(Unicode)

အမေရိကန်နိုင်ငံမှာအသုံးပြုနေတဲ့ COVID-19 ရောဂါ အမြန်ဆုံးသက်သာစေတဲ့ Remdesivir ဆေးတွေကို မြန်မာနိုင်ငံကို ရောင်းချပေးနိုင်အောင် အဆိုပါဆေးကုမ္ပဏီကို ကမ်းလှမ်းထားတယ်လို့ အလှူရှင်တစ်ဦးဖြစ်သူ အမေရိကန်နိုင်ငံရောက် မြန်မာအထွေထွေရောဂါကုသမားတော် ဒေါက်တာ ကျော်ကျော်ဝင်း (Eric Yang) က ပြောလိုက်ပါတယ်။



မြန်မာနိုင်ငံကို Remdesivir ဆေးတွေလှူဒါန်းဖို့ အလှူရှင် သုံးဦးရှိနေပြီး အရန်အနေနဲ့ ဆေးအလုံးတစ်ထောင် ရောင်းချပေးနိုင်ဖို့ ကုမ္ပဏီကို ဆက်သွယ်ထားတယ်လို့ ဒေါက်တာကျော်ကျော်ဝင်း (Eric Yang) က ဒီနေ့မှာပြုလုပ်ခဲ့တဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗီဒီယိုတွေ့ဆုံမှုကတစ်ဆင့် တင်ပြခဲ့ပါတယ်။



“ ဒီဆေးတွေ လှူဒါန်းနိုင်ဖို့အတွက် ကျွန်တော်တို့မှာအလှူရှင်ရှိတဲ့အတွက် ကျွန်တော်က ဆေးကုမ္ပဏီကို ဆက်သွယ်တယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကူးစက်မှုနှုန်းလည်းနည်းတယ်။ ဖြစ်ပွားမှုနှုန်းလည်းနည်းတော့ မြန်မြန်ပျောက်စေချင်တော့ ကျွန်တော်တို့ကို ဦးစားပေးပါဆိုပြီးတော့ သူတို့က ကျွန်တော်တို့ နိုင်ငံရဲ့ စေတနာထက်သန်တာကို အရမ်းအံ့အားသင့်သွားပါတယ်။



CEO ကိုယ်တိုင်က ကျွန်တော့်ကို ဖုန်းဆက်ပါတယ်။ တကယ်ပဲ အလှူရှင်ရှိတာလားဆိုပြီးတော့ အလှူရှင် သုံးယောက်ရှိပါတယ်။ ဆေးအလုံးတစ်ထောင် အရန်အနေနဲ့ ရောင်းပေးပါဆိုပြီးပြောခဲ့ပါတယ်။ ကျွန်တော်က ဒါလေးကို အမေ့ကို တင်ပြချင်ပါတယ်။

အမေက ဦးဆောင်ပြီး ကျန်းမာရေးဝန်ကြီးဌာနက တစ်ဆင့် ဆေးကုမ္ပဏီကို တင်ပြထားလို့ရအောင်ပါ။ ကုမ္ပဏီဘက်ကလည်း ဂျပန်ပြီးရင် ကမ္ဘာ့နိုင်ငံအသီးသီးကိုရောင်းခွင့်ပြုခဲ့ရင် မြန်မာနိုင်ငံကို ဦးစားပေးမယ်ဆိုပြီးတော့လည်း ဆက်သွယ်လာပါတယ်။” လို့ ဒေါက်တာ ကျော်ကျော်ဝင်း (Eric Yang) ကဆိုပါတယ်။



Remdesivir ဆေးကို အမေရိကန်နိုင်ငံ၊ကယ်လ်ဖိုးနီးယားပြည်နယ် Gilead Sciences ကုမ္ပဏီက ထုတ်လုပ်ထားပြီး အမေရိကန် FDA က ခွင့်ပြုထားပြီးဖြစ်ကာ လက်ရှိ အမေရိကန်က COVID-19 ကုသပေးနိုင်တဲ့ ဆေးရုံတွေမှာ အသုံးပြုနေတယ်လို့လည်းသိရပါတယ်။

ဒါ့အပြင် ဂျပန်နိုင်ငံရဲ့ COVID-19 ကုသရေးမှာ ထိုးဆေးအဖြစ် အသုံးပြုနေတဲ့ Avigan ဆေးတွေကိုလည်း မြန်မာနိုင်ငံကို အမြန်ဆုံးတင်ပို့နိုင်အောင်လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကတစ်ဆင့် ဂျပန်ဝန်ကြီးချုပ်ကို အထူးတင်ပြရင် ပိုပြီးထိရောက်မယ်လို့ ဒေါက်တာ ကျော်ကျော်ဝင်း (Eric Yang) ကပြောခဲ့ပါတယ်။

