(Unicode)

အိန္ဒိယမှာ မတ်လ ၂၅ ရက်နေ့မှစပြီး တစ်နိုင်ငံလုံးရှိ လူဦး‌ရေ ၁.၃ ဘီလီယံကို lockdown လုပ်ထားခဲ့ပါတယ်။အိန္ဒိယမှာ COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှု ထိန်းချုပ်ဟန့်တားနိုင်ရန် lockdown လုပ်ထားခဲ့ရာ ဧပြီတစ်လတည်းမှာပင် မြန်မာတစ်နိုင်ငံလုံးလူဦးရေရဲ့ နှစ်ဆကျော်ရှိတဲ့ အရေအတွက်ဟာ အလုပ်လက်မဲ့ဖြစ်ခဲ့ရကြောင်း ပုဂ္ဂလိက သုတေသနအဖွဲ့တစ်ခုထံမှ အချက်အလက်တွေက ဖော်ပြပါတယ်။


အိန္ဒိယမှာ ဧပြီလအတွင်း လူဦးရေ ၁၂၂ သန်းအထိ အလုပ်လက်မဲ့ဖြစ်ခဲ့ကြောင်း အိန္ဒိယရဲ့ လက်ရှိ အလုပ်လက်မဲ့နှုန်းဟာ ၂၇.၁ ရာခိုင်နှုန်းအထိ စံချိန်တင် မြင့်တက်နေခဲ့ကြောင်း Centree of Monitoring the Indian Econom (CMIE) က ပြောပါတယ်။ အချက်အလက်အသစ်တွေအရ အိန္ဒိယရဲ့ အလုပ်လက်မဲ့ဦးရေဟာ အမေရိကန်မှာထက် လေးဆဖြစ်ကြောင်းလည်း သိရပါတယ်။



COVID-19 ကူးစက်ဖြစ်ပွားမှုကြောင့် အိန္ဒိယမှာ မတ်လ ၂၅ ရက်နေ့မှစပြီး တစ်နိုင်ငံလုံးရှိ လူဦး‌ရေ ၁.၃ ဘီလီယံကို အသွားအလာ ပိတ်ပင်ကန့်သတ်ကာ lockdown အစီအမံများဖြင့် နေထိုင်စေခဲ့ရာ များပြားလှတဲ့ လူအစုအပြုံလိုက် အလုပ်လက်မဲ့အခြေအနေ ဖြစ်စေခဲ့ပါတယ်။Lockdown စတင်ခဲ့တဲ့ မတ်လမှာ အိန္ဒိယရဲ့ အလုပ်လက်မဲ့နှုန်း ၈.၇ ရာခိုင်နှုန်းဖြစ်ခဲ့ပြီး ဧပြီလမှာတော့ ၂၃.၅ ရာခိုင်နှုန်းအထိ အလွန်သိသာစွာ မြင့်တက်လာခဲ့ပါတယ်။ လက်ရှိ မေလ ပထမပတ်မှာတော့ အလုပ်လက်မဲ့နှုန်းဟာ ၂၇.၁ ရာခိုင်နှုန်းအထိ ဆက်လက် မြင့်တက်လာခဲ့ကြောင်း CMIE ရဲ့ အချက်အလက်တွေက ပြောထားပါတယ်။



Lockdown လုပ်ထားစဉ်အတွင်း ဆေးရုံများ၊ ဆေးဆိုင်များနဲ့ အစားအစာရောင်းချမှုများကလွဲပြီး စီးပွားရေးလုပ်ငန်းအများစုကို ရပ်ဆိုင်းထားစေခဲ့ပါတယ်။ ဧပြီလအတွင်း အလုပ်အကို ဆုံးရှုံးခဲ့ရသူ ၁၂၂ သန်းအနက် ၉၁ သန်းဟာ အသေးစား အရောင်းအဝယ်လုပ်သူများနဲ့ နေ့စား အလုပ်ကြမ်းသမားများ ဖြစ်ပါတယ်။ ထို့အတူ လခစား အလုပ်သမား ၁၇.၈ သန်းနဲ့ ကိုယ်ပိုင်အလုပ်လုပ်သူ ၁၈.၂ သန်းဟာလည်း အလုပ်လက်မဲ့ ဖြစ်ခဲ့ကြရတယ်လို့ BBC သတင်းမှာ ဖော်ပြပါတယ်။


