(Unicode)


ယနေ့ မေလ ၁၉ ရက်နေ့ Daily Mail ရဲ့သတင်းထုတ်ပြန်ချက်အရ ပြင်သစ်နိုင်ငံတွင် စာသင်ကျောင်းများဖွင့်လှစ်ပြီး

တစ်ပတ်အတွင်း မူလတန်းအရွယ် ကျောင်းသားတစ်ဦး COVID-19 ရောဂါ ကူးစက်ခံရမှုကြောင့် စာသင်ကျောင်းများကို ပိတ်ပစ်လိုက်ရသည်ဟုဆိုသည်။



ပြင်သစ်တွင် Lock down ကာလအပြီး စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ခဲ့ရာ ကျောင်းများဖွင့်ပြီး တစ်ပတ်အတွင်းမှာ

သူငယ်တန်းမှ ကျောင်းသားတစ်ဦး COVID-19 ရောဂါ ကူးစက်ခံရခြင်းကို တွေ့ရှိခဲ့တာကြောင့် စာသင်ကျောင်းများကို ပြန်ပိတ်လိုက်ရခြင်းဖြစ်သည်။

ပြင်သစ်နိုင်ငံ Nord ပြည်နယ် Roubaix မြို့တွင် အစိုးရကျောင်း ၇ ကျောင်းနှင့် ပုဂ္ဂလိကကျောင်း ၁ ကျောင်း စုစုပေါင်း စာသင်ကျောင်း ၈ ကျောင်းကိုပိတ်ထားရန် သက်ဆိုင်ရာကအမိန့်ထုန်ပြန်ခဲ့ပါတယ်။



ယခုလို ကျောင်း ၈ ကျောင်းကိုပိတ်ထားရခြင်းသည် အခြားကျောင်းသားများအား ရောဂါကူးစက်တာ မတွေ့ရသေးပေမယ့် ရောဂါကူးစက်ပျံ့နှံ့မှု ကာကွယ်တားဆီးရေးအစီရင်ခံစာအရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ကျောင်းတွင် အဆိုပါ COVID_19 ကူးစက်ခံရသူကလေးနှင့် အနီးကပ်ထိတွေ့ခဲ့သည့်လူတွေကိုလည်း



တာဝန်ရှိသူများက စုံစမ်းစစ်ဆေးသွားမှာဖြစ်ကြောင်းနှင့် ကျောင်းများကို မေလ ၂၅ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်နိုင်ရန် မျှော်လင့်ပါတယ်လို့ဆိုပါတယ်။

ပြင်သစ်ပညာရေးဝန်ကြီး (Jean-Michel Blanquer) ရဲ့ပြောဆိုချက်အရ Lockdown ဖြေလျှော့ပြီးနောက် လွန်ခဲ့သောရက်သတ္တပတ်အတွင်းက မူကြိုကျောင်း၊

သူငယ်တန်းကျောင်းနှင့် မူလတန်းကျောင်းများ ၄၀၀၀၀ ကျော်ကို ပြန်ဖွင့်ရန်ခွင့်ပြုချက်ထုတ်ပြန်ခဲ့ပြီး ကျောင်းများပြန်ဖွင့်ပြီးနောက်



ကျောင်းသားအယောက် ၇၀ ဝန်းကျင်လောက်ဟာ Covid-19 ရောဂါကူးစက်ခံထားရတာကို တွေ့ရှိခဲ့သည်ဟု ၎င်းကပြောကြားခဲ့ပါတယ်။

ပြင်သစ်တွင် မူလတန်းအရွယ်ကျောင်းသားပေါင်း ၁.၄ သန်းခန့်ရှိသည့်အနက် ဤအတန်းကျောင်းသားများ၏ သုံးပုံတစ်ပုံခန့် ကျောင်းသို့ပြန်တက်နေတာဖြစ်သည်ဟု ဆိုသည်။

ဆက်လက်ပြီး ရောဂါကူးစက်ခံရတဲ့ အဆင့်ကိုစဉ်းစားကြည့်ရရင် ကလေးတွေဟာ ကျောင်းစမတက်ခင်ကတည်းက ရောဂါကူးစက်ခံနေရတယ်လို့ ယူဆကြောင်း ထပ်လောင်းပြောသွားခဲ့ပါတယ်။

ကျောင်းသားများရောဂါကူးစက်ခံတွေ့ရှိရပြီး ယာယီပိတ်ပင်ထားသည့် စာသင်ကျောင်းများမှာ Pays de la Loire ပြည်နယ် Mayenne မြို့၊ Bretagne ပြည်နယ် Finistere မြို့၊

Auvergne-Rhone-Alpes ပြည်နယ် Cantal မြို့၊ Occitanie ပြည်နယ် Haute-Garonne မြို့နှင့် Herault မြို့၊ Centre-Val de Loire ပြည်နယ် Indre-et-Loire မြို့၊

Provence-Alpes-Cote d’Azur ပြည်နယ် Nice မြို့ အစရှိသောမြို့များဖြစ်ပါတယ်။

Source_Mail Online

credit – (ပိုပိုလေး)

(Zawgyi)

ယေန႔ ေမလ ၁၉ ရက္ေန႔ Daily Mail ရဲ႕သတင္းထုတ္ျပန္ခ်က္အရ ျပင္သစ္ႏိုင္ငံတြင္ စာသင္ေက်ာင္းမ်ားဖြင့္လွစ္ၿပီး

