(Unicode)

ဧရာဝတီတိုင်းအတွင်းရှိ စည်ပင်သာယာဈေးတွေနဲ့ ပျံကျဈေးတွေမှာ ဈေးရောင်းချသူတွေနဲ့ ဈေးဝယ်သူတွေ Mask မတပ်ပါက ဒဏ်ငွေတပ် အရေးယူဖို့ တိုင်းစည်ပင်သာယာရေးအဖွဲ့က မေ ၈ ရက်နေ့မှာ ညွှန်ကြားထားတယ်လို့ သိရပါတယ်။လူစုလူဝေးနဲ့ လုပ်ကိုင်တာ၊ ရောင်းဝယ်တာတွေကို ဈေးတွေနဲ့ စက်ရုံ၊ အလုပ်ရုံတွေမှာ လုပ်ဆောင်ရွက်နေကြတာကြောင့် အခုလို ညွှန်ကြားချက် ထုတ်ပြန်တာလို့ ဆိုပါတယ်။


ဈေးလာရောက်ဝယ်ယူသူတွေ နှာခေါင်းစည်းမတပ်ပါက ဈေးအတွင်း ဝင်ရောက်ခွင့်မပြုဖို့လည်း ညွှန်ကြားထားပါတယ်။“ကျနော်တို့ဈေးတွေမှာ နှာခေါင်းစည်းဝေတာတွေ Face shield ဝေတာတွေလည်း စည်ပင်သာယာရေးအဖွဲ့တွေနဲ့ လိုက်လုပ်ထားတယ်။ အခုနောက်ပိုင်း နှာခေါင်းစည်းတပ်တာ လျော့လာတယ်။ သက်ဆိုင်ရာဌာနတွေက ကြပ်မတ်ဆောင်ရွက်သင့်တယ် အားလုံး တာဝန်ရှိတာပေါ့၊ ပြည်သူတွေ လိုက်နာသင့်တယ်” လို့ ပုသိမ်မြို့ COVID-19 Information အဖွဲ့မှ ဦးစိုးမြင့်မောင်က DVB ကို ပြောပါတယ်။



ဧရာဝတီတိုင်း စည်ပင်သာယာရေးအဖွဲ့ ထုတ်ပြန်ချက်မှာ COVID-19 ကူးစက်ရောဂါပိုး ကာကွယ်ထိန်းချုပ်တာကို ဆောင်ရွက်ဆဲကာလဖြစ်လို့ ဈေးဝယ်သူတွေနဲ့ ဈေးရောင်းချသူတွေကို နှာခေါင်းစည်းတပ်ကြဖို့ ကြပ်မတ်ရတာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဒီဗွီဘီ

(Zawgyi)

ဧရာဝတီတိုင္းအတြင္းရွိ စည္ပင္သာယာေစ်းေတြနဲ႔ ပ်ံက်ေစ်းေတြမွာ ေစ်းေရာင္းခ်သူေတြနဲ႔ ေဈးဝယ္သူေတြ Mask မတပ္ပါက ဒဏ္ေငြတပ္ အေရးယူဖို႔ တိုင္းစည္ပင္သာယာေရးအဖြဲ႕က ေမ ၈ ရက္ေန႔မွာ ၫႊန္ၾကားထားတယ္လို႔ သိရပါတယ္။လူစုလူေဝးနဲ႔ လုပ္ကိုင္တာ၊ ေရာင္းဝယ္တာေတြကို ေဈးေတြနဲ႔ စက္႐ုံ၊ အလုပ္႐ုံေတြမွာ လုပ္ေဆာင္႐ြက္ေနၾကတာေၾကာင့္ အခုလို ၫႊန္ၾကားခ်က္ ထုတ္ျပန္တာလို႔ ဆိုပါတယ္။


ေစ်းလာေရာက္ဝယ္ယူသူေတြ ႏွာေခါင္းစည္းမတပ္ပါက ေစ်းအတြင္း ဝင္ေရာက္ခြင့္မျပဳဖို႔လည္း ၫႊန္ၾကားထားပါတယ္။“က်ေနာ္တို႔ေစ်းေတြမွာ ႏွာေခါင္းစည္းေဝတာေတြ Face shield ေဝတာေတြလည္း စည္ပင္သာယာေရးအဖြဲ႕ေတြနဲ႔ လိုက္လုပ္ထားတယ္။ အခုေနာက္ပိုင္း ႏွာေခါင္းစည္းတပ္တာ ေလ်ာ့လာတယ္။ သက္ဆိုင္ရာဌာနေတြက ၾကပ္မတ္ေဆာင္႐ြက္သင့္တယ္ အားလုံး တာဝန္ရွိတာေပါ့၊ ျပည္သူေတြ လိုက္နာသင့္တယ္” လို႔ ပုသိမ္ၿမိဳ႕ COVID-19 Information အဖြဲ႕မွ ဦးစိုးျမင့္ေမာင္က DVB ကို ေျပာပါတယ္။


ဧရာဝတီတိုင္း စည္ပင္သာယာေရးအဖြဲ႕ ထုတ္ျပန္ခ်က္မွာ COVID-19 ကူးစက္ေရာဂါပိုး ကာကြယ္ထိန္းခ်ဳပ္တာကို ေဆာင္႐ြက္ဆဲကာလျဖစ္လို႔ ေစ်းဝယ္သူေတြနဲ႔ ေစ်းေရာင္းခ်သူေတြကို ႏွာေခါင္းစည္းတပ္ၾကဖို႔ ၾကပ္မတ္ရတာျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။

ဒီဗီြဘီ

Post a Comment

Previous Post Next Post