(Unicode)

စစ်ကိုင်းတိုင်ဒေသကြီး၊ မုံရွာမြို့ရှိ ကန်သာယာ ယာယီပျံကျဈေးမှာ Save Monywa အဖွဲ့ကနေ သေမင်းဝတ်စုံတွေနဲ့ Mask Campaign ကို ပြုလုပ်ခဲ့ပါတယ်။


ဒီလှုပ်ရှားမှုမှာ သေမင်းဝတ်စုံ ဝတ်ထားသူတွေက အပြင်ထွက်သွားလာရင် Mask တပ်ကြဖို့ ဆော်သြခဲ့သလို ဒေသတွင်းက Mask ထုတ်နေသူတွေကလည်း အခမဲ့ ပေးဝေခဲ့ကြပါတယ်။


ဦးဆောင်သူ ဦးအောင်နေမျိုးက “အခုနောက်ပိုင်းဆိုရင် လူတွေက သိပ်မကြောက်ကြတော့ဘူး။ အပြင်ထွက်ရင်လည်း Mask တပ်ဖို့ အစိုးရက ညွှန်ကြားထားပေမယ့် လိုက်နာမှု အားနည်းတာတွေ့ရတယ်။ အဲဒီအတွက် အခုလို ကမ်ပိန်းကို ပြုလုပ်တာပါ။ ဒီအတွက် လုပ်နေတုန်းပဲဆိုဆို အပြင်ထွက်ရင် နှာခေါင်းစည်းတပ်ရမယ်ဆိုတဲ့ အသိတစ်ခုတော့ ရမယ်ထင်ပါတယ်။”လို့ ပြောပါတယ်။


ဒီလှုပ်ရှားမှုကို နောက်နေ့တွေမှာလည်း မုံရွာမြို့က လူစည်ကားရာနေရာတွေမှာအပြင် ချောင်းဦးမြို့က ယာယီပျံကျဈေးတွေမှာလည်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။


အစောပိုင်းကာလမှာ အစိုးရ၊ ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာတွေဦးဆောင်ကာ Mask အခမဲ့ပေးဝေတာ၊ ပညာပေးတာတွေပြုလုပ်တာတွေရှိပေမဲ့ ပြည်သူတွေရဲ့လိုက်နာမှုမှာတော့ အားနည်းနေဆဲဖြစ်ပါတယ်။


အစိုးရကတော့ လမ်းဆုံလိုနေရာတွေမှာ အပြင်ထွက်တိုင်း နှာခေါင်းစည်းတပ်ဖို့ ဗွီနိုင်းပိုစတာတွေနဲ့ အသိပေးထားသလို မလိုက်နာပါက အရေးယူမယ်လို့လည်း သတိပေးထားပါတယ်။

ဒီဗွီဘီ

(Zawgyi)

စစ္ကိုင္းတိုင္ေဒသႀကီး၊ မုံ႐ြာၿမိဳ႕ရွိ ကန္သာယာ ယာယီပ်ံက်ေစ်းမွာ Save Monywa အဖြဲ႕ကေန ေသမင္းဝတ္စုံေတြနဲ႔ Mask Campaign ကို ျပဳလုပ္ခဲ့ပါတယ္။


ဒီလႈပ္ရွားမႈမွာ ေသမင္းဝတ္စုံ ဝတ္ထားသူေတြက အျပင္ထြက္သြားလာရင္ Mask တပ္ၾကဖို႔ ေဆာ္ၾသခဲ့သလို ေဒသတြင္းက Mask ထုတ္ေနသူေတြကလည္း အခမဲ့ ေပးေဝခဲ့ၾကပါတယ္။


ဦးေဆာင္သူ ဦးေအာင္ေနမ်ိဳးက “အခုေနာက္ပိုင္းဆိုရင္ လူေတြက သိပ္မေၾကာက္ၾကေတာ့ဘူး။ အျပင္ထြက္ရင္လည္း Mask တပ္ဖို႔ အစိုးရက ၫႊန္ၾကားထားေပမယ့္ လိုက္နာမႈ အားနည္းတာေတြ႕ရတယ္။ အဲဒီအတြက္ အခုလို ကမ္ပိန္းကို ျပဳလုပ္တာပါ။ ဒီအတြက္ လုပ္ေနတုန္းပဲဆိုဆို အျပင္ထြက္ရင္ ႏွာေခါင္းစည္းတပ္ရမယ္ဆိုတဲ့ အသိတစ္ခုေတာ့ ရမယ္ထင္ပါတယ္။”လို႔ ေျပာပါတယ္။


ဒီလႈပ္ရွားမႈကို ေနာက္ေန႔ေတြမွာလည္း မုံ႐ြာၿမိဳ႕က လူစည္ကားရာေနရာေတြမွာအျပင္ ေခ်ာင္းဦးၿမိဳ႕က ယာယီပ်ံက်ေစ်းေတြမွာလည္း ဆက္လက္လုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။


အေစာပိုင္းကာလမွာ အစိုးရ၊ ေဒသခံလႊတ္ေတာ္ကိုယ္စားလွယ္ေတြ၊ ဌာနဆိုင္ရာေတြဦးေဆာင္ကာ Mask အခမဲ့ေပးေဝတာ၊ ပညာေပးတာေတြျပဳလုပ္တာေတြရွိေပမဲ့ ျပည္သူေတြရဲ႕လိုက္နာမႈမွာေတာ့ အားနည္းေနဆဲျဖစ္ပါတယ္။


အစိုးရကေတာ့ လမ္းဆုံလိုေနရာေတြမွာ အျပင္ထြက္တိုင္း ႏွာေခါင္းစည္းတပ္ဖို႔ ဗြီႏိုင္းပိုစတာေတြနဲ႔ အသိေပးထားသလို မလိုက္နာပါက အေရးယူမယ္လို႔လည္း သတိေပးထားပါတယ္။

ဒီဗီြဘီ

Post a Comment

Previous Post Next Post