တစ္ပတ္အတြင္း မူလတန္းအ႐ြယ္ ေက်ာင္းသားတစ္ဦး COVID-19 ေရာဂါ ကူးစက္ခံရမႈေၾကာင့္ စာသင္ေက်ာင္းမ်ားကို ပိတ္ပစ္လိုက္ရသည္ဟုဆိုသည္။



ျပင္သစ္တြင္ Lock down ကာလအၿပီး စာသင္ေက်ာင္းမ်ားကို ျပန္လည္ဖြင့္လွစ္ခဲ့ရာ ေက်ာင္းမ်ားဖြင့္ၿပီး တစ္ပတ္အတြင္းမွာ

သူငယ္တန္းမွ ေက်ာင္းသားတစ္ဦး COVID-19 ေရာဂါ ကူးစက္ခံရျခင္းကို ေတြ႕ရွိခဲ့တာေၾကာင့္ စာသင္ေက်ာင္းမ်ားကို ျပန္ပိတ္လိုက္ရျခင္းျဖစ္သည္။

ျပင္သစ္ႏိုင္ငံ Nord ျပည္နယ္ Roubaix ၿမိဳ႕တြင္ အစိုးရေက်ာင္း ၇ ေက်ာင္းႏွင့္ ပုဂၢလိကေက်ာင္း ၁ ေက်ာင္း စုစုေပါင္း စာသင္ေက်ာင္း ၈ ေက်ာင္းကိုပိတ္ထားရန္ သက္ဆိုင္ရာကအမိန႔္ထုန္ျပန္ခဲ့ပါတယ္။



ယခုလို ေက်ာင္း ၈ ေက်ာင္းကိုပိတ္ထားရျခင္းသည္ အျခားေက်ာင္းသားမ်ားအား ေရာဂါကူးစက္တာ မေတြ႕ရေသးေပမယ့္ ေရာဂါကူးစက္ပ်ံ႕ႏွံ႔မႈ ကာကြယ္တားဆီးေရးအစီရင္ခံစာအရ ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုကိစၥႏွင့္ပတ္သက္၍ ေက်ာင္းတြင္ အဆိုပါ COVID_19 ကူးစက္ခံရသူကေလးႏွင့္ အနီးကပ္ထိေတြ႕ခဲ့သည့္လူေတြကိုလည္း



တာဝန္ရွိသူမ်ားက စုံစမ္းစစ္ေဆးသြားမွာျဖစ္ေၾကာင္းႏွင့္ ေက်ာင္းမ်ားကို ေမလ ၂၅ ရက္ေန႔တြင္ ျပန္လည္ဖြင့္လွစ္ႏိုင္ရန္ ေမွ်ာ္လင့္ပါတယ္လို႔ဆိုပါတယ္။

ျပင္သစ္ပညာေရးဝန္ႀကီး (Jean-Michel Blanquer) ရဲ႕ေျပာဆိုခ်က္အရ Lockdown ေျဖေလွ်ာ့ၿပီးေနာက္ လြန္ခဲ့ေသာရက္သတၱပတ္အတြင္းက မူႀကိဳေက်ာင္း၊

သူငယ္တန္းေက်ာင္းႏွင့္ မူလတန္းေက်ာင္းမ်ား ၄၀၀၀၀ ေက်ာ္ကို ျပန္ဖြင့္ရန္ခြင့္ျပဳခ်က္ထုတ္ျပန္ခဲ့ၿပီး ေက်ာင္းမ်ားျပန္ဖြင့္ၿပီးေနာက္



ေက်ာင္းသားအေယာက္ ၇၀ ဝန္းက်င္ေလာက္ဟာ Covid-19 ေရာဂါကူးစက္ခံထားရတာကို ေတြ႕ရွိခဲ့သည္ဟု ၎ကေျပာၾကားခဲ့ပါတယ္။

ျပင္သစ္တြင္ မူလတန္းအ႐ြယ္ေက်ာင္းသားေပါင္း ၁.၄ သန္းခန႔္ရွိသည့္အနက္ ဤအတန္းေက်ာင္းသားမ်ား၏ သုံးပုံတစ္ပုံခန႔္ ေက်ာင္းသို႔ျပန္တက္ေနတာျဖစ္သည္ဟု ဆိုသည္။

ဆက္လက္ၿပီး ေရာဂါကူးစက္ခံရတဲ့ အဆင့္ကိုစဥ္းစားၾကည့္ရရင္ ကေလးေတြဟာ ေက်ာင္းစမတက္ခင္ကတည္းက ေရာဂါကူးစက္ခံေနရတယ္လို႔ ယူဆေၾကာင္း ထပ္ေလာင္းေျပာသြားခဲ့ပါတယ္။

ေက်ာင္းသားမ်ားေရာဂါကူးစက္ခံေတြ႕ရွိရၿပီး ယာယီပိတ္ပင္ထားသည့္ စာသင္ေက်ာင္းမ်ားမွာ Pays de la Loire ျပည္နယ္ Mayenne ၿမိဳ႕၊ Bretagne ျပည္နယ္ Finistere ၿမိဳ႕၊

Auvergne-Rhone-Alpes ျပည္နယ္ Cantal ၿမိဳ႕၊ Occitanie ျပည္နယ္ Haute-Garonne ၿမိဳ႕ႏွင့္ Herault ၿမိဳ႕၊ Centre-Val de Loire ျပည္နယ္ Indre-et-Loire ၿမိဳ႕၊

Provence-Alpes-Cote d’Azur ျပည္နယ္ Nice ၿမိဳ႕ အစရွိေသာၿမိဳ႕မ်ားျဖစ္ပါတယ္။

Source_Mail Online

credit – (ပိုပိုေလး)

Post a Comment

Previous Post Next Post