(Unicode)

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနသို့ အရေးပေါ်လိုအပ်နေတဲ့ 500 KV မီးစက်နဲ့ ဆက်စပ်ပစ္စည်းတွေကို ကမ္ဘောဇဘဏ်က ယနေ့ ၁၇ ရက်နေ့မှာ သွားရောက်လှူဒါန်းခဲ့ပြီလို့ သိရှိရပါတယ်။



မီးစက်ကြီးရဲ့ တန်ဖိုးဟာ မြန်မာငွေကျပ်သိန်း ၁၂၅၀ တန်ဖိုးရှိပြီးတော့ ကမ္ဘောဇဘဏ်ရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဒုတိယအမှုဆောင်အရာရှိချုပ်ဖြစ်သူ ဒေါ်နန်းလိုင်းခမ်းက တာဝန်ရှိသူတွေကို ပေးအပ်လှူဒါန်းခဲ့တာဖြစ်ပါတယ်။



ယခုမီးစက်ကြီးမှာ အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနအတွက် အတော်လေးကို အထောက်အကူပြုပြီးတော့ ဓာတ်ခွဲစစ်ဆေးမှု လုပ်ငန်းစဉ်ကိုလည်း မီးပျက်ခဲ့လျှင်ပင် ပိုမိုမြန်ဆန်စွာဆောင်ရွက်လာနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။



အခုလို ကိုဗစ်ရောဂါကပ်ဘေးကျရောက်နေချိန်မှာ KBZ လုပ်ငန်းစုများအနေနဲ့ နိုင်ငံတော်ရဲ့ လိုအပ်ချက်တွေကို ကူညီလှူဒါန်း ခဲ့တာဆိုရင် ယခုအချိန်ထိ သိန်းပေါင်း ၃၅၂၂၄ သိန်း ရှိပြီးဖြစ်ပြီးတော့ လိုအပ်သည်များကိုလည်း ဆက်လက်လှူဒါန်း
သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ

(Zawgyi)

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၊ အမ်ိဳးသားက်န္းမာေရးဓါတ္ခြဲမႈဆိုင္ရာဌာနသို႔ အေရးေပၚလိုအပ္ေနတဲ့ 500 KV မီးစက္နဲ႔ ဆက္စပ္ပစၥည္းေတြကို ကေမာၻဇဘဏ္က ယေန႔ ၁၇ ရက္ေန႔မွာ သြားေရာက္လႉဒါန္းခဲ့ၿပီလို႔ သိရွိရပါတယ္။



မီးစက္ႀကီးရဲ႕ တန္ဖိုးဟာ ျမန္မာေငြက်ပ္သိန္း ၁၂၅၀ တန္ဖိုးရွိၿပီးေတာ့ ကေမာၻဇဘဏ္ရဲ႕ တာဝန္ရွိသူတစ္ဦးျဖစ္တဲ့ ဒုတိယအမႈေဆာင္အရာရွိခ်ဳပ္ျဖစ္သူ ေဒၚနန္းလိုင္းခမ္းက တာဝန္ရွိသူေတြကို ေပးအပ္လႉဒါန္းခဲ့တာျဖစ္ပါတယ္။



ယခုမီးစက္ႀကီးမွာ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲဌာနအတြက္ အေတာ္ေလးကို အေထာက္အကူျပဳၿပီးေတာ့ ဓာတ္ခြဲစစ္ေဆးမႈ လုပ္ငန္းစဥ္ကိုလည္း မီးပ်က္ခဲ့လွ်င္ပင္ ပိုမိုျမန္ဆန္စြာေဆာင္႐ြက္လာႏိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။



အခုလို ကိုဗစ္ေရာဂါကပ္ေဘးက်ေရာက္ေနခ်ိန္မွာ KBZ လုပ္ငန္းစုမ်ားအေနနဲ႔ ႏိုင္ငံေတာ္ရဲ႕ လိုအပ္ခ်က္ေတြကို ကူညီလႉဒါန္း ခဲ့တာဆိုရင္ ယခုအခ်ိန္ထိ သိန္းေပါင္း ၃၅၂၂၄ သိန္း ရွိၿပီးျဖစ္ၿပီးေတာ့ လိုအပ္သည္မ်ားကိုလည္း ဆက္လက္လႉဒါန္း
သြားမွာျဖစ္တယ္လို႔ သိရွိရပါတယ္။

ေန႔စဥ္သတင္းႏွင့္သုတရသအျဖာျဖာ

Post a Comment

Previous Post Next Post