(Unicode)

ရောဂါသက်သာပျောက်ကင်းလို့ ဆေးရုံကဆင်းခွင့်ရထားတဲ့လူနာ နံပါတ်(၃၃)ဟာ ပင်ကိုယ်ရောဂါအခံကြောင့် အမောဖောက်လာတဲ့အတွက် ဝေဘာဂီဆေးရုံမှာ ဆေးကုသမှုပြန်လည်ခံယူနေရတယ်လို့ သိရပါတယ်။ လူနာက ရွှေပြည်သာမြို့နယ်က အသက်(၂၉)နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး ကျန်းမာရေးကောင်းမွန်လာတာတဲ့အတွက် မေလ (၁)ရက်နေ့က ဆေးရုံကဆင်းခွင့်ရထားပြီး ဆေးရုံမှာပဲ အသွားအလာကန့်သတ်စောင့်ကြည့်ခံနေတာဖြစ်ပါတယ်။

“ ဟုတ်ပါတယ်။ လူနာနံပါတ်(၃၃)က ICU ပြန်ဝင်သွားပါတယ်။ သူက နှစ်ကြိမ်ဆက်တိုက်ပိုးမတွေ့လို့ ဆေးရုံက ဆင်းခွင့်ရထားတဲ့ စာရင်းထဲပါထားတာ။ ဒါပေမယ့် လူနာမှာက အဆုတ်ရောဂါအခံရှိတယ်။ ရောဂါအခံရှိတော့ မနေ့ကစပြီး အမောဖောက်လာတယ် အောက်စီဂျင် ကျလာတဲ့အတွက် ICU ထဲပြန်ရောက်သွားတယ်။ ICU ထဲမှာဆိုတော့ စိုးရိမ်ရတဲ့ အနေအထားမှာရှိနေပါတယ်” လို့ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။


လူနာ နံပါတ်(၃၃)က ဧပြီလ(၇)ရက်နေ့ကစပြီး ဖျားနာ၊ ချောင်းဆိုးတဲ့ လက္ခဏာတွေပေါ်ပေါက်ခဲ့လို့ ဧပြီလ(၁၁)ရက်နေ့မှာ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ရောဂါပိုးတွေ့ရှိပြီးနောက်ပိုင်း စစ်ဆေးချက်အရ နှစ်ကြိမ်ဆက်တိုက်ပိုးမတွေ့ခဲ့လို့ ဆေးရုံကဆင်းခွင့်ရရှိခဲ့ပေမယ့် လက်ရှိမှာ ကျန်းမာရေးအခြေအနေက စိုးရိမ်ရတဲ့ အနေအထားမှာရှိနေတယ်လို့ သိရပါတယ်။ နိုင်ငံအတွင်း COVID 19 အတည်ပြုလူနာတွေထဲကနေ ဆေးရုံကဆင်းခွင့်ရပြီးနောက် ICU ခန်းမှာ ပြန်လည်ကြပ်မတ်ကုသမှုခံရမှုကတော့ လူနာနံပါတ် (၃၃)က ပထမဆုံးလူနာဖြစ်ပါတယ်။

Credit DUWUN

(Zawgyi)

ေရာဂါသက္သာေပ်ာက္ကင္းလို႔ ေဆး႐ုံကဆင္းခြင့္ရထားတဲ့လူနာ နံပါတ္(၃၃)ဟာ ပင္ကိုယ္ေရာဂါအခံေၾကာင့္ အေမာေဖာက္လာတဲ့အတြက္ ေဝဘာဂီေဆး႐ုံမွာ ေဆးကုသမႈျပန္လည္ခံယူေနရတယ္လို႔ သိရပါတယ္။ လူနာက ေ႐ႊျပည္သာၿမိဳ႕နယ္က အသက္(၂၉)ႏွစ္အ႐ြယ္ အမ်ိဳးသမီးျဖစ္ၿပီး က်န္းမာေရးေကာင္းမြန္လာတာတဲ့အတြက္ ေမလ (၁)ရက္ေန႔က ေဆး႐ုံကဆင္းခြင့္ရထားၿပီး ေဆး႐ုံမွာပဲ အသြားအလာကန႔္သတ္ေစာင့္ၾကည့္ခံေနတာျဖစ္ပါတယ္။

“ ဟုတ္ပါတယ္။ လူနာနံပါတ္(၃၃)က ICU ျပန္ဝင္သြားပါတယ္။ သူက ႏွစ္ႀကိမ္ဆက္တိုက္ပိုးမေတြ႕လို႔ ေဆး႐ုံက ဆင္းခြင့္ရထားတဲ့ စာရင္းထဲပါထားတာ။ ဒါေပမယ့္ လူနာမွာက အဆုတ္ေရာဂါအခံရွိတယ္။ ေရာဂါအခံရွိေတာ့ မေန႔ကစၿပီး အေမာေဖာက္လာတယ္ ေအာက္စီဂ်င္ က်လာတဲ့အတြက္ ICU ထဲျပန္ေရာက္သြားတယ္။ ICU ထဲမွာဆိုေတာ့ စိုးရိမ္ရတဲ့ အေနအထားမွာရွိေနပါတယ္” လို႔ က်န္းမာေရးအသိပညာျမႇင့္တင္ေရးဌာနခြဲမွ ၫႊန္ၾကားေရးမႉး ေဒါက္တာသန္းႏိုင္စိုးကေျပာပါတယ္။





လူနာ နံပါတ္(၃၃)က ဧၿပီလ(၇)ရက္ေန႔ကစၿပီး ဖ်ားနာ၊ ေခ်ာင္းဆိုးတဲ့ လကၡဏာေတြေပၚေပါက္ခဲ့လို႔ ဧၿပီလ(၁၁)ရက္ေန႔မွာ ေရာဂါပိုးေတြ႕ရွိခဲ့တာျဖစ္ပါတယ္။ ေရာဂါပိုးေတြ႕ရွိၿပီးေနာက္ပိုင္း စစ္ေဆးခ်က္အရ ႏွစ္ႀကိမ္ဆက္တိုက္ပိုးမေတြ႕ခဲ့လို႔ ေဆး႐ုံကဆင္းခြင့္ရရွိခဲ့ေပမယ့္ လက္ရွိမွာ က်န္းမာေရးအေျခအေနက စိုးရိမ္ရတဲ့ အေနအထားမွာရွိေနတယ္လို႔ သိရပါတယ္။ ႏိုင္ငံအတြင္း COVID 19 အတည္ျပဳလူနာေတြထဲကေန ေဆး႐ုံကဆင္းခြင့္ရၿပီးေနာက္ ICU ခန္းမွာ ျပန္လည္ၾကပ္မတ္ကုသမႈခံရမႈကေတာ့ လူနာနံပါတ္ (၃၃)က ပထမဆုံးလူနာျဖစ္ပါတယ္။

Credit DUWUN

Post a Comment

Previous Post Next Post