(Unicode)

လှိုင်သာယာမြို့နယ်တွင် နှာခေါင်းစည်း Mask တပ်ဆင်ခြင်းမရှိသူ ကျား ၉၅ ဦး၊ မ ၇ ဦး၊ စုစုပေါင်း ၁၀၂ ဦးကို စတင်အရေးယူလိုက်ပြီဖြစ်ကြောင်း လှိုင်သာယာမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူကပြောသည်။



လှိုင်သာယာမြို့နယ်၏ အဓိကကျသောနေရာများဖြစ်သည့် ပျံကျဈေး ၁၅ ဈေး၊ မီးခွက်ဈေး၊ BOC လမ်းဆုံ၊ သမကုန်းလမ်းဆုံများတွင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် လိုက်လံစစ်ဆေးပြီး Mask မတပ်ဆင်သူ ၁၀၂  ဦးကို ပထမဆုံးအနေဖြင့် အရေးယူလိုက်ခြင်းဖြစ်သည်။



''ဒီနေ့မှ စလုပ်လိုက်တာ။ ဒီလိုမျိုးလုပ်လိုက်တာဟာ လှိုင်သာယာမြို့နေပြည်သူတွေကို Alarm ပေးလိုက်တဲ့သဘောပါ။ သူတို့ကို မြို့နယ်တရားရုံးကိုပို့ပေးလိုက်ပြီ။ တရားရုံးကဒဏ်ငွေ ၅၀ဝ၀ ကျပ် ရိုက်ပြီးလို့ရှိရင် ပြန်လွှတ်ပေးပါလိမ့်မယ်''ဟု ဦးမြတ်မင်းသူကပြောသည်။



ယခုကဲ့သို့ အရေးမယူခင် ဈေးများနှင့်ရပ်ကွက်များအတွင်း၌ အသိပညာပေးခြင်း၊ နှိုးဆော်တိုက်တွန်းခြင်း များကို Campaign သဘောမျိုးပြုလုပ်ခဲ့သော်လည်း လိုက်နာမှုအားနည်းခြင်းကြောင့်  ဆောင်ရွက်လိုက်ရခြင်း ဖြစ်သည်ဟု ဦးမြတ်မင်းသူက ပြောသည်။



လှိုင်သာယာမြို့နယ်အတွင်းရှိ Mask မဝယ်နိုင်သည့်သူများကို လိုက်လံဖြန့်ဝေပေးနေသည့်အပြင် ပရဟိတအသင်းများမှ ဦးဆောင်၍လည်း ဈေးနှုန်းသက်သက်သာသာနှင့် လိုက်လံရောင်းချပေးခြင်းများလည်း ဆောင်ရွက်ပေးလျက်ရှိသည်ဟု ဦးမြတ်မင်းသူက ဆက်လက်ပြောသည်။



မေ ၁၃ ရက်ကနေစတင်၍ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာတိုင်း ပါးစပ်/နှာခေါင်းစည်း Mask တပ်ဆင်ရန်နှင့် လိုက်နာမှုမရှိပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေနှင့်အညီ အရေးယူခံရမည်ဟု မြို့နယ်အဆင့် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအသီးသီးက ထုတ်ပြန်ကြေညာထားသည်။ 

ကျော်စိုးသူ(City News)

(Zawgyi)

ႈိင္သာယာၿမိဳ႕နယ္တြင္ ႏွာေခါင္းစည္း Mask တပ္ဆင္ျခင္းမရွိသူ က်ား ၉၅ ဦး၊ မ ၇ ဦး၊ စုစုေပါင္း ၁၀၂ ဦးကို စတင္အေရးယူလိုက္ၿပီျဖစ္ေၾကာင္း လႈိင္သာယာၿမိဳ႕နယ္၊ မဲဆႏၵနယ္ အမွတ္(၂) တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမတ္မင္းသူကေျပာသည္။



လႈိင္သာယာၿမိဳ႕နယ္၏ အဓိကက်ေသာေနရာမ်ားျဖစ္သည့္ ပ်ံက်ေဈး ၁၅ ေဈး၊ မီးခြက္ေဈး၊ BOC လမ္းဆုံ၊ သမကုန္းလမ္းဆုံမ်ားတြင္ ဌာနဆိုင္ရာပူးေပါင္းအဖြဲ႕မ်ားျဖင့္ လိုက္လံစစ္ေဆးၿပီး Mask မတပ္ဆင္သူ ၁၀၂  ဦးကို ပထမဆုံးအေနျဖင့္ အေရးယူလိုက္ျခင္းျဖစ္သည္။



''ဒီေန႔မွ စလုပ္လိုက္တာ။ ဒီလိုမ်ိဳးလုပ္လိုက္တာဟာ လႈိင္သာယာၿမိဳ႕ေနျပည္သူေတြကို Alarm ေပးလိုက္တဲ့သေဘာပါ။ သူတို႔ကို ၿမိဳ႕နယ္တရား႐ုံးကိုပို႔ေပးလိုက္ၿပီ။ တရား႐ုံးကဒဏ္ေငြ ၅၀ဝ၀ က်ပ္ ႐ိုက္ၿပီးလို႔ရွိရင္ ျပန္လႊတ္ေပးပါလိမ့္မယ္''ဟု ဦးျမတ္မင္းသူကေျပာသည္။



ယခုကဲ့သို႔ အေရးမယူခင္ ေဈးမ်ားႏွင့္ရပ္ကြက္မ်ားအတြင္း၌ အသိပညာေပးျခင္း၊ ႏႈိးေဆာ္တိုက္တြန္းျခင္း မ်ားကို Campaign သေဘာမ်ိဳးျပဳလုပ္ခဲ့ေသာ္လည္း လိုက္နာမႈအားနည္းျခင္းေၾကာင့္  ေဆာင္႐ြက္လိုက္ရျခင္း ျဖစ္သည္ဟု ဦးျမတ္မင္းသူက ေျပာသည္။


လႈိင္သာယာၿမိဳ႕နယ္အတြင္းရွိ Mask မဝယ္ႏိုင္သည့္သူမ်ားကို လိုက္လံျဖန႔္ေဝေပးေနသည့္အျပင္ ပရဟိတအသင္းမ်ားမွ ဦးေဆာင္၍လည္း ေဈးႏႈန္းသက္သက္သာသာႏွင့္ လိုက္လံေရာင္းခ်ေပးျခင္းမ်ားလည္း ေဆာင္႐ြက္ေပးလ်က္ရွိသည္ဟု ဦးျမတ္မင္းသူက ဆက္လက္ေျပာသည္။


ေမ ၁၃ ရက္ကေနစတင္၍ ေနအိမ္ျပင္ပသို႔ ထြက္ခြာသြားလာတိုင္း ပါးစပ္/ႏွာေခါင္းစည္း Mask တပ္ဆင္ရန္ႏွင့္ လိုက္နာမႈမရွိပါက ကူးစက္ေရာဂါမ်ား ကာကြယ္ႏွိမ္နင္းေရးဥပေဒႏွင့္အညီ အေရးယူခံရမည္ဟု ၿမိဳ႕နယ္အဆင့္ COVID-19 ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုံ႔ျပန္ေရးေကာ္မတီအသီးသီးက ထုတ္ျပန္ေၾကညာထားသည္။ 

က်ာ္စိုးသူ(City News)


Post a Comment

Previous Post Next Post