(Unicode)

စိန့်ပီတာစဘတ်မြို့ရှိ Saint George ဆေးရုံမှာ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်တက်နေတဲ့ ရုရှားနိုင်ငံမှာ ဆေးရုံမီးလောင်မှုအတွင်း အထူးကြပ်မတ်ကုသဆောင်ထဲမှ COVID-19 လူနာ ၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ယနေ့ (မေ ၁၂ ရက်) မနက် ဒေသစံတော်ချိန် ၆ နာရီခွဲဝန်းကျင်က စိန့်ပီတာစဘတ်မြို့ရှိ Saint George ဆေးရုံမှာ အသက်ရှူစက်တစ်ခု ဝါယာရှော့ဖြစ်ရာမှ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ကြောင်း ရုရှားသတင်းဌာနက RT က ဖော်ပြထားပါတယ်။ ထိုဆေးရုံမှာ COVID-19 လူနာတွေကို ကုသပေးရန် သတ်မှတ်ထားတဲ့ ဆေးရုံဖြစ်ပြီး မီးလောင်မှုအတွင်း လူ ၁၅၀ ကို ရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။


ဆေးရုံရဲ့ ခြောက်ထပ်နေရာမှ မီးခိုးများထွက်နေတာ တွေ့ခဲ့ရပါတယ်။ မီးလောင်မှုအတွင်း ဒဏ်ရာရသူ မည်မျှရှိကြောင်း အတိအကျ မသိရသေးဘူးလို့ BBC သတင်းက ပြောပါတယ်။ ဆေးရုံမီးလောင်မှုကြောင့် သေဆုံးခဲ့တဲ့ အထူးကြပ်မတ်ကုသဆောင်မှ COVID-19 လူနာအားလုံးဟာ အသက်ရှူစက် တပ်ဆင်ထားရသူတွေလည်း ဖြစ်ပါတယ်။”အသက်ရှူစက်တွေ အလုပ်လုပ်တာက သူတို့ရဲ့ အကန့်အသတ်တွေရှိပါတယ်၊ ကနဦး စစ်ဆေးတွေ့ရှိမှုတွေအရတော့ မတန်တဆ လုပ်ဆောင်မှုကနေ မီးထလောင်ခဲ့တာပါ၊ ဒါက မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းဖြစ်ခဲ့ပါတယ်” လို့ စိန့်ပီတာစဘတ် အရေးပေါ်ဌာနမှ သတင်းရင်းမြစ်တစ်ခုက Interfax သတင်းဌာနကို ပြောပါတယ်။



ရုရှားသတင်းဝက်ဘ်ဆိုက် NTV ရဲ့ အဆိုအရ မီးလောင်မှုဟာ ဆေးရုံရဲ့ အခြား အဆောင်တွေကို ကူးစက်ခဲ့ခြင်းမရှိဘဲ COVID-19 လူနာတွေထားရှိတဲ့ ခြောက်ထပ်ရှိ အဆောင်ငယ်တစ်ခုမှာသာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဝါယာရှော့မှ အသက်ရှူစက်တစ်ခု ပေါက်ကွဲခဲ့ကြောင်းနဲ့ အဆောင်တစ်ခုလုံး မီးခိုးများပြည့်သွားခဲ့ပြီး လူနာတွေ အသက်ရှူကျပ်ခဲ့ကြကြောင်း ဆရာဝန်တွေကို ကိုးကားပြီး NTV က ဖော်ပြပါတယ်။COVID-19 ကူးစက်မှုတွေ မြင့်တက်နေတဲ့ ရုရှားနိုင်ငံမှာ အထူးသဖြင့် ပြည်နယ်တွေအတွက် အသက်ရှူစက်များ ပြတ်လပ်မှုဖြစ်နေကြောင်း သမ္မတဗလာဒီမာပူတင် ကိုယ်တိုင် ပြီးခဲ့တဲ့လအတွင်း ပြောကြားထားခဲ့ပါတယ်။ ရုရှားမှာ အသက်ရှူစက်နဲ့ mask များကို တိုးမြှင့်ထုတ်လုပ်နေပေမဲ့ ပြတ်လပ်မှုတွေရှိနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ထိုအတောအတွင်း မော်စကိုအပြင်ဘက်မှာ အသုံးပြုနေကြတဲ့ အသက်ရှူစက်တွေဟာ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ထုတ်လုပ်ထားခဲ့တာဖြစ်ပြီး ဟောင်းနွမ်းနေပြီလို့ Reuters သတင်းဌာနရဲ့ သုတေသနက ပြောပါတယ်။ ယနေ့ညပိုင်းအထိ စာရင်းတွေအရ ရုရှားနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၂၃၂,၂၄၃ ဦး၊ သေဆုံးသူ ၂,၁၁၆ ဦးနဲ့ ပြန်လည်သက်သာသူ ၄၃,၅၁၂ ဦးရှိခဲ့ကြောင်း သိရပါတယ်။



Credit Duwun

(Zawgyi)

