(Unicode)

လတ်တလောဖြစ်ပွားနေတဲ့ Covid-19 ရောဂါပိုးကာကွယ်ရေးမှာ Mask တပ်ခြင်းက အဓိကကျတဲ့အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ အပြင်မှာ လူသုံးများနေတဲ့ Mask အစိမ်းနဲ့အပြာတွေကတော့ ဒီဗိုင်းရပ်စ်ကိုထိရောက်စွာ ကာကွယ်နိုင်ပေမယ့် တစ်ခုကို (၃၀၀)ကျပ်ကနေ (၅၀၀) ကြားကျသင့်နေတာမို့ ဆင်းရဲသားလူတန်းစားပိုမိုများပြားတဲ့ မြန်မာနိုင်ငံအတွက် Mask တပ်ခြင်းက ရေရှည်လုပ်ငန်းစဉ်တစ်ရပ်ဖြစ်လာမှာ မဟုတ်ပါဘူး။




မြန်မာပြည်သူတစ်ရပ်လုံးက လေးစားအားကျနေရတဲ့ အမေစုကတော့ မြန်မာပြည်သူပြည်သားတွေအတွက် Mask တပ်ခြင်းကို ရေရှည်လုပ်ငန်းစဉ်ဖြစ်စေလိုတဲ့အတွက် အစီအစဉ်လေးတစ်ခုပြုလုပ်ထားပါတယ်။ သူကိုယ်တိုင်လည်း ရောဂါကာကွယ်ရေးစတင်ကတည်းက Mask ကို ကိုယ်တိုင်ချုပ်လုပ်ဝတ်ဆင်ခဲ့ပြီး မြန်မာပြည်သူပြည်သားတွေလည်း ကိုယ်တိုင်ချုပ် Mask လေးတွေအသုံးပြုကြဖို့ တိုက်တွန်းကာ ပြိုင်ပွဲလေးပြုလုပ်ခဲ့ပါတယ်။ ဒီပြိုင်ပွဲလေးမှာတော့ ပြည်သူ့အချစ်တော်အနုပညာရှင်တွေလည်း ပါဝင်ခဲ့ပါတယ်။



(၁) ဒီဇိုင်နာမျိုးမင်းစိုး
ဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့ မျိုးမင်းစိုးအတွက်ကတော့ Mask ချုပ်ခြင်းက အထူးတလည်ခက်ခဲနေမှာမဟုတ်ပါဘူး။ သူရဲ့ Mask ကိုတော့ ကြာချည်မျှင်နဲ့ပြုလုပ်ထားပြီး အောက်က သဘာဝဆိုးဆေးဆိုးထားတဲ့ ချည်သားစစ်စစ်ခံထားတဲ့ ကြာချည်မျှင် Mask လေးနဲ့ ပြိုင်ပွဲဝင်ခဲ့ပါတယ်။

(၂) ချောစုခင်
သူကတော့ ရာသီဥတုကလည်းအလွန်ပူပြင်းနေတာကြောင့် အေးမြတဲ့ အဖြူရောင်ချည်သားလေးကို သုံးပြီး ချုပ်ရလွယ်တဲ့ပုံလေးချုပ်ကာ ပါဝင်ယှဉ်ပြိုင်ထားပါတယ်.. သူ့အတွက်သာမက အိမ်သားတွေအတွက်ရယ်၊ သူငယ်ချင်းတွေအတွက်ရယ်ပါ ချုပ်ပေးဖြစ်ပါတယ်တဲ့။



(၃) သဲနော်ဇာ
MRTV-4 မင်းသမီးလေး သဲနော်ဇာကတော့ Mask ရဲ့အပြင်ဆုံးအစကို အိမ်မှာရှိတဲ့ အိန္ဒိယလုံချည်က ပိုတဲ့အစကို သုံးထားပါတယ်။ အတွင်း (၂)စကိုတော့ ပိတ်ဖြူစသုံးပြီး သုံးလွှာချုပ်ထားတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကြာရှည်စွာဝတ်ဆင်နိုင်ပြီး နာကျင်မှုနည်းစေဖို့ သားရေကြိုးကိုလည်း (၅ )မှုးအရွယ် အသေးဆုံးသားရေကြိုးကို သုံးကာ ပါဝင်ယှဉ်ပြိုင်ထားပါတယ်တဲ့ ပရိသတ်ကြီးရေ..



