(Unicode)

မေ ၁၈ ရက်တွင် Grade-4 နှင့် Grade-7 ဆရာကိုင် သင်ရိုးသစ် အွန်လိုင်းသင်တန်းများကို တစ်နိုင်ငံလုံးရှိ ဆရာ၊ ဆရာမများအား ပို့ချပေးမည်ဖြစ်ပြီး ထိုရက်တွင် သင်ရိုးနှင့်ပတ်သက်ပြီး အများသူငှာသိရှိစေရန် မီဒီယာများ မှတစ်ဆင့် ထုတ်ပြန်ပေးသွားမည်ဟု အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာတင်မောင်ဝင်းက ပြောသည်။


မေ ၁၁၊ ၁၂ရက်နှင့် ၁၅ရက်တွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းမော်ထွန်းနှင့် ပြည်နယ်နှင့် တိုင်း တစ်ခုလျှင် ဆရာ၊ဆရာမ ၆ဦး စုစုပေါင်း ဦးရေ ၁၀၀ ကျော်ဖြင့် Myanmar Digital Eduction Platform (MDEP)ကို မိတ်ဆက်ခဲ့သည်။ အဆိုပါ အွန်လိုင်း ဝက်ဘ်ဆိုက် အသုံးပြုပုံ၊ DBE Boxမှတစ်ဆင့်အသုံးပြုပုံ၊ သင်ယူမှု၊ သင်ကြားနည်းပညာများနှင့် အခြားအခက်ခဲများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။


ဆရာ၊ဆရာမများဘက်မှ တင်ပြလာသည့် အချက်များအား ပြင်ဆင်ပြီးပါက လာမည့် တနင်္လာနေ့တွင်(၁၈ရက်)တွင် 0nline နှင့် Offline နှစ်ရပ်စလုံး အသုံးပြုနိုင်မည့် MDEP စနစ်ကို မိတ်ဆက်ပေးမည်ဟု ဒေါက်တာတင်မောင်ဝင်းက ပြောသည်။“မနက်အစည်းအဝေး တစ်ရက်ကျန်သေးတယ်။ အဲမှာ ဆရာ၊ဆရာမတွေဘက်က အခက်ခဲတွေ ပြောကြမယ်။ ပြင်ဆင်ဖို့ရှိရင်လည်း ၂ရက်နဲ့ပြီးပါတယ်။ ၁၈ရက်နဲ့ အလွန်ဆုံး ၁၉ရက်လောက်ဆိုရင် Grade-4 နှင့် Grade-7 သင်တန်း စဖို့ ရှိပါတယ်’’ဟု ဒေါက်တာတင်မောင်ဝင်းက ပြောသည်။


အင်တာနက်မလိုဘဲ Offlineဖြင့် အသုံးပြုမည်ဆိုပါက မိမိကျောင်းတွင် ပညာရေးဝန်ကြီးဌာနက တပ်ဆင်ပေးထားသော DBE Box ရှိရမည်။ယင်း DBE Box ရှိသူများက ဖုန်း Hot Spot ဖြင့်ချိတ်ဆက်ပြီး အသုံးပြုရသည်။ ယင်းစက်ကို ၂၀၁၉ နှစ်ကုန်ပိုင်းက နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးရှိကျောင်း ၆၀ တွင် စမ်းသပ် တပ်ဆင်ခဲ့ကာ စုစုပေါင်း စက် ၁၂၀ တပ်ဆင်ထားသည်။ ယခုနှစ်ပိုင်းအတွင်း ကချင်၊ ကရင်နှင့် ရှမ်းတောင်ပိုင်းရှိ ကျောင်း ၁၀၀ တွင် DBE Box တပ်ဆင်သွားမည်ဟု ဒေါက်တာတင်မောင်ဝင်းကပြောသည်။


Grade-4 နှင့် Grade-7 ဆရာကိုင်သင်ရိုးသစ် အွန်လိုင်းသင်တန်းတက်ရောက်မည့် ဆရာ၊ဆရာများအား တယ်လီနောအင်တာနက် ၆လ အခမဲ့သုံးစွဲခွင့် ပေးထားမည်ဖြစ်သည်။ အခမဲ့ဒေတာဟုဆိုသော်လည်း ကန့်သတ်ချက်ရှိ ကြောင်း၊ ဝက်ဘ်ဆိုက်နှင့် ဗီဒီယို ကလစ်များ ကြည့်ရှုရန် မဂ္ဂါဗိုက်နှင့်ဖြစ်စေ၊ အခြားပုံစံ တစ်ခုခုနှင့် ဖြစ်စေလည်း ဖြစ်နိုင်ကြောင်း ဒေါက်တာတင်မောင်ဝင်းက ပြောသည်။