စိန႔္ပီတာစဘတ္ၿမိဳ႕ရွိ Saint George ေဆး႐ုံမွာ မီးေလာင္မႈျဖစ္ပြားခဲ့ပါတယ္။ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈေတြ ျမင့္တက္ေနတဲ့ ႐ုရွားႏိုင္ငံမွာ ေဆး႐ုံမီးေလာင္မႈအတြင္း အထူးၾကပ္မတ္ကုသေဆာင္ထဲမွ COVID-19 လူနာ ၅ ဦး ေသဆုံးခဲ့ေၾကာင္း သိရပါတယ္။ယေန႔ (ေမ ၁၂ ရက္) မနက္ ေဒသစံေတာ္ခ်ိန္ ၆ နာရီခြဲဝန္းက်င္က စိန႔္ပီတာစဘတ္ၿမိဳ႕ရွိ Saint George ေဆး႐ုံမွာ အသက္ရႉစက္တစ္ခု ဝါယာေရွာ့ျဖစ္ရာမွ မီးေလာင္မႈ စတင္ျဖစ္ပြားခဲ့ေၾကာင္း ႐ုရွားသတင္းဌာနက RT က ေဖာ္ျပထားပါတယ္။ ထိုေဆး႐ုံမွာ COVID-19 လူနာေတြကို ကုသေပးရန္ သတ္မွတ္ထားတဲ့ ေဆး႐ုံျဖစ္ၿပီး မီးေလာင္မႈအတြင္း လူ ၁၅၀ ကို ေ႐ႊ႕ေျပာင္းေပးႏိုင္ခဲ့ပါတယ္။


ေဆး႐ုံရဲ႕ ေျခာက္ထပ္ေနရာမွ မီးခိုးမ်ားထြက္ေနတာ ေတြ႕ခဲ့ရပါတယ္။ မီးေလာင္မႈအတြင္း ဒဏ္ရာရသူ မည္မွ်ရွိေၾကာင္း အတိအက် မသိရေသးဘူးလို႔ BBC သတင္းက ေျပာပါတယ္။ ေဆး႐ုံမီးေလာင္မႈေၾကာင့္ ေသဆုံးခဲ့တဲ့ အထူးၾကပ္မတ္ကုသေဆာင္မွ COVID-19 လူနာအားလုံးဟာ အသက္ရႉစက္ တပ္ဆင္ထားရသူေတြလည္း ျဖစ္ပါတယ္။”အသက္ရႉစက္ေတြ အလုပ္လုပ္တာက သူတို႔ရဲ႕ အကန႔္အသတ္ေတြရွိပါတယ္၊ ကနဦး စစ္ေဆးေတြ႕ရွိမႈေတြအရေတာ့ မတန္တဆ လုပ္ေဆာင္မႈကေန မီးထေလာင္ခဲ့တာပါ၊ ဒါက မီးေလာင္မႈျဖစ္ပြားရတဲ့ အေၾကာင္းရင္းျဖစ္ခဲ့ပါတယ္” လို႔ စိန႔္ပီတာစဘတ္ အေရးေပၚဌာနမွ သတင္းရင္းျမစ္တစ္ခုက Interfax သတင္းဌာနကို ေျပာပါတယ္။


႐ုရွားသတင္းဝက္ဘ္ဆိုက္ NTV ရဲ႕ အဆိုအရ မီးေလာင္မႈဟာ ေဆး႐ုံရဲ႕ အျခား အေဆာင္ေတြကို ကူးစက္ခဲ့ျခင္းမရွိဘဲ COVID-19 လူနာေတြထားရွိတဲ့ ေျခာက္ထပ္ရွိ အေဆာင္ငယ္တစ္ခုမွာသာ ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။ ဝါယာေရွာ့မွ အသက္ရႉစက္တစ္ခု ေပါက္ကြဲခဲ့ေၾကာင္းနဲ႔ အေဆာင္တစ္ခုလုံး မီးခိုးမ်ားျပည့္သြားခဲ့ၿပီး လူနာေတြ အသက္ရႉက်ပ္ခဲ့ၾကေၾကာင္း ဆရာဝန္ေတြကို ကိုးကားၿပီး NTV က ေဖာ္ျပပါတယ္။COVID-19 ကူးစက္မႈေတြ ျမင့္တက္ေနတဲ့ ႐ုရွားႏိုင္ငံမွာ အထူးသျဖင့္ ျပည္နယ္ေတြအတြက္ အသက္ရႉစက္မ်ား ျပတ္လပ္မႈျဖစ္ေနေၾကာင္း သမၼတဗလာဒီမာပူတင္ ကိုယ္တိုင္ ၿပီးခဲ့တဲ့လအတြင္း ေျပာၾကားထားခဲ့ပါတယ္။ ႐ုရွားမွာ အသက္ရႉစက္နဲ႔ mask မ်ားကို တိုးျမႇင့္ထုတ္လုပ္ေနေပမဲ့ ျပတ္လပ္မႈေတြရွိေနဆဲ ျဖစ္တယ္လို႔ ဆိုပါတယ္။ထိုအေတာအတြင္း ေမာ္စကိုအျပင္ဘက္မွာ အသုံးျပဳေနၾကတဲ့ အသက္ရႉစက္ေတြဟာ ၁၉၉၀ ျပည့္လြန္ႏွစ္မ်ားအတြင္း ထုတ္လုပ္ထားခဲ့တာျဖစ္ၿပီး ေဟာင္းႏြမ္းေနၿပီလို႔ Reuters သတင္းဌာနရဲ႕ သုေတသနက ေျပာပါတယ္။ ယေန႔ညပိုင္းအထိ စာရင္းေတြအရ ႐ုရွားႏိုင္ငံမွာ COVID-19 ကူးစက္ခံရသူ ၂၃၂,၂၄၃ ဦး၊ ေသဆုံးသူ ၂,၁၁၆ ဦးနဲ႔ ျပန္လည္သက္သာသူ ၄၃,၅၁၂ ဦးရွိခဲ့ေၾကာင္း သိရပါတယ္။

Credit Duwun

Post a Comment

Previous Post Next Post