(Unicode)

ငွေကျပ်(၁၀၀၀)ဆီတောင်းပြီး mask နှစ်ခုပြန်ပေးခဲ့တာပါ။ မန္တလေးမှာ နှာခေါင်းစည်းမတပ်ရင်အရေးယူမယ့်စနစ် စတင်ကြေညာပြီးတဲ့နောက် နှစ်ရက်အတွင်းမှာပဲ အရေးယူခံရသူ ၃၈ ဦး ရှိခဲ့ပါတယ်။ မြို့နယ်နှစ်ခုရဲ့ဈေးနှစ်ခုအတွင်း အချိန်တစ်နာရီခန့် ပညာပေးကမ်းပိန်းလိုက်လံဆောင်ရွက်နေစဉ် နှာခေါင်းစည်းစနစ်တကျ တပ်မလာသူ နဲ့ နှာခေါင်းစည်းပါမလာသူတွေကို အရေးယူခဲ့တာဖြစ်ပါတယ်။



” mask မတပ်ရင်ဘဲဖြစ်ဖြစ်၊ တပ်ပြီး မေးစေ့အောက်မှာ စနစ်တကျ မတပ်ထားတဲ့သူတွေကို အရေးယူမှုတွေဆောင်ရွက်ခဲ့တာပါ။ တစ်ယောက်ကို mask နှစ်ခုပေးပြီး တစ်ယောက်ကို ငွေကျပ် (၁၀၀၀)နှုန်းနဲ့ ဒဏ်ငွေရိုက်တာ အားလုံး (၃၈)ယောက်ရှိပါတယ်” လို့ ပုသိမ်ကြီး စည်ပင် ဥက္ကဌ ဦးညွန့်ဆန်းက ကိုပြောပါတယ်။


အိမ်ပြင်ထွက်တဲ့အခါ နှာခေါင်းစည်းစနစ်တကျတပ်မလာရင် ပညာပေးကာလအဖြစ် သတ်မှတ်ထားတဲ့ မေလ ၉ ရက်ကနေ ၁၅ ရက်နေ့ အထိ နှာခေါင်းစည်းနှစ်ခုကို ငွေကျပ်တစ်ထောင်နဲ့ဝယ်ယူရမယ် ၊ပညာပေးကာလအလွန်မှာတော့ နှာခေါင်းစည်းနှစ်ခုကို ငွေကျပ်ငါးထောာင်နဲ့ဝယ်ယူရမယ်ဆိုပြီး မန္တလေးတိုင်းဒေသကြီးအစိုးရ မေလ ၈ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

” အများစုကတော့ ပြည်သူတွေက ပူးပေါင်းဆောင်ရွက်ပါတယ်။ ကျန်းမာရေးအမြင်ရှိကြတာကိုလည်း ကျွန်တော်တို့ တွေ့ရပါတယ်။ တချို့ mask မတက်တဲ့သူတွေကို mask တပ်ဖို့အတွက် ပေးတယ်ဆိုပြီး” ပုသိမ်ကြီးမြို့နယ်လူငယ်ရေးရာကော်မတီမှကိုသန့်စင်မောင်က ပြောပါတယ်။ လက်ရှိမှာမန္တလေးတိုင်းဒေသကြီးအစိုးရက သက်ဆိုင်ရာမြို့နယ်အလိုက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီ၊ မန္တလေးခရိုင်လူငယ်ရေးရာကော်မတီတို့ပါဝင်တဲ့ပူးပေါင်းအဖွဲ့နဲ့ ဈေးတွေမှာ ပညာပေး ကမ်းပိန်းတွေလှုပ်ရှားဆောင်ရွက်စေခဲ့တာပါ။



မန္တလေးတိုင်းဒေသကြီးအစိုးရအနေနဲ့ COVID 19 ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနဲ့ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေအပေါ် အထောက်အကူဖြစ်စေဖို့အတွက် ဧပြီလ ၁၁ ရက်နေ့ကစလို့ Homemade နှာခေါင်းစည်းတွေကို ဈေးတွေမှာအခမဲ့ဝေငှပေးခဲ့သလို နှစ်ခုကိုငွေကျပ်ငါးရာနဲ့ရောင်းချတာမျိုးတွေလည်းလုပ်ခဲ့ပါတယ်။

ဓူဝံ

(Zawgyi)