“ ဂျပန်မှာထုတ်နေတဲ့ဆေးက ထိုးဆေးပေါ့။ ဆေးလုံးအဝါလေးတွေပါ။ သူက Positive ဖြစ်ပြီဆိုတာနဲ့ သောက်လို့ရပြီ။ အောက်ဆီဂျင်တွေ မလိုတော့ဘူး ။ မြန်မြန်သက်သာလာတယ်။ ဒီဆေးကိုလည်း အမေကနေ ဂျပန်ဝန်ကြီးချုပ်ကို Special Request လုပ်ပြီး မြန်မာနိုင်ငံကိုကူးသန်းရောင်းဝယ်ခွင့်ပြုရင် ကုသရေးပိုင်း ပိုမိုလွယ်ကူလာပါလိမ့်မယ်။” လို့ ဆိုပါတယ်။



အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုလိုတင်ပြတဲ့အပေါ် ကျေးဇူးတင်ရှိကြောင်း၊ ဒီနေ့ မေလ ၂၇ ရက် နေ့လယ်မှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးနဲ့ ပြုလုပ်မယ့် အစည်းအဝေးမှာ ဒီကိစ္စကို အဓိကထားဆွေးနွေးသွားမယ်လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။

ဂျပန်အစိုးရအနေနဲ့ မြန်မာနိုင်ငံရှိ လူပေါင်း ၁၀၀ ကို ကုသပေးနိုင်ဖို့ ဗိုင်းရပ်စ်နှိမ်နင်းရေးဆေးဝါး (Avigan) ဆေးဝါး ၁၂၂၀၀ ကို မြန်မာအစိုးရကို ထောက်ပံ့ပေးခဲ့တယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက မေလ ၂၅ ရက်က သတင်းထုတ်ပြန်ထားပါတယ်။

(Zawgyi)

အေမရိကန္ႏိုင္ငံမွာအသုံးျပဳေနတဲ့ COVID-19 ေရာဂါ အျမန္ဆုံးသက္သာေစတဲ့ Remdesivir ေဆးေတြကို ျမန္မာႏိုင္ငံကို ေရာင္းခ်ေပးႏိုင္ေအာင္ အဆိုပါေဆးကုမၸဏီကို ကမ္းလွမ္းထားတယ္လို႔ အလႉရွင္တစ္ဦးျဖစ္သူ အေမရိကန္ႏိုင္ငံေရာက္ ျမန္မာအေထြေထြေရာဂါကုသမားေတာ္ ေဒါက္တာ ေက်ာ္ေက်ာ္ဝင္း (Eric Yang) က ေျပာလိုက္ပါတယ္။


ျမန္မာႏိုင္ငံကို Remdesivir ေဆးေတြလႉဒါန္းဖို႔ အလႉရွင္ သုံးဦးရွိေနၿပီး အရန္အေနနဲ႔ ေဆးအလုံးတစ္ေထာင္ ေရာင္းခ်ေပးႏိုင္ဖို႔ ကုမၸဏီကို ဆက္သြယ္ထားတယ္လို႔ ေဒါက္တာေက်ာ္ေက်ာ္ဝင္း (Eric Yang) က ဒီေန႔မွာျပဳလုပ္ခဲ့တဲ့ အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဗီဒီယိုေတြ႕ဆုံမႈကတစ္ဆင့္ တင္ျပခဲ့ပါတယ္။


“ ဒီေဆးေတြ လႉဒါန္းႏိုင္ဖို႔အတြက္ ကြၽန္ေတာ္တို႔မွာအလႉရွင္ရွိတဲ့အတြက္ ကြၽန္ေတာ္က ေဆးကုမၸဏီကို ဆက္သြယ္တယ္။ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာ ကူးစက္မႈႏႈန္းလည္းနည္းတယ္။ ျဖစ္ပြားမႈႏႈန္းလည္းနည္းေတာ့ ျမန္ျမန္ေပ်ာက္ေစခ်င္ေတာ့ ကြၽန္ေတာ္တို႔ကို ဦးစားေပးပါဆိုၿပီးေတာ့ သူတို႔က ကြၽန္ေတာ္တို႔ ႏိုင္ငံရဲ႕ ေစတနာထက္သန္တာကို အရမ္းအံ့အားသင့္သြားပါတယ္။


