(Unicode)

မကြာခင်မှာ ညွှန်ကြားချက်ထုတ်ပြန်တော့မှာပါ။ ရန်ကုန်မှာ mask မတပ်ဘဲ အပြင်ထွက်သွားလာနေသူတွေကို ဥပဒေအရ အရေးယူမှုတွေလုပ်ဆောင်တော့မယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အစည်းအဝေးဆုံးဖြတ်ချက်ဖြစ်ပြီး မကြာခင်မှာ ဒီကိစ္စနဲ့ပတ်သက်လို့ ထုတ်ပြန်ချက်ကြေညာချက်တစ်ခုထုတ်ပြန်မယ်လို့ ရန်ကုန်တိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မို့မို့စုကြည်က Duwun ကိုပြောပါတယ်။



” အမတို့က အရင်ကတည်းကပြည်သူတွေကို mask တပ်ပါ၊လက်ဆေးပါဆိုပြီး အသိပညာပေးတာတွေတရဆက်လုပ်နေပါတယ်။ အခုနောက်ပိုင်းမှာ ပြည်သူတွေကလည်း သွားလာလှုပ်ရှားမှုတွေရှိလာပြီ။တချို့ဆို mask မတပ်တာတွေရှိတယ်။ ပြီးတော့ အခုကရောဂါကူးစက်မှုကလည်း နေ့စဉ်နဲ့အမျှဆိုသလို တစ်ယောက်စ၊နှစ်ယောက်စက တိုးလာနေတာဆိုတော့ မဖြစ်မနေလိုက်နာရမယ့်အခြေအနေပါ။ အခုတော့ တိုင်းအစိုးအစည်းဝေးမှာ mask မတပ်သူတွေကို ဥပဒေနဲ့အညီအရေးယူသွားမယ်။ မကြာခင်မှာတိုင်းအစိုးရ ကြေညာချက်တစ်ခု ထုတ်ပြန်ပါလိမ့်မယ်”လို့ ဒါ်မို့မို့စုကြည်ကပြောပါတယ်။



လတ်တလောကာလမှာ COVID 19 ရောဂါကူးစက်မှုတွေက နေ့စဉ်ရက်ဆက်ဆိုသလို လူနာတွေတိုးလာလျှက်ရှိတာကြောင့် ရောဂါကူးစက်မှုထိန်းချုပ်နိုင်ရေးအတွက် အခုလိုလုပ်ဆောင်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။ အရေးယူမှုအပိုင်းကိုတော့ ဘယ်လိုလုပ်ဆောင်သွားမလဲဆိုတာမသိရသေးဘဲ တိုင်းအစိုးရက ကြေညာချက် ထုတ်ပြန်မှသာ ထုတ်ပြန်ချက်မှာ ပါရှိတဲ့အတိုင်း ဥပဒေနဲ့အညီ လုပ်ဆောင်နိုင်အောင်စီစဉ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ မန္တလေးတိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ်တချို့မှာလည်း Mask မတပ်ဘဲ အပြင်ထွက်သွားလာနေသူတွေကို အရေးယူတဲ့အစီအစဉ်တွေ လုပ်ဆောင်လျှက်ရှိပါတယ်။


#ဓူဝံ

(Zawgyi)

မၾကာခင္မွာ ၫႊန္ၾကားခ်က္ထုတ္ျပန္ေတာ့မွာပါ။ ရန္ကုန္မွာ mask မတပ္ဘဲ အျပင္ထြက္သြားလာေနသူေတြကို ဥပေဒအရ အေရးယူမႈေတြလုပ္ေဆာင္ေတာ့မယ္လို႔ သိရပါတယ္။ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ရဲ႕ အစည္းအေဝးဆုံးျဖတ္ခ်က္ျဖစ္ၿပီး မၾကာခင္မွာ ဒီကိစၥနဲ႔ပတ္သက္လို႔ ထုတ္ျပန္ခ်က္ေၾကညာခ်က္တစ္ခုထုတ္ျပန္မယ္လို႔ ရန္ကုန္တိုင္း လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီး ေဒၚမို႔မို႔စုၾကည္က Duwun ကိုေျပာပါတယ္။



” အမတို႔က အရင္ကတည္းကျပည္သူေတြကို mask တပ္ပါ၊လက္ေဆးပါဆိုၿပီး အသိပညာေပးတာေတြတရဆက္လုပ္ေနပါတယ္။ အခုေနာက္ပိုင္းမွာ ျပည္သူေတြကလည္း သြားလာလႈပ္ရွားမႈေတြရွိလာၿပီ။တခ်ိဳ႕ဆို mask မတပ္တာေတြရွိတယ္။ ၿပီးေတာ့ အခုကေရာဂါကူးစက္မႈကလည္း ေန႔စဥ္နဲ႔အမွ်ဆိုသလို တစ္ေယာက္စ၊ႏွစ္ေယာက္စက တိုးလာေနတာဆိုေတာ့ မျဖစ္မေနလိုက္နာရမယ့္အေျခအေနပါ။ အခုေတာ့ တိုင္းအစိုးအစည္းေဝးမွာ mask မတပ္သူေတြကို ဥပေဒနဲ႔အညီအေရးယူသြားမယ္။ မၾကာခင္မွာတိုင္းအစိုးရ ေၾကညာခ်က္တစ္ခု ထုတ္ျပန္ပါလိမ့္မယ္”လို႔ ဒၚမို႔မို႔စုၾကည္ကေျပာပါတယ္။



လတ္တေလာကာလမွာ COVID 19 ေရာဂါကူးစက္မႈေတြက ေန႔စဥ္ရက္ဆက္ဆိုသလို လူနာေတြတိုးလာလွ်က္ရွိတာေၾကာင့္ ေရာဂါကူးစက္မႈထိန္းခ်ဳပ္ႏိုင္ေရးအတြက္ အခုလိုလုပ္ေဆာင္ရျခင္းျဖစ္တယ္လို႔ သိရပါတယ္။ အေရးယူမႈအပိုင္းကိုေတာ့ ဘယ္လိုလုပ္ေဆာင္သြားမလဲဆိုတာမသိရေသးဘဲ တိုင္းအစိုးရက ေၾကညာခ်က္ ထုတ္ျပန္မွသာ ထုတ္ျပန္ခ်က္မွာ ပါရွိတဲ့အတိုင္း ဥပေဒနဲ႔အညီ လုပ္ေဆာင္ႏိုင္ေအာင္စီစဥ္ေဆာင္႐ြက္ေနတယ္လို႔ ဆိုပါတယ္။ လက္ရွိမွာေတာ့ မႏၲေလးတိုင္းအပါအဝင္ တိုင္းနဲ႔ျပည္နယ္တခ်ိဳ႕မွာလည္း Mask မတပ္ဘဲ အျပင္ထြက္သြားလာေနသူေတြကို အေရးယူတဲ့အစီအစဥ္ေတြ လုပ္ေဆာင္လွ်က္ရွိပါတယ္။


#ဓူဝံ

Post a Comment

Previous Post Next Post