(Unicode)

အိန္ဒိယက COVID-19 စတင်တွေ့ရှိခဲ့တဲ့ တရုတ်နိုင်ငံထက် ကူးစက်မှုပိုများတဲ့ နိုင်ငံဖြစ်လာပါတယ်။အိန္ဒိယအစိုးရက COVID-19 ထိန်းချုပ်ရေး တစ်နိုင်ငံလုံးကို lockdown လုပ်ထားမှုကို မေ ၃၁ ရက်အထိ ထပ်မံ တိုးချဲ့သတ်မှတ်လိုက်ကြောင်း သိရပါတယ်။


အိန္ဒိယမှာ COVID-19 ကူးစက်ခံရသူ ၁ သိန်းနီးပါး (၉၅,၆၀၀ ကျော်) အထိ တရိပ်ရိပ် တိုးလာနေခဲ့ရာ အစိုးရက lockdown ကာလကို မေ ၁၇ ရက်မှာ တိုးချဲ့သတ်မှတ်လိုက်ပါတယ်။ Lockdown ကာလတိုးချဲ့ပြီးနောက် ရဲတပ်ဖွဲ့နဲ့ သောင်တင်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားများကြား နောက်ထပ် ထိပ်တိုက်တွေ့မှုတွေလည်း ပေါ်ပေါက်လာခဲ့တယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။ ယခုအခါ အိန္ဒိယက COVID-19 စတင်တွေ့ရှိခဲ့တဲ့ တရုတ်နိုင်ငံထက် ကူးစက်မှုပိုများတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်လာခဲ့ပါတယ်။


အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ စာသင်ကျောင်းများ၊ ဈေးဝယ်စင်တာများနဲ့ အခြား အများပြည်သူဆိုင်ရာ‌ နေရာအများစုကို ဆက်လက် ပိတ်ထားမှာဖြစ်ပါတယ်။ သို့သော် ကူးစက်မှုလျော့နည်းတဲ့ နေရာတွေမှာတော့ ပိတ်ပင်ကန့်သတ်မှုတွေ ဖြေလျှော့သွားမယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အမိန့်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


အိန္ဒိယမှာ ယခုတစ်ကြိမ် lockdown ကာလတိုးချဲ့မှုဟာ လေးကြိမ်မြောက်လည်း ဖြစ်လာပြီး အိန္ဒိယမီဒီယာတွေက Lockdown 4.0 လို့ သုံးနှုန်းဖော်ပြနေကြပါတယ်။ အိန္ဒိယအစိုးရက COVID-19 ထိန်းချုပ်ရေးအတွက် တစ်နိုင်ငံလုံးရှိ လူဦးရေ ၁.၃ ဘီလီယံကို မတ်လ ၂၄ ရက်မှစပြီး အသွားအလာ ပိတ်ပင်ကန့်သတ်ကာ lockdown လုပ်ထားခဲ့တာ ဖြစ်ပါတယ်။


တစ်နိုင်ငံလုံး lockdown လုပ်ထားမှုက အိန္ဒိယတစ်ဝှမ်း စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်စေခဲ့ပြီး နေ့စားဝင်ငွေရှာရသူ ရွှေ့ပြောင်းလုပ်သား သန်းနဲ့ချီပြီး အလုပ်လက်မဲ့ဖြစ်ကာ ဝင်ငွေမရရှိတော့ဘဲ ရှင်သန်ရပ်တည်ရေးခက်ခဲကာ မြို့ကြီးတွေမှာ သောင်တင်နေခဲ့ကြပါတယ်။



သန်းနဲ့ချီတဲ့ ရွှေ့ပြောင်လုပ်သားတွေဟာ မိုင်ပေါင်းရာချီ ခရီးရှည်ကို လမ်းလျှောက်ခြင်း၊ ကားကြုံစီးခြင်းနဲ့ ကုန်စည်တင်ဆောင်တဲ့ ထရပ်ကားတွေပေါ်ကနေ လိုက်ပါခြင်းတို့ဖြင့် ၎င်းတို့နေရပ်ကို ပြန်ကြရန် ကြုံသလိုဖြစ်သလို ကြိုးစားခဲ့ကြပြီး ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့မှုတွေ ရှိခဲ့ပါတယ်။ ရွှေ့ပြောင်းလုပ်သားတွေဟာ အစိုးရက စီစဉ်ပေးတဲ့ ဘတ်စ်ကားနဲ့ ရထားတွေထက် ထိုသို့ ကြုံသလို အစီအစဉ်ဖြင့် နေရပ်ပြန်နေကြပြီး ကားလမ်းနဲ့ ရထားလမ်းပေါ် မတော်တဆမှုတွေကြောင့် သေဆုံးမှုများရှိခဲ့ပါတယ်။

India and Pakistan's 'red zones' keep COVID-19 trajectory on rise ...ယခု သီတင်းပတ်အစောပိုင်းကလည်း အူတာပရာဒက်ရှ်ပြည်နယ် Muzafarnagar ခရိုင်မှာ နေရပ်ပြန်ကြတဲ့ အလုပ်သမားခြောက်ဦး ကားကြိတ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် မေ ၈ ရက်နေ့ကလည်း နေရပ်ပြန်ရန် ကြိုးပမ်းခဲ့ကြတဲ့ ရွှေ့ပြောင်းလုပ်သား ၁၆ ဦးဟာ ခြေကုန်လက်ပန်းကျပြီး မဟာရက်ရှ်ထရာပြည်နယ် Aurangabad မြို့ငယ်အနီး ရထားလမ်းမှာ အိပ်ပျော်နေကြစဉ် ရထားကြိတ်ခံရမှုကြောင့် သေဆုံးခဲ့ပါတယ်။

ဓူဝံ

(Zawgyi)

အိႏၵိယက COVID-19 စတင္ေတြ႕ရွိခဲ့တဲ့ တ႐ုတ္ႏိုင္ငံထက္ ကူးစက္မႈပိုမ်ားတဲ့ ႏိုင္ငံျဖစ္လာပါတယ္။အိႏၵိယအစိုးရက COVID-19 ထိန္းခ်ဳပ္ေရး တစ္ႏိုင္ငံလုံးကို lockdown လုပ္ထားမႈကို ေမ ၃၁ ရက္အထိ ထပ္မံ တိုးခ်ဲ႕သတ္မွတ္လိုက္ေၾကာင္း သိရပါတယ္။



အိႏၵိယမွာ COVID-19 ကူးစက္ခံရသူ ၁ သိန္းနီးပါး (၉၅,၆၀၀ ေက်ာ္) အထိ တရိပ္ရိပ္ တိုးလာေနခဲ့ရာ အစိုးရက lockdown ကာလကို ေမ ၁၇ ရက္မွာ တိုးခ်ဲ႕သတ္မွတ္လိုက္ပါတယ္။ Lockdown ကာလတိုးခ်ဲ႕ၿပီးေနာက္ ရဲတပ္ဖြဲ႕နဲ႔ ေသာင္တင္ေနၾကတဲ့ ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားၾကား ေနာက္ထပ္ ထိပ္တိုက္ေတြ႕မႈေတြလည္း ေပၚေပါက္လာခဲ့တယ္လို႔ Reuters သတင္းက ေဖာ္ျပပါတယ္။ ယခုအခါ အိႏၵိယက COVID-19 စတင္ေတြ႕ရွိခဲ့တဲ့ တ႐ုတ္ႏိုင္ငံထက္ ကူးစက္မႈပိုမ်ားတဲ့ ႏိုင္ငံတစ္ႏိုင္ငံလည္း ျဖစ္လာခဲ့ပါတယ္။


အိႏၵိယျပည္ထဲေရးဝန္ႀကီးဌာနက ထုတ္ျပန္ခ်က္အရ စာသင္ေက်ာင္းမ်ား၊ ေဈးဝယ္စင္တာမ်ားနဲ႔ အျခား အမ်ားျပည္သူဆိုင္ရာ‌ ေနရာအမ်ားစုကို ဆက္လက္ ပိတ္ထားမွာျဖစ္ပါတယ္။ သို႔ေသာ္ ကူးစက္မႈေလ်ာ့နည္းတဲ့ ေနရာေတြမွာေတာ့ ပိတ္ပင္ကန႔္သတ္မႈေတြ ေျဖေလွ်ာ့သြားမယ္လို႔ ျပည္ထဲေရးဝန္ႀကီးဌာနရဲ႕ အမိန႔္ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။