CEO ကိုယ္တိုင္က ကြၽန္ေတာ့္ကို ဖုန္းဆက္ပါတယ္။ တကယ္ပဲ အလႉရွင္ရွိတာလားဆိုၿပီးေတာ့ အလႉရွင္ သုံးေယာက္ရွိပါတယ္။ ေဆးအလုံးတစ္ေထာင္ အရန္အေနနဲ႔ ေရာင္းေပးပါဆိုၿပီးေျပာခဲ့ပါတယ္။ ကြၽန္ေတာ္က ဒါေလးကို အေမ့ကို တင္ျပခ်င္ပါတယ္။

အေမက ဦးေဆာင္ၿပီး က်န္းမာေရးဝန္ႀကီးဌာနက တစ္ဆင့္ ေဆးကုမၸဏီကို တင္ျပထားလို႔ရေအာင္ပါ။ ကုမၸဏီဘက္ကလည္း ဂ်ပန္ၿပီးရင္ ကမာၻ႔ႏိုင္ငံအသီးသီးကိုေရာင္းခြင့္ျပဳခဲ့ရင္ ျမန္မာႏိုင္ငံကို ဦးစားေပးမယ္ဆိုၿပီးေတာ့လည္း ဆက္သြယ္လာပါတယ္။” လို႔ ေဒါက္တာ ေက်ာ္ေက်ာ္ဝင္း (Eric Yang) ကဆိုပါတယ္။


Remdesivir ေဆးကို အေမရိကန္ႏိုင္ငံ၊ကယ္လ္ဖိုးနီးယားျပည္နယ္ Gilead Sciences ကုမၸဏီက ထုတ္လုပ္ထားၿပီး အေမရိကန္ FDA က ခြင့္ျပဳထားၿပီးျဖစ္ကာ လက္ရွိ အေမရိကန္က COVID-19 ကုသေပးႏိုင္တဲ့ ေဆး႐ုံေတြမွာ အသုံးျပဳေနတယ္လို႔လည္းသိရပါတယ္။

ဒါ့အျပင္ ဂ်ပန္ႏိုင္ငံရဲ႕ COVID-19 ကုသေရးမွာ ထိုးေဆးအျဖစ္ အသုံးျပဳေနတဲ့ Avigan ေဆးေတြကိုလည္း ျမန္မာႏိုင္ငံကို အျမန္ဆုံးတင္ပို႔ႏိုင္ေအာင္လည္း ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ကတစ္ဆင့္ ဂ်ပန္ဝန္ႀကီးခ်ဳပ္ကို အထူးတင္ျပရင္ ပိုၿပီးထိေရာက္မယ္လို႔ ေဒါက္တာ ေက်ာ္ေက်ာ္ဝင္း (Eric Yang) ကေျပာခဲ့ပါတယ္။

“ ဂ်ပန္မွာထုတ္ေနတဲ့ေဆးက ထိုးေဆးေပါ့။ ေဆးလုံးအဝါေလးေတြပါ။ သူက Positive ျဖစ္ၿပီဆိုတာနဲ႔ ေသာက္လို႔ရၿပီ။ ေအာက္ဆီဂ်င္ေတြ မလိုေတာ့ဘူး ။ ျမန္ျမန္သက္သာလာတယ္။ ဒီေဆးကိုလည္း အေမကေန ဂ်ပန္ဝန္ႀကီးခ်ဳပ္ကို Special Request လုပ္ၿပီး ျမန္မာႏိုင္ငံကိုကူးသန္းေရာင္းဝယ္ခြင့္ျပဳရင္ ကုသေရးပိုင္း ပိုမိုလြယ္ကူလာပါလိမ့္မယ္။” လို႔ ဆိုပါတယ္။

အဲဒီေနာက္ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ အခုလိုတင္ျပတဲ့အေပၚ ေက်းဇူးတင္ရွိေၾကာင္း၊ ဒီေန႔ ေမလ ၂၇ ရက္ ေန႔လယ္မွာ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးနဲ႔ ျပဳလုပ္မယ့္ အစည္းအေဝးမွာ ဒီကိစၥကို အဓိကထားေဆြးေႏြးသြားမယ္လို႔ ျပန္လည္ေျပာၾကားခဲ့ပါတယ္။

ဂ်ပန္အစိုးရအေနနဲ႔ ျမန္မာႏိုင္ငံရွိ လူေပါင္း ၁၀၀ ကို ကုသေပးႏိုင္ဖို႔ ဗိုင္းရပ္စ္ႏွိမ္နင္းေရးေဆးဝါး (Avigan) ေဆးဝါး ၁၂၂၀၀ ကို ျမန္မာအစိုးရကို ေထာက္ပံ့ေပးခဲ့တယ္လို႔လည္း ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ပန္သံ႐ုံးက ေမလ ၂၅ ရက္က သတင္းထုတ္ျပန္ထားပါတယ္။

Credit Original

Post a Comment

Previous Post Next Post