတွေ့လူနာ ကင်းစင်ခဲ့တဲ့ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်နဲ့ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်တို့မှာတော့ ယခုရက်ပိုင်းအတွင်းမှာ ပိုးတွေ့လူနာတွေတွေ့ရှိခဲ့တာကြောင့် ရောဂါပိုးကင်းစင်တဲ့နယ်မြေအဖြစ် ကယားပြည်နယ်တစ်ခုသာကျန်ရှိတော့တာဖြစ်ပါတယ်။


“ ကျွန်တော်တို့ကယားပြည်နယ်အတွင်းမှာတော့ မြို့နယ် (၇)ခုရှိပါတယ်။ COVID ကာကွယ်ရေးအနေနဲ့ မြို့နယ်အလိုက် အဝင်အထွက်ဂိတ်တွေကို သေချာစစ်တယ်။ ပိုးတွေ့လူနာအများဆုံးဖြစ်တဲ့ ရန်ကုန်ကလာတဲ့သူတွေကိုတော့ Quarantine ဝင်ခိုင်းတယ်။ တခြားတိုင်းနဲ့ပြည်နယ်တွေက လာရင်တော့ ကျန်းမာရေးစစ်ဆေးမှုတွေလုပ်ပြီး ဝင်ထွက်သွားလာခွင့်တွေခွင့်ပြုပါတယ်” လို့ ကယားပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။


လက်ရှိကယားပြည်နယ်မှာတော့ ပြည်ပကပြန်လာလို့ Quaranrine ထားရှိထားသူ (၁၀)ဦးကျော်ရှိပြီး အများစုက ထိုင်းကပြန်လာတဲ့သူတွေဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ COVID19 ကူးစက်ခံရသူက မေလ(၁၉)ရက်နေ့ မနက်ပိုင်းထုတ်ပြန်ချက်အထိ အတည်ပြုလူနာ (၁၉၁)ဦးရှိပြီး ရန်ကုန်တိုင်းက (၁၄၈)ဦး၊ ရှမ်းပြည်နယ်က (၇)ဦး၊ ပဲခူးတိုင်းက (၇)ဦး၊ ချင်းပြည်နယ်က (၇)ဦး၊ မန္တလေးက (၃)ဦး၊ နေပြည်တော်က (၂)ဦး၊ ကရင်ပြည်နယ်က (၂)ဦး၊ မကွေးတိုင်းက (၂)ဦး၊ ရခိုင်ပြည်နယ်က (၂)ဦး၊ ကချင်ပြည်နယ်က (၁)ဦး၊ တနင်္သာရီတိုင်းက (၁)ဦး၊ မွန်ပြည်နယ်က (၁)ဦးနဲ့ ဧရာဝတီက (၁)ဦးတို့ဖြစ်ပါတယ်။ ရောဂါပိုးတွေ့ရှိထားသူ (၁၉၁)ဦးထဲမှာ (၁၀၁)ဦး ရောဂါပိုးကင်းစင်ပြီး (၈၈)ဦးက ဆေးရုံကဆင်းခွင့်ရရှိထားပါပြီ။

ဓူဝံ

(Zawgyi)

ႏိုင္ငံတြင္း ေမလ(၁၉)ရက္ေန႔မနက္ပိုင္းထိအတည္ျပဳလူနာ (၁၉၁)ဦးရွိပါတယ္။ျမန္မာႏိုင္ငံမွာ COVID- 19 ေရာဂါပိုးမေတြ႕ရွိတဲ့ ေနရာအျဖစ္ ယေန႔ည ၇နာရီမတိုင္ခင္အထိ ကယားျပည္နယ္တစ္ခုသာက်န္ရွိၿပီး က်န္တဲ့ တိုင္းနဲ႔ျပည္နယ္အသီးသီးမွာေတာ့ အတည္ျပဳလူနာေတြကို ေတြ႕ရွိထားတာျဖစ္ပါတယ္။