“တယ်လီနောက သူလိုင်းအားနည်းနည်း ပိုလည်းကောင်းသလို နေရာအတော်များများမှာ သုံးလို့ရတယ်။ ဇီးရိုး ဒေတာပုံစံ မျိုးသုံးရမှာပါ။ ဒေတာ ကန့်သတ်ချက် အနေနဲ့က တစ်ရက်ကို မဂ္ဂါဗိုက် ဘယ်လောက်ပေးမယ်ဆိုပြီး သတ်မှတ်နိုင်သလို အခြားပုံစံတစ်ခုခုလည်းဖြစ်နိုင်တယ် အသေးစိတ်ကို ဝက်ဘ်ဆိုက်မှာ ကြေညာပေးပါမယ်’’ဟု ဒေါက်တာတင်မောင်ဝင်းကပြောသည်။


ယခုနှစ်တွင် သင်ရိုးသစ် အတန်း ၃ တန်းပြောင်းလဲထားပြီးGrade-10 သင်တန်းကို နောက်ဆုံးမှသာ ခေါ်ယူမည်ဖြစ်သည်။ Grade-4 နှင့် Grade-7 ဆရာကိုင် သင်တန်းပြီးသော အချိန်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အမှတ်ခြစ်ပြီးစီးချိန်နှင့် အချိန်ကိုက်ခေါ်ယူခြင်းဖြစ်ြပ်ီး ထို့နောက် Grade-10 သစ်ရိုးသစ် အွန်လိုင်းသင်တန်းတက်ရမည်ဟု ဒေါက်တာ တင်မောင်ဝင်းက ပြောသည်။


သင်ရိုးသစ် အွန်လိုင်းသင်တန်းများပြီးဆုံးလျှင် ဘာသာရပ်အလိုက်သင်ကြားရမည့် လက်တွေ့ သင်ခန်းစာများကို နည်းပြများနှင့် မျက်နှာချင်းဆိုင် စာသင်ခန်းအတွင်း သင်ကြားရဦးမည်ဖြစ်ပြီး နှစ်ပတ်အချိန်ယူသော ထိုသင်တန်းကို ၅ ရက်သာ တက်ရမည်ဟု ဒေါက်တာတင်မောင်ဝင်းကပြောသည်။

မြန်မာတိုင်းမ်


(Zawgyi)

ေမ ၁၈ ရက္တြင္ Grade-4 ႏွင့္ Grade-7 ဆရာကိုင္ သင္႐ိုးသစ္ အြန္လိုင္းသင္တန္းမ်ားကို တစ္ႏိုင္ငံလုံးရွိ ဆရာ၊ ဆရာမမ်ားအား ပို႔ခ်ေပးမည္ျဖစ္ၿပီး ထိုရက္တြင္ သင္႐ိုးႏွင့္ပတ္သက္ၿပီး အမ်ားသူငွာသိရွိေစရန္ မီဒီယာမ်ား မွတစ္ဆင့္ ထုတ္ျပန္ေပးသြားမည္ဟု အေျခခံပညာဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉး ေဒါက္တာတင္ေမာင္ဝင္းက ေျပာသည္။


ေမ ၁၁၊ ၁၂ရက္ႏွင့္ ၁၅ရက္တြင္ ေနျပည္ေတာ္ရွိ ပညာေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးဦးဝင္းေမာ္ထြန္းႏွင့္ ျပည္နယ္ႏွင့္ တိုင္း တစ္ခုလွ်င္ ဆရာ၊ဆရာမ ၆ဦး စုစုေပါင္း ဦးေရ ၁၀၀ ေက်ာ္ျဖင့္ Myanmar Digital Eduction Platform (MDEP)ကို မိတ္ဆက္ခဲ့သည္။ အဆိုပါ အြန္လိုင္း ဝက္ဘ္ဆိုက္ အသုံးျပဳပုံ၊ DBE Boxမွတစ္ဆင့္အသုံးျပဳပုံ၊ သင္ယူမႈ၊ သင္ၾကားနည္းပညာမ်ားႏွင့္ အျခားအခက္ခဲမ်ားအား ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ဆရာ၊ဆရာမမ်ားဘက္မွ တင္ျပလာသည့္ အခ်က္မ်ားအား ျပင္ဆင္ၿပီးပါက လာမည့္ တနလၤာေန႔တြင္(၁၈ရက္)တြင္ 0nline ႏွင့္ Offline ႏွစ္ရပ္စလုံး အသုံးျပဳႏိုင္မည့္ MDEP စနစ္ကို မိတ္ဆက္ေပးမည္ဟု ေဒါက္တာတင္ေမာင္ဝင္းက ေျပာသည္။“မနက္အစည္းအေဝး တစ္ရက္က်န္ေသးတယ္။ အဲမွာ ဆရာ၊ဆရာမေတြဘက္က အခက္ခဲေတြ ေျပာၾကမယ္။ ျပင္ဆင္ဖို႔ရွိရင္လည္း ၂ရက္နဲ႔ၿပီးပါတယ္။ ၁၈ရက္နဲ႔ အလြန္ဆုံး ၁၉ရက္ေလာက္ဆိုရင္ Grade-4 ႏွင့္ Grade-7 သင္တန္း စဖို႔ ရွိပါတယ္’’ဟု ေဒါက္တာတင္ေမာင္ဝင္းက ေျပာသည္။


