(Unicode)

နှုတ်ခမ်းနီမလေးတို့ အသည်းစွဲအဆိုတော် သရုပ်ဆောင်တယောက်ဖြစ်တဲ့ စိုင်း စိုင်းခမ်းလှိုင်က လတ်တလောကာလမှာ အရေးတကြီးလုပ်ဆောင်ဖို့ လိုအပ်နေတဲ့ Mask တပ်ကြဖို့ အရေး ပရိသတ်တွေကို Challenge ခေါ်ထား ပါတယ်။မေလ ၁၆ ရက်နေ့မှာတော့ သူကိုယ်တိုင် နှစ်သက်တဲ့ Mask တပ်ထားတဲ့ ဓာတ်ပုံ တပုံကို သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်ပေါ်မှတဆင့် မျှဝေထားခဲ့ပြီး ခုလိုရေး သားဖော်ပြထားခဲ့တာပါ။



“Simple Mask Challenge… Put on your favourite mask… Take selfie and post it wherever u like with Hashtag… #MyMaskChallenge… I now challenge you, all my fans… Sai Sai Kham Leng”လတ်တလောကာလဟာ ကမ္ဘာ့ကပ်ရောဂါတခုလိုဖြစ်နေတဲ့ COVID-19 ဗိုင်းရပ်စ် အန္တရာယ်ကြောင့် ကမ္ဘာ့နိုင်ငံတွေနည်းတူ မြန်မာနိုင်ငံဟာလည်း ကျန်းမာရေး အသိ၊ သတိနဲ့ နေထိုင်ကြဖို့ အရေးတကြီး လိုအပ်နေချိန် ဖြစ်ပါတယ်။



ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဆောင်ရန်ရှောင်ရန်တွေကို သတိပြုလိုက် နာကြဖို့၊ အာဟာရပြည့်ဝတဲ့ စားသောက်နေထိုင်မှုပုံစံနဲ့ တကိုယ်ရေ သန့်ရှင်းမှုကို ဂရု ပြုကြဖို့အပြင် လူစုလူဝေးနဲ့ ပွဲလမ်းသဘင်အခမ်းအနားတွေကို ရှောင်ကြဉ်ကြဖို့ကလည်း အရေးကြီးပြီး တကယ်လို့ မဖြစ်မနေ သွားလာကြရတဲ့အခါ မျက်လုံး၊ နှာခေါင်း၊ ပါးစပ် စတဲ့ ရောဂါပိုးဝင်ရောက်နိုင်မယ့် အဓိက နေရာတွေကို ဖုံးအုပ်ကာကွယ်နိုင်ဖို့ Mask တပ် ဆင်အသုံးပြုဖို့ကလည်း အရေးပါပါတယ်။



နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်လည်း Mask ကို အထူးဂရုပြုတပ်ဆင်ကြ ဖို့၊ လက်ကိုဆေးဖို့စတဲ့ အခြေခံကျတဲ့ ကျန်းမာရေးအသိပညာပေးမှုတွေကို ကျယ်ကျယ် ပြန့်ပြန့်လုပ်ဆောင်နေပြီး သိပ်မကြာခင်ကလည်း ကိုယ်တိုင်ချုပ် Mask ပြိုင်ပွဲတခုကို ကျင်းပခဲ့ပါသေးတယ်။ဒီလိုအခြေအနေမှာ လူထုပရိသတ်တွေကို အနုပညာရှင်တွေကလည်း တပ်အားတဲ့ တဖက်တလမ်းက ကူညီပေးနေကြသူတွေထဲ စိုင်းစိုင်းခမ်းလှိုင်ကလည်း တယောက်အပါ အဝင်ပဲ ဖြစ်ပါတယ်။



ကျန်းမာရေးအသိပညာပေး ရုပ်သံတွေမှာ ပါဝင်လှုပ်ရှားနေသလို၊ သူ့ရဲ့ မွေးနေ့ ဖျော်ဖြေပွဲမှ ရရှိတဲ့ ရန်ပုံငွေတွေနဲ့ COVID-19 တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ပါဝင်လှူ ဒါန်းမှုတွေလည်း လုပ်ဆောင်နေသူပါ။



ခုတခါ ပရိသတ်တွေကို Challenge ခေါ်တဲ့ လှုပ်ရှားမှုပို့စ်အောက်မှာတော့ သူ့ရဲ့ ပရိသတ်တွေ အများအပြား ပါဝင်ခဲ့ကြတာကိုလည်း တွေ့ရပါတယ်။



ကမ္ဘာတလွှား COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေဟာ ၄,၈၀၅,၂၁၀ ယောက် ရှိလာခဲ့ပြီဖြစ်ပြီး သေဆုံးသူ ၃၁၆,၇၃၂ ယောက်ရှိနေပြီ ဖြစ်ပါတယ်။မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ပိုးကူးစက်ခံရသူ ၁၈၇ ယောက်နဲ့ သေဆုံးသူ ၆ ယောက် ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဒီဗွီဘီ

(Zawgyi)

ႏႈတ္ခမ္းနီမေလးတို႔ အသည္းစြဲအဆိုေတာ္ သ႐ုပ္ေဆာင္တေယာက္ျဖစ္တဲ့ စိုင္း စိုင္းခမ္းလႈိင္က လတ္တေလာကာလမွာ အေရးတႀကီးလုပ္ေဆာင္ဖို႔ လိုအပ္ေနတဲ့ Mask တပ္ၾကဖို႔ အေရး ပရိသတ္ေတြကို Challenge ေခၚထား ပါတယ္။ေမလ ၁၆ ရက္ေန႔မွာေတာ့ သူကိုယ္တိုင္ ႏွစ္သက္တဲ့ Mask တပ္ထားတဲ့ ဓာတ္ပုံ တပုံကို သူ႔ရဲ႕ ေဖ့စ္ဘြတ္ခ္အင္တာနက္လူမႈကြန္ရက္ေပၚမွတဆင့္ မွ်ေဝထားခဲ့ၿပီး ခုလိုေရး သားေဖာ္ျပထားခဲ့တာပါ။

“Simple Mask Challenge… Put on your favourite mask… Take selfie and post it wherever u like with Hashtag… #MyMaskChallenge… I now challenge you, all my fans… Sai Sai Kham Leng”လတ္တေလာကာလဟာ ကမာၻ႔ကပ္ေရာဂါတခုလိုျဖစ္ေနတဲ့ COVID-19 ဗိုင္းရပ္စ္ အႏၲရာယ္ေၾကာင့္ ကမာၻ႔ႏိုင္ငံေတြနည္းတူ ျမန္မာႏိုင္ငံဟာလည္း က်န္းမာေရး အသိ၊ သတိနဲ႔ ေနထိုင္ၾကဖို႔ အေရးတႀကီး လိုအပ္ေနခ်ိန္ ျဖစ္ပါတယ္။


က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္တဲ့ ေဆာင္ရန္ေရွာင္ရန္ေတြကို သတိျပဳလိုက္ နာၾကဖို႔၊ အာဟာရျပည့္ဝတဲ့ စားေသာက္ေနထိုင္မႈပုံစံနဲ႔ တကိုယ္ေရ သန႔္ရွင္းမႈကို ဂ႐ု ျပဳၾကဖို႔အျပင္ လူစုလူေဝးနဲ႔ ပြဲလမ္းသဘင္အခမ္းအနားေတြကို ေရွာင္ၾကဥ္ၾကဖို႔ကလည္း အေရးႀကီးၿပီး တကယ္လို႔ မျဖစ္မေန သြားလာၾကရတဲ့အခါ မ်က္လုံး၊ ႏွာေခါင္း၊ ပါးစပ္ စတဲ့ ေရာဂါပိုးဝင္ေရာက္ႏိုင္မယ့္ အဓိက ေနရာေတြကို ဖုံးအုပ္ကာကြယ္ႏိုင္ဖို႔ Mask တပ္ ဆင္အသုံးျပဳဖို႔ကလည္း အေရးပါပါတယ္။

ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ကိုယ္တိုင္လည္း Mask ကို အထူးဂ႐ုျပဳတပ္ဆင္ၾက ဖို႔၊ လက္ကိုေဆးဖို႔စတဲ့ အေျခခံက်တဲ့ က်န္းမာေရးအသိပညာေပးမႈေတြကို က်ယ္က်ယ္ ျပန႔္ျပန႔္လုပ္ေဆာင္ေနၿပီး သိပ္မၾကာခင္ကလည္း ကိုယ္တိုင္ခ်ဳပ္ Mask ၿပိဳင္ပြဲတခုကို က်င္းပခဲ့ပါေသးတယ္။ဒီလိုအေျခအေနမွာ လူထုပရိသတ္ေတြကို အႏုပညာရွင္ေတြကလည္း တပ္အားတဲ့ တဖက္တလမ္းက ကူညီေပးေနၾကသူေတြထဲ စိုင္းစိုင္းခမ္းလႈိင္ကလည္း တေယာက္အပါ အဝင္ပဲ ျဖစ္ပါတယ္။

က်န္းမာေရးအသိပညာေပး ႐ုပ္သံေတြမွာ ပါဝင္လႈပ္ရွားေနသလို၊ သူ႔ရဲ႕ ေမြးေန႔ ေဖ်ာ္ေျဖပြဲမွ ရရွိတဲ့ ရန္ပုံေငြေတြနဲ႔ COVID-19 တိုက္ဖ်က္ေရးလုပ္ငန္းေတြမွာ ပါဝင္လႉ ဒါန္းမႈေတြလည္း လုပ္ေဆာင္ေနသူပါ။

ခုတခါ ပရိသတ္ေတြကို Challenge ေခၚတဲ့ လႈပ္ရွားမႈပို႔စ္ေအာက္မွာေတာ့ သူ႔ရဲ႕ ပရိသတ္ေတြ အမ်ားအျပား ပါဝင္ခဲ့ၾကတာကိုလည္း ေတြ႕ရပါတယ္။

ကမာၻတလႊား COVID-19 ဗိုင္းရပ္စ္ကူးစက္ခံရသူဦးေရဟာ ၄,၈၀၅,၂၁၀ ေယာက္ ရွိလာခဲ့ၿပီျဖစ္ၿပီး ေသဆုံးသူ ၃၁၆,၇၃၂ ေယာက္ရွိေနၿပီ ျဖစ္ပါတယ္။ျမန္မာႏိုင္ငံမွာေတာ့ လက္ရွိအခ်ိန္ထိ ပိုးကူးစက္ခံရသူ ၁၈၇ ေယာက္နဲ႔ ေသဆုံးသူ ၆ ေယာက္ ရွိေနခဲ့တာ ျဖစ္ပါတယ္။

ဒီဗီြဘီ

Post a Comment

Previous Post Next Post