အမေစုကတော့ ပြည်သူတွေ Mask နဲ့ယဉ်ပါးပြီး အမြဲတစေသုံးတတ်တဲ့ အလေ့အထဖြစ်လာအောင် ပြိုင်ပွဲပြုလုပ်ပေးခဲ့တာဖြစ်ပြီး လူအများအပြား ကိုယ်တိုင်ချုပ် Mask တွေနဲ့ ပါဝင်ယှဉ်ပြိုင်နေကြတာပါ။ ပရိသတ်ကြီးထဲမှာရော Mask ကို ကိုယ်တိုင်ချုပ်ပြီး သုံးနေသူတွေရှိပြီလား မျှဝေခဲ့ပါဦးနော်။



(Zawgyi)

လတ္တေလာျဖစ္ပြားေနတဲ့ Covid-19 ေရာဂါပိုးကာကြယ္ေရးမွာ Mask တပ္ျခင္းက အဓိကက်တဲ့အခန္းက႑ကေန ပါဝင္ေနပါတယ္။ အျပင္မွာ လူသုံးမ်ားေနတဲ့ Mask အစိမ္းနဲ႔အျပာေတြကေတာ့ ဒီဗိုင္းရပ္စ္ကိုထိေရာက္စြာ ကာကြယ္ႏိုင္ေပမယ့္ တစ္ခုကို (၃၀၀)က်ပ္ကေန (၅၀၀) ၾကားက်သင့္ေနတာမို႔ ဆင္းရဲသားလူတန္းစားပိုမိုမ်ားျပားတဲ့ ျမန္မာႏိုင္ငံအတြက္ Mask တပ္ျခင္းက ေရရွည္လုပ္ငန္းစဥ္တစ္ရပ္ျဖစ္လာမွာ မဟုတ္ပါဘူး။



ျမန္မာျပည္သူတစ္ရပ္လုံးက ေလးစားအားက်ေနရတဲ့ အေမစုကေတာ့ ျမန္မာျပည္သူျပည္သားေတြအတြက္ Mask တပ္ျခင္းကို ေရရွည္လုပ္ငန္းစဥ္ျဖစ္ေစလိုတဲ့အတြက္ အစီအစဥ္ေလးတစ္ခုျပဳလုပ္ထားပါတယ္။ သူကိုယ္တိုင္လည္း ေရာဂါကာကြယ္ေရးစတင္ကတည္းက Mask ကို ကိုယ္တိုင္ခ်ဳပ္လုပ္ဝတ္ဆင္ခဲ့ၿပီး ျမန္မာျပည္သူျပည္သားေတြလည္း ကိုယ္တိုင္ခ်ဳပ္ Mask ေလးေတြအသုံးျပဳၾကဖို႔ တိုက္တြန္းကာ ၿပိဳင္ပြဲေလးျပဳလုပ္ခဲ့ပါတယ္။ ဒီၿပိဳင္ပြဲေလးမွာေတာ့ ျပည္သူ႔အခ်စ္ေတာ္အႏုပညာရွင္ေတြလည္း ပါဝင္ခဲ့ပါတယ္။



(၁) ဒီဇိုင္နာမ်ိဳးမင္းစိုး
ဒီဇိုင္နာတစ္ေယာက္ျဖစ္တဲ့ မ်ိဳးမင္းစိုးအတြက္ကေတာ့ Mask ခ်ဳပ္ျခင္းက အထူးတလည္ခက္ခဲေနမွာမဟုတ္ပါဘူး။ သူရဲ႕ Mask ကိုေတာ့ ၾကာခ်ည္မွ်င္နဲ႔ျပဳလုပ္ထားၿပီး ေအာက္က သဘာဝဆိုးေဆးဆိုးထားတဲ့ ခ်ည္သားစစ္စစ္ခံထားတဲ့ ၾကာခ်ည္မွ်င္ Mask ေလးနဲ႔ ၿပိဳင္ပြဲဝင္ခဲ့ပါတယ္။

(၂) ေခ်ာစုခင္
သူကေတာ့ ရာသီဥတုကလည္းအလြန္ပူျပင္းေနတာေၾကာင့္ ေအးျမတဲ့ အျဖဴေရာင္ခ်ည္သားေလးကို သုံးၿပီး ခ်ဳပ္ရလြယ္တဲ့ပုံေလးခ်ဳပ္ကာ ပါဝင္ယွဥ္ၿပိဳင္ထားပါတယ္.. သူ႔အတြက္သာမက အိမ္သားေတြအတြက္ရယ္၊ သူငယ္ခ်င္းေတြအတြက္ရယ္ပါ ခ်ဳပ္ေပးျဖစ္ပါတယ္တဲ့။



(၃) သဲေနာ္ဇာ
MRTV-4 မင္းသမီးေလး သဲေနာ္ဇာကေတာ့ Mask ရဲ႕အျပင္ဆုံးအစကို အိမ္မွာရွိတဲ့ အိႏၵိယလုံခ်ည္က ပိုတဲ့အစကို သုံးထားပါတယ္။ အတြင္း (၂)စကိုေတာ့ ပိတ္ျဖဴစသုံးၿပီး သုံးလႊာခ်ဳပ္ထားတာပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ ၾကာရွည္စြာဝတ္ဆင္ႏိုင္ၿပီး နာက်င္မႈနည္းေစဖို႔ သားေရႀကိဳးကိုလည္း (၅ )မႈးအ႐ြယ္ အေသးဆုံးသားေရႀကိဳးကို သုံးကာ ပါဝင္ယွဥ္ၿပိဳင္ထားပါတယ္တဲ့ ပရိသတ္ႀကီးေရ..



အေမစုကေတာ့ ျပည္သူေတြ Mask နဲ႔ယဥ္ပါးၿပီး အၿမဲတေစသုံးတတ္တဲ့