အင္တာနက္မလိုဘဲ Offlineျဖင့္ အသုံးျပဳမည္ဆိုပါက မိမိေက်ာင္းတြင္ ပညာေရးဝန္ႀကီးဌာနက တပ္ဆင္ေပးထားေသာ DBE Box ရွိရမည္။ယင္း DBE Box ရွိသူမ်ားက ဖုန္း Hot Spot ျဖင့္ခ်ိတ္ဆက္ၿပီး အသုံးျပဳရသည္။ ယင္းစက္ကို ၂၀၁၉ ႏွစ္ကုန္ပိုင္းက ေနျပည္ေတာ္၊ ရန္ကုန္ႏွင့္ မႏၲေလးရွိေက်ာင္း ၆၀ တြင္ စမ္းသပ္ တပ္ဆင္ခဲ့ကာ စုစုေပါင္း စက္ ၁၂၀ တပ္ဆင္ထားသည္။ ယခုႏွစ္ပိုင္းအတြင္း ကခ်င္၊ ကရင္ႏွင့္ ရွမ္းေတာင္ပိုင္းရွိ ေက်ာင္း ၁၀၀ တြင္ DBE Box တပ္ဆင္သြားမည္ဟု ေဒါက္တာတင္ေမာင္ဝင္းကေျပာသည္။


Grade-4 ႏွင့္ Grade-7 ဆရာကိုင္သင္႐ိုးသစ္ အြန္လိုင္းသင္တန္းတက္ေရာက္မည့္ ဆရာ၊ဆရာမ်ားအား တယ္လီေနာအင္တာနက္ ၆လ အခမဲ့သုံးစြဲခြင့္ ေပးထားမည္ျဖစ္သည္။ အခမဲ့ေဒတာဟုဆိုေသာ္လည္း ကန႔္သတ္ခ်က္ရွိ ေၾကာင္း၊ ဝက္ဘ္ဆိုက္ႏွင့္ ဗီဒီယို ကလစ္မ်ား ၾကည့္ရႈရန္ မဂၢါဗိုက္ႏွင့္ျဖစ္ေစ၊ အျခားပုံစံ တစ္ခုခုႏွင့္ ျဖစ္ေစလည္း ျဖစ္ႏိုင္ေၾကာင္း ေဒါက္တာတင္ေမာင္ဝင္းက ေျပာသည္။


“တယ္လီေနာက သူလိုင္းအားနည္းနည္း ပိုလည္းေကာင္းသလို ေနရာအေတာ္မ်ားမ်ားမွာ သုံးလို႔ရတယ္။ ဇီး႐ိုး ေဒတာပုံစံ မ်ိဳးသုံးရမွာပါ။ ေဒတာ ကန႔္သတ္ခ်က္ အေနနဲ႔က တစ္ရက္ကို မဂၢါဗိုက္ ဘယ္ေလာက္ေပးမယ္ဆိုၿပီး သတ္မွတ္ႏိုင္သလို အျခားပုံစံတစ္ခုခုလည္းျဖစ္ႏိုင္တယ္ အေသးစိတ္ကို ဝက္ဘ္ဆိုက္မွာ ေၾကညာေပးပါမယ္’’ဟု ေဒါက္တာတင္ေမာင္ဝင္းကေျပာသည္။


ယခုႏွစ္တြင္ သင္႐ိုးသစ္ အတန္း ၃ တန္းေျပာင္းလဲထားၿပီးGrade-10 သင္တန္းကို ေနာက္ဆုံးမွသာ ေခၚယူမည္ျဖစ္သည္။ Grade-4 ႏွင့္ Grade-7 ဆရာကိုင္ သင္တန္းၿပီးေသာ အခ်ိန္၊ တကၠသိုလ္ဝင္တန္းစာေမးပြဲ အမွတ္ျခစ္ၿပီးစီးခ်ိန္ႏွင့္ အခ်ိန္ကိုက္ေခၚယူျခင္းျဖစ္ျပ္ီး ထို႔ေနာက္ Grade-10 သစ္႐ိုးသစ္ အြန္လိုင္းသင္တန္းတက္ရမည္ဟု ေဒါက္တာ တင္ေမာင္ဝင္းက ေျပာသည္။


သင္႐ိုးသစ္ အြန္လိုင္းသင္တန္းမ်ားၿပီးဆုံးလွ်င္ ဘာသာရပ္အလိုက္သင္ၾကားရမည့္ လက္ေတြ႕ သင္ခန္းစာမ်ားကို နည္းျပမ်ားႏွင့္ မ်က္ႏွာခ်င္းဆိုင္ စာသင္ခန္းအတြင္း သင္ၾကားရဦးမည္ျဖစ္ၿပီး ႏွစ္ပတ္အခ်ိန္ယူေသာ ထိုသင္တန္းကို ၅ ရက္သာ တက္ရမည္ဟု ေဒါက္တာတင္ေမာင္ဝင္းကေျပာသည္။

ျမန္မာတိုင္းမ္

Post a Comment

Previous Post Next Post