ႏိုင္ငံအတြင္း COVID -19 ေရာဂါပိုး စတင္ျဖစ္ပြားခဲ့စဥ္ကတည္းက ပိုးေတြ႕လူနာ ကင္းစင္ခဲ့တဲ့ ဧရာဝတီတိုင္း၊ ရခိုင္ျပည္နယ္နဲ႔ တနသၤာရီတိုင္း၊ ကခ်င္ျပည္နယ္တို႔မွာေတာ့ ယခုရက္ပိုင္းအတြင္းမွာ ပိုးေတြ႕လူနာေတြေတြ႕ရွိခဲ့တာေၾကာင့္ ေရာဂါပိုးကင္းစင္တဲ့နယ္ေျမအျဖစ္ ကယားျပည္နယ္တစ္ခုသာက်န္ရွိေတာ့တာျဖစ္ပါတယ္။


“ ကြၽန္ေတာ္တို႔ကယားျပည္နယ္အတြင္းမွာေတာ့ ၿမိဳ႕နယ္ (၇)ခုရွိပါတယ္။ COVID ကာကြယ္ေရးအေနနဲ႔ ၿမိဳ႕နယ္အလိုက္ အဝင္အထြက္ဂိတ္ေတြကို ေသခ်ာစစ္တယ္။ ပိုးေတြ႕လူနာအမ်ားဆုံးျဖစ္တဲ့ ရန္ကုန္ကလာတဲ့သူေတြကိုေတာ့ Quarantine ဝင္ခိုင္းတယ္။ တျခားတိုင္းနဲ႔ျပည္နယ္ေတြက လာရင္ေတာ့ က်န္းမာေရးစစ္ေဆးမႈေတြလုပ္ၿပီး ဝင္ထြက္သြားလာခြင့္ေတြခြင့္ျပဳပါတယ္” လို႔ ကယားျပည္နယ္အစိုးရအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက Duwun ကိုေျပာပါတယ္။


လက္ရွိကယားျပည္နယ္မွာေတာ့ ျပည္ပကျပန္လာလို႔ Quaranrine ထားရွိထားသူ (၁၀)ဦးေက်ာ္ရွိၿပီး အမ်ားစုက ထိုင္းကျပန္လာတဲ့သူေတြျဖစ္တယ္လို႔ သိရပါတယ္။ ျမန္မာႏိုင္ငံမွာ COVID19 ကူးစက္ခံရသူက ေမလ(၁၉)ရက္ေန႔ မနက္ပိုင္းထုတ္ျပန္ခ်က္အထိ အတည္ျပဳလူနာ (၁၉၁)ဦးရွိၿပီး ရန္ကုန္တိုင္းက (၁၄၈)ဦး၊ ရွမ္းျပည္နယ္က (၇)ဦး၊ ပဲခူးတိုင္းက (၇)ဦး၊ ခ်င္းျပည္နယ္က (၇)ဦး၊ မႏၲေလးက (၃)ဦး၊ ေနျပည္ေတာ္က (၂)ဦး၊ ကရင္ျပည္နယ္က (၂)ဦး၊ မေကြးတိုင္းက (၂)ဦး၊ ရခိုင္ျပည္နယ္က (၂)ဦး၊ ကခ်င္ျပည္နယ္က (၁)ဦး၊ တနသၤာရီတိုင္းက (၁)ဦး၊ မြန္ျပည္နယ္က (၁)ဦးနဲ႔ ဧရာဝတီက (၁)ဦးတို႔ျဖစ္ပါတယ္။ ေရာဂါပိုးေတြ႕ရွိထားသူ (၁၉၁)ဦးထဲမွာ (၁၀၁)ဦး ေရာဂါပိုးကင္းစင္ၿပီး (၈၈)ဦးက ေဆး႐ုံကဆင္းခြင့္ရရွိထားပါၿပီ။

ဓူ၀ံ

Post a Comment

Previous Post Next Post