အိန္ဒိယမှာ COVID-19 ကြောင့် lockdown အစီအမံ မရှိခဲ့စဉ် အစောပိုင်းကတည်းက အလုပ်လက်မဲ့နှုန်းဟာ ၄၃ လမြောက် မြင့်တက်မှုအဖြစ် ၈.၇ ရာခိုင်နှုန်း ဖြစ်နေခဲ့မှုကို ကျွမ်းကျင်သူတွေက စိုးရိမ်နေခဲ့ကြပါတယ်။ ၂၀၁၇ ခုနှစ် ဇူလိုင်လမှာတော့ အိန္ဒိယရဲ့ အလုပ်လက်မဲမှုန်းဟာ ၃.၄ ရာခိုင်နှုန်း ဖြစ်ခဲ့ကြောင်းလည်း CMIE အချက်အလက်တွေအရ သိရှိရပါတယ်။



အိန္ဒိယမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုများ နေ့စဉ် တိုးလာနေဆဲဖြစ်ပြီး ယနေ့ (မေ ၇ ရက်) မနက်ပိုင်းအထိ ကူးစက်ခံရသူ ၅၂,၉၈၇ ဦးနဲ့ သေဆုံးသူ ၈,၃၃၉ ဦးရှိခဲ့ပြီး ပြန်လည်သက်သာသူ အရေအတွက် ၁၅,၃၃၁ ဦး ဖြစ်ပါတယ်။ မေ ၅ ရက်နေ့က ထုတ်ပြန်ခဲ့မှုအရ အိန္ဒိယမှာ တစ်ရက်အတွင်း COVID-19 အတည်ပြုလူနာ ၃,၉၀၀ တိုးလာခဲ့ပြီး နေ့စဉ် ကူးစက်ခံရသူ အသစ်တွေ့ရှိရမှု အမြင့်ဆုံးစံချိန်တင်ခဲ့ပါတယ်။

(Zawgyi)

အိႏၵိယမွာ မတ္လ ၂၅ ရက္ေန႔မွစၿပီး တစ္ႏိုင္ငံလုံးရွိ လူဦး‌ေရ ၁.၃ ဘီလီယံကို lockdown လုပ္ထားခဲ့ပါတယ္။အိႏၵိယမွာ COVID-19 ကပ္ေရာဂါ ကူးစက္ျဖစ္ပြားမႈ ထိန္းခ်ဳပ္ဟန႔္တားႏိုင္ရန္ lockdown လုပ္ထားခဲ့ရာ ဧၿပီတစ္လတည္းမွာပင္ ျမန္မာတစ္ႏိုင္ငံလုံးလူဦးေရရဲ႕ ႏွစ္ဆေက်ာ္ရွိတဲ့ အေရအတြက္ဟာ အလုပ္လက္မဲ့ျဖစ္ခဲ့ရေၾကာင္း ပုဂၢလိက သုေတသနအဖြဲ႕တစ္ခုထံမွ အခ်က္အလက္ေတြက ေဖာ္ျပပါတယ္။


အိႏၵိယမွာ ဧၿပီလအတြင္း လူဦးေရ ၁၂၂ သန္းအထိ အလုပ္လက္မဲ့ျဖစ္ခဲ့ေၾကာင္း အိႏၵိယရဲ႕ လက္ရွိ အလုပ္လက္မဲ့ႏႈန္းဟာ ၂၇.၁ ရာခိုင္ႏႈန္းအထိ စံခ်ိန္တင္ ျမင့္တက္ေနခဲ့ေၾကာင္း Centree of Monitoring the Indian Econom (CMIE) က ေျပာပါတယ္။ အခ်က္အလက္အသစ္ေတြအရ အိႏၵိယရဲ႕ အလုပ္လက္မဲ့ဦးေရဟာ အေမရိကန္မွာထက္ ေလးဆျဖစ္ေၾကာင္းလည္း သိရပါတယ္။


COVID-19 ကူးစက္ျဖစ္ပြားမႈေၾကာင့္ အိႏၵိယမွာ မတ္လ ၂၅ ရက္ေန႔မွစၿပီး တစ္ႏိုင္ငံလုံးရွိ လူဦး‌ေရ ၁.၃ ဘီလီယံကို အသြားအလာ ပိတ္ပင္ကန႔္သတ္ကာ lockdown အစီအမံမ်ားျဖင့္ ေနထိုင္ေစခဲ့ရာ မ်ားျပားလွတဲ့ လူအစုအၿပဳံလိုက္ အလုပ္လက္မဲ့အေျခအေန ျဖစ္ေစခဲ့ပါတယ္။Lockdown စတင္ခဲ့တဲ့ မတ္လမွာ အိႏၵိယရဲ႕ အလုပ္လက္မဲ့ႏႈန္း ၈.၇ ရာခိုင္ႏႈန္းျဖစ္ခဲ့ၿပီး ဧၿပီလမွာေတာ့ ၂၃.၅ ရာခိုင္ႏႈန္းအထိ အလြန္သိသာစြာ ျမင့္တက္လာခဲ့ပါတယ္။ လက္ရွိ ေမလ ပထမပတ္မွာေတာ့ အလုပ္လက္မဲ့ႏႈန္းဟာ ၂၇.၁ ရာခိုင္ႏႈန္းအထိ ဆက္လက္ ျမင့္တက္လာခဲ့ေၾကာင္း CMIE ရဲ႕ အခ်က္အလက္ေတြက ေျပာထားပါတယ္။


Lockdown လုပ္ထားစဥ္အတြင္း ေဆး႐ုံမ်ား၊ ေဆးဆိုင္မ်ားနဲ႔ အစားအစာေရာင္းခ်မႈမ်ားကလြဲၿပီး စီးပြားေရးလုပ္ငန္းအမ်ားစုကို ရပ္ဆိုင္းထားေစခဲ့ပါတယ္။ ဧၿပီလအတြင္း အလုပ္အကို ဆုံးရႈံးခဲ့ရသူ ၁၂၂ သန္းအနက္ ၉၁ သန္းဟာ အေသးစား အေရာင္းအဝယ္လုပ္သူမ်ားနဲ႔ ေန႔စား အလုပ္ၾကမ္းသမားမ်ား ျဖစ္ပါတယ္။ ထို႔အတူ လခစား အလုပ္သမား ၁၇.၈ သန္းနဲ႔ ကိုယ္ပိုင္အလုပ္လုပ္သူ ၁၈.၂ သန္းဟာလည္း အလုပ္လက္မဲ့ ျဖစ္ခဲ့ၾကရတယ္လို႔ BBC သတင္းမွာ ေဖာ္ျပပါတယ္။


အိႏၵိယမွာ COVID-19 ေၾကာင့္ lockdown အစီအမံ မရွိခဲ့စဥ္ အေစာပိုင္းကတည္းက အလုပ္လက္မဲ့ႏႈန္းဟာ ၄၃ လေျမာက္ ျမင့္တက္မႈအျဖစ္ ၈.၇ ရာခိုင္ႏႈန္း ျဖစ္ေနခဲ့မႈကို ကြၽမ္းက်င္သူေတြက စိုးရိမ္ေနခဲ့ၾကပါတယ္။ ၂၀၁၇ ခုႏွစ္ ဇူလိုင္လမွာေတာ့ အိႏၵိယရဲ႕ အလုပ္လက္မဲမႈန္းဟာ ၃.၄ ရာခိုင္ႏႈန္း ျဖစ္ခဲ့ေၾကာင္းလည္း CMIE အခ်က္အလက္ေတြအရ သိရွိရပါတယ္။


အိႏၵိယမွာ COVID-19 ကူးစက္မႈနဲ႔ ေသဆုံးမႈမ်ား ေန႔စဥ္ တိုးလာေနဆဲျဖစ္ၿပီး ယေန႔ (ေမ ၇ ရက္) မနက္ပိုင္းအထိ ကူးစက္ခံရသူ ၅၂,၉၈၇ ဦးနဲ႔ ေသဆုံးသူ ၈,၃၃၉ ဦးရွိခဲ့ၿပီး ျပန္လည္သက္သာသူ အေရအတြက္ ၁၅,၃၃၁ ဦး ျဖစ္ပါတယ္။ ေမ ၅ ရက္ေန႔က ထုတ္ျပန္ခဲ့မႈအရ အိႏၵိယမွာ တစ္ရက္အတြင္း COVID-19 အတည္ျပဳလူနာ ၃,၉၀၀ တိုးလာခဲ့ၿပီး ေန႔စဥ္ ကူးစက္ခံရသူ အသစ္ေတြ႕ရွိရမႈ အျမင့္ဆုံးစံခ်ိန္တင္ခဲ့ပါတယ္။

ဓူ၀ံ


Post a Comment

Previous Post Next Post