ေငြက်ပ္(၁၀၀၀)ဆီေတာင္းၿပီး mask ႏွစ္ခုျပန္ေပးခဲ့တာပါ။ မႏၲေလးမွာ ႏွာေခါင္းစည္းမတပ္ရင္အေရးယူမယ့္စနစ္ စတင္ေၾကညာၿပီးတဲ့ေနာက္ ႏွစ္ရက္အတြင္းမွာပဲ အေရးယူခံရသူ ၃၈ ဦး ရွိခဲ့ပါတယ္။ ၿမိဳ႕နယ္ႏွစ္ခုရဲ႕ေဈးႏွစ္ခုအတြင္း အခ်ိန္တစ္နာရီခန႔္ ပညာေပးကမ္းပိန္းလိုက္လံေဆာင္႐ြက္ေနစဥ္ ႏွာေခါင္းစည္းစနစ္တက် တပ္မလာသူ နဲ႔ ႏွာေခါင္းစည္းပါမလာသူေတြကို အေရးယူခဲ့တာျဖစ္ပါတယ္။


” mask မတပ္ရင္ဘဲျဖစ္ျဖစ္၊ တပ္ၿပီး ေမးေစ့ေအာက္မွာ စနစ္တက် မတပ္ထားတဲ့သူေတြကို အေရးယူမႈေတြေဆာင္႐ြက္ခဲ့တာပါ။ တစ္ေယာက္ကို mask ႏွစ္ခုေပးၿပီး တစ္ေယာက္ကို ေငြက်ပ္ (၁၀၀၀)ႏႈန္းနဲ႔ ဒဏ္ေငြ႐ိုက္တာ အားလုံး (၃၈)ေယာက္ရွိပါတယ္” လို႔ ပုသိမ္ႀကီး စည္ပင္ ဥကၠဌ ဦးၫြန႔္ဆန္းက ကိုေျပာပါတယ္။


အိမ္ျပင္ထြက္တဲ့အခါ ႏွာေခါင္းစည္းစနစ္တက်တပ္မလာရင္ ပညာေပးကာလအျဖစ္ သတ္မွတ္ထားတဲ့ ေမလ ၉ ရက္ကေန ၁၅ ရက္ေန႔ အထိ ႏွာေခါင္းစည္းႏွစ္ခုကို ေငြက်ပ္တစ္ေထာင္နဲ႔ဝယ္ယူရမယ္ ၊ပညာေပးကာလအလြန္မွာေတာ့ ႏွာေခါင္းစည္းႏွစ္ခုကို ေငြက်ပ္ငါးေထာာင္နဲ႔ဝယ္ယူရမယ္ဆိုၿပီး မႏၲေလးတိုင္းေဒသႀကီးအစိုးရ ေမလ ၈ ရက္ေန႔က ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

” အမ်ားစုကေတာ့ ျပည္သူေတြက ပူးေပါင္းေဆာင္႐ြက္ပါတယ္။ က်န္းမာေရးအျမင္ရွိၾကတာကိုလည္း ကြၽန္ေတာ္တို႔ ေတြ႕ရပါတယ္။ တခ်ိဳ႕ mask မတက္တဲ့သူေတြကို mask တပ္ဖို႔အတြက္ ေပးတယ္ဆိုၿပီး” ပုသိမ္ႀကီးၿမိဳ႕နယ္လူငယ္ေရးရာေကာ္မတီမွကိုသန႔္စင္ေမာင္က ေျပာပါတယ္။ လက္ရွိမွာမႏၲေလးတိုင္းေဒသႀကီးအစိုးရက သက္ဆိုင္ရာၿမိဳ႕နယ္အလိုက္ အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာန၊ စည္ပင္သာယာေရးေကာ္မတီ၊ မႏၲေလးခ႐ိုင္လူငယ္ေရးရာေကာ္မတီတို႔ပါဝင္တဲ့ပူးေပါင္းအဖြဲ႕နဲ႔ ေဈးေတြမွာ ပညာေပး ကမ္းပိန္းေတြလႈပ္ရွားေဆာင္႐ြက္ေစခဲ့တာပါ။


မႏၲေလးတိုင္းေဒသႀကီးအစိုးရအေနနဲ႔ COVID 19 ေရာဂါကူးစက္ျပန႔္ပြားမႈမျဖစ္ေပၚေစေရးနဲ႔ ကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းေတြအေပၚ အေထာက္အကူျဖစ္ေစဖို႔အတြက္ ဧၿပီလ ၁၁ ရက္ေန႔ကစလို႔ Homemade ႏွာေခါင္းစည္းေတြကို ေဈးေတြမွာအခမဲ့ေဝငွေပးခဲ့သလို ႏွစ္ခုကိုေငြက်ပ္ငါးရာနဲ႔ေရာင္းခ်တာမ်ိဳးေတြလည္းလုပ္ခဲ့ပါတယ္။

ဓူဝံ

Post a Comment

Previous Post Next Post