(Unicode)

မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်နဲ့ သရက်မြို့နယ်က ဆေးရုံတွေမှာ မေလ ၁၈ ရက်နေ့ထိ Heat Stroke လူနာ ၄ ဦးတက်ရောက်ပြီး တစ်ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီဌာနကနေ သိရပါတယ်။



မကွေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ” သေဆုံးခဲ့တဲ့ လူနာဟာ နဂိုရောဂါအခံရှိပြီး သက်ဆိုင်ရာ ဆရာဝန်ကြီးတွေက အပူချိန်မြင့်မားမှုနဲ့ဆက်စပ်တယ်လို့ ယူဆထားပါတယ်။ အပူချိန်မြင့်မားမှုနဲ့ ပတ်သက်လို့ အသက်ကြီးတဲ့သူတွေ၊ အသက်ငယ်ရွယ်တဲ့ကလေးတွေ ဂရုစိုက်ဖို့လိုအပ်ပါတယ်။ ဒါ့အပြင် အရက်အလွန်အကျွံသောက်သုံးတဲ့သူတွေအတွက် အန္တရာယ်များပြီး သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါအခံရှိတဲ့သူတွေ သတိထားဖို့ လိုပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။


မကွေးတိုင်းဒေသကြီးဟာ မြန်မာနိုင်ငံမှာ အပူချိန်အမြင့်မားဆုံးဒေသဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွေက သက်ကြီးရွယ်အိုတွေ နားခိုနိုင်အောင် အပူရှောင်စခန်းတွေဖွင့်လှစ်ပေးခဲ့ပေမဲ့ အခုနှစ်မှာတော့ COVID-19 ရောဂါအခြေအနေကြောင့် ဖွင့်လှစ်နိုင်ခြင်းမရှိပါဘူး။

ဒီဗွီဘီ

(Zawgyi)

မေကြးတိုင္းေဒသႀကီး ေခ်ာက္ၿမိဳ႕နယ္နဲ႔ သရက္ၿမိဳ႕နယ္က ေဆး႐ုံေတြမွာ ေမလ ၁၈ ရက္ေန႔ထိ Heat Stroke လူနာ ၄ ဦးတက္ေရာက္ၿပီး တစ္ဦး ေသဆုံးခဲ့တယ္လို႔ ျပည္သူ႔က်န္းမာေရးဦးစီဌာနကေန သိရပါတယ္။


မေကြးတိုင္း ျပည္သူ႔က်န္းမာေရးဦးစီဌာန လက္ေထာက္ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ေမာင္သန္းက ” ေသဆုံးခဲ့တဲ့ လူနာဟာ နဂိုေရာဂါအခံရွိၿပီး သက္ဆိုင္ရာ ဆရာဝန္ႀကီးေတြက အပူခ်ိန္ျမင့္မားမႈနဲ႔ဆက္စပ္တယ္လို႔ ယူဆထားပါတယ္။ အပူခ်ိန္ျမင့္မားမႈနဲ႔ ပတ္သက္လို႔ အသက္ႀကီးတဲ့သူေတြ၊ အသက္ငယ္႐ြယ္တဲ့ကေလးေတြ ဂ႐ုစိုက္ဖို႔လိုအပ္ပါတယ္။ ဒါ့အျပင္ အရက္အလြန္အကြၽံေသာက္သုံးတဲ့သူေတြအတြက္ အႏၲရာယ္မ်ားၿပီး ေသြးတိုး၊ ဆီးခ်ိဳ၊ ႏွလုံးေရာဂါအခံရွိတဲ့သူေတြ သတိထားဖို႔ လိုပါတယ္” လို႔ ဒီဗြီဘီကို ေျပာပါတယ္။

မေကြးတိုင္းေဒသႀကီးဟာ ျမန္မာႏိုင္ငံမွာ အပူခ်ိန္အျမင့္မားဆုံးေဒသျဖစ္ၿပီး ၿပီးခဲ့တဲ့ႏွစ္ေတြက သက္ႀကီး႐ြယ္အိုေတြ နားခိုႏိုင္ေအာင္ အပူေရွာင္စခန္းေတြဖြင့္လွစ္ေပးခဲ့ေပမဲ့ အခုႏွစ္မွာေတာ့ COVID-19 ေရာဂါအေျခအေနေၾကာင့္ ဖြင့္လွစ္ႏိုင္ျခင္းမရွိပါဘူး။

ဒီဗီြဘီ

Post a Comment

Previous Post Next Post