(Unicode)

Covid – 19 ရောဂါကူးစက်ပျံ့နှံ့မှုဖြစ်ပွားနေပေမဲ့လည်း ထိုင်းနိုင်ငံ ၊ Songkhla မြို့မှာနေထိုင်တဲ့ Dong အမည်ရှိတဲ့ အသက် 10 နှစ်အရွယ် ကောင်လေးမှာတော့ သုံးဘီးစက်ဘီးလေးနဲ့ ဟက်းသီးဟင်းရွက် ထွက်ရောင်းနေရဆဲပါပဲ ။ Dong ဟာ သူ၏မိသားစုဝင်တွေကို ထောက်ပံ့ပေးနိုင်ဖို့ ဟင်းသီးဟင်းရွက်အမြဲထွက်ရောင်းနေရတာဖြစ်ပြီး ၊ သူ၏မိသားစုဝင်တွေမှာတော့ အသက် 56 နှစ်အရွယ်အဘွားဖြစ်သူအပြင် ၊ အသက် 89နှစ်အရွယ် နှင့် အသက် 96 နှစ်အရွယ် အဘိုးအဘေးတို့ပါ ပါရှိပြီး အတူနေထိုင်လျက်ရှိကြောင်း သိရှိရပါတယ်။



အဘွားဖြစ်သူမှာတော့ အသီးအနှံများကို စိုက်ပျိုးပေးပြီး ၊ Dong ဟာ ပထမတန်းစတက်တဲ့အချိန်ကတည်းက ဈေးရောင်းနေရတာဖြစ်တဲ့အတွက် ယခုလိုအချိန် ဈေးထွက်ရောင်းနေရတာ သူ့အတွက်တော့မထူးဆန်းနေတော့ပါဘူး။ယခုလို ရောဂါကူးစက်ပျံ့နှံနေမှုကြောင့် May လကုန်အထိ ထိုင်းနိုင်ငံတစ်ခုလုံး Lockdown ချမှတ်တဲ့အချိန်တိုးမြင့်ခဲ့ပေမဲ့လည်း Dong မှာတော့ လူသွားလူလာမရှိတဲ့ လမ်းမကြီးပေါ်မှာ အားမလျော့ဘဲ ဈေးဆက်ရောင်းနေရဆဲပါပဲ ။


Dong ရဲ့ဘဝအခြေအနေကို ထိုင်းဝန်ကြီးချုပ်ကြားသိခဲ့ချိန်မှာတော့ အစိုးရအဖွဲ့ကနေတစ်ဆင့် Dong တို့ရဲ့မိသားစုတစ်ခုလုံး ကပ်ရောဂါရပ်တန့်သွားတဲ့အထိ လုံလောက်တဲ့အထောက်အပံ့များကို သွားရောက်ထောက်ပံ့လှူတန်းခဲ့ပါတယ်။Dong ဟာ ငယ်ရွယ်သေးပေမဲ့လည်း သူ့ရဲ့အလုပ်ကြိုးစားမှု နှင့် ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေဟာ အစိုးရဝန်ထမ်း နှင့် အခြားသောပြည်သူတွေရဲ့ နှလုံးသားကိုပါ တုန်လှုပ်သွားစေခဲ့ပါတယ် ။

Crd Jasmine (Mckzone Daily)

Source: worldofbuzz

(Zawgyi)

Covid – 19 ေရာဂါကူးစက္ပ်ံ့ႏွံ႔မႈျဖစ္ပြားေနေပမဲ့လည္း ထိုင္းႏိုင္ငံ ၊ Songkhla ၿမိဳ႕မွာေနထိုင္တဲ့ Dong အမည္႐ွိတဲ့ အသက္ 10 ႏွစ္အရြယ္ ေကာင္ေလးမွာေတာ့ သံုးဘီးစက္ဘီးေလးနဲ႔ ဟက္းသီးဟင္းရြက္ ထြက္ေရာင္းေနရဆဲပါပဲ ။ Dong ဟာ သူ၏မိသားစုဝင္ေတြကို ေထာက္ပံ့ေပးႏိုင္ဖို႔ ဟင္းသီးဟင္းရြက္အျမဲထြက္ေရာင္းေနရတာျဖစ္ၿပီး ၊ သူ၏မိသားစုဝင္ေတြမွာေတာ့ အသက္ 56 ႏွစ္အရြယ္အဘြားျဖစ္သူအျပင္ ၊ အသက္ 89ႏွစ္အရြယ္ ႏွင့္ အသက္ 96 ႏွစ္အရြယ္ အဘိုးအေဘးတို႔ပါ ပါ႐ွိၿပီး အတူေနထိုင္လ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္။



အဘြားျဖစ္သူမွာေတာ့ အသီးအႏွံမ်ားကို စိုက္ပ်ိဳးေပးၿပီး ၊ Dong ဟာ ပထမတန္းစတက္တဲ့အခ်ိန္ကတည္းက ေစ်းေရာင္းေနရတာျဖစ္တဲ့အတြက္ ယခုလိုအခ်ိန္ ေစ်းထြက္ေရာင္းေနရတာ သူ႔အတြက္ေတာ့မထူးဆန္းေနေတာ့ပါဘူး။ယခုလို ေရာဂါကူးစက္ပ်ံ့ႏွံေနမႈေၾကာင့္ May လကုန္အထိ ထိုင္းႏိုင္ငံတစ္ခုလံုး Lockdown ခ်မွတ္တဲ့အခ်ိန္တိုးျမင့္ခဲ့ေပမဲ့လည္း Dong မွာေတာ့ လူသြားလူလာမ႐ွိတဲ့ လမ္းမႀကီးေပၚမွာ အားမေလ်ာ့ဘဲ ေစ်းဆက္ေရာင္းေနရဆဲပါပဲ ။



Dong ရဲ႕ဘဝအေျခအေနကို ထိုင္းဝန္ႀကီးခ်ဳပ္ၾကားသိခဲ့ခ်ိန္မွာေတာ့ အစိုးရအဖြဲ႔ကေနတစ္ဆင့္ Dong တို႔ရဲ႕မိသားစုတစ္ခုလံုး ကပ္ေရာဂါရပ္တန္႔သြားတဲ့အထိ လံုေလာက္တဲ့အေထာက္အပံ့မ်ားကို သြားေရာက္ေထာက္ပံ့လႉတန္းခဲ့ပါတယ္။Dong ဟာ ငယ္ရြယ္ေသးေပမဲ့လည္း သူ႔ရဲ႕အလုပ္ႀကိဳးစားမႈ ႏွင့္ ခိုင္မာတဲ့ဆံုးျဖတ္ခ်က္ေတြဟာ အစိုးရဝန္ထမ္း ႏွင့္ အျခားေသာျပည္သူေတြရဲ႕ ႏွလံုးသားကိုပါ တုန္လႈပ္သြားေစခဲ့ပါတယ္ ။

Crd Jasmine (Mckzone Daily)

Source: worldofbuzz

Post a Comment

Previous Post Next Post