အိႏၵိယမွာ ယခုတစ္ႀကိမ္ lockdown ကာလတိုးခ်ဲ႕မႈဟာ ေလးႀကိမ္ေျမာက္လည္း ျဖစ္လာၿပီး အိႏၵိယမီဒီယာေတြက Lockdown 4.0 လို႔ သုံးႏႈန္းေဖာ္ျပေနၾကပါတယ္။ အိႏၵိယအစိုးရက COVID-19 ထိန္းခ်ဳပ္ေရးအတြက္ တစ္ႏိုင္ငံလုံးရွိ လူဦးေရ ၁.၃ ဘီလီယံကို မတ္လ ၂၄ ရက္မွစၿပီး အသြားအလာ ပိတ္ပင္ကန႔္သတ္ကာ lockdown လုပ္ထားခဲ့တာ ျဖစ္ပါတယ္။


တစ္ႏိုင္ငံလုံး lockdown လုပ္ထားမႈက အိႏၵိယတစ္ဝွမ္း စီးပြားေရးလုပ္ငန္းေတြကို ထိခိုက္ေစခဲ့ၿပီး ေန႔စားဝင္ေငြရွာရသူ ေ႐ႊ႕ေျပာင္းလုပ္သား သန္းနဲ႔ခ်ီၿပီး အလုပ္လက္မဲ့ျဖစ္ကာ ဝင္ေငြမရရွိေတာ့ဘဲ ရွင္သန္ရပ္တည္ေရးခက္ခဲကာ ၿမိဳ႕ႀကီးေတြမွာ ေသာင္တင္ေနခဲ့ၾကပါတယ္။


သန္းနဲ႔ခ်ီတဲ့ ေ႐ႊ႕ေျပာင္လုပ္သားေတြဟာ မိုင္ေပါင္းရာခ်ီ ခရီးရွည္ကို လမ္းေလွ်ာက္ျခင္း၊ ကားႀကဳံစီးျခင္းနဲ႔ ကုန္စည္တင္ေဆာင္တဲ့ ထရပ္ကားေတြေပၚကေန လိုက္ပါျခင္းတို႔ျဖင့္ ၎တို႔ေနရပ္ကို ျပန္ၾကရန္ ႀကဳံသလိုျဖစ္သလို ႀကိဳးစားခဲ့ၾကၿပီး ရဲတပ္ဖြဲ႕နဲ႔ ထိပ္တိုက္ေတြ႕မႈေတြ ရွိခဲ့ပါတယ္။ ေ႐ႊ႕ေျပာင္းလုပ္သားေတြဟာ အစိုးရက စီစဥ္ေပးတဲ့ ဘတ္စ္ကားနဲ႔ ရထားေတြထက္ ထိုသို႔ ႀကဳံသလို အစီအစဥ္ျဖင့္ ေနရပ္ျပန္ေနၾကၿပီး ကားလမ္းနဲ႔ ရထားလမ္းေပၚ မေတာ္တဆမႈေတြေၾကာင့္ ေသဆုံးမႈမ်ားရွိခဲ့ပါတယ္။

India and Pakistan's 'red zones' keep COVID-19 trajectory on rise ...ယခု သီတင္းပတ္အေစာပိုင္းကလည္း အူတာပရာဒက္ရွ္ျပည္နယ္ Muzafarnagar ခ႐ိုင္မွာ ေနရပ္ျပန္ၾကတဲ့ အလုပ္သမားေျခာက္ဦး ကားႀကိတ္ခံရၿပီး ေသဆုံးခဲ့ေၾကာင္း သိရပါတယ္။ ဒါ့အျပင္ ေမ ၈ ရက္ေန႔ကလည္း ေနရပ္ျပန္ရန္ ႀကိဳးပမ္းခဲ့ၾကတဲ့ ေ႐ႊ႕ေျပာင္းလုပ္သား ၁၆ ဦးဟာ ေျခကုန္လက္ပန္းက်ၿပီး မဟာရက္ရွ္ထရာျပည္နယ္ Aurangabad ၿမိဳ႕ငယ္အနီး ရထားလမ္းမွာ အိပ္ေပ်ာ္ေနၾကစဥ္ ရထားႀကိတ္ခံရမႈေၾကာင့္ ေသဆုံးခဲ့ပါတယ္။

ဓူ၀ံ

Post a Comment

Previous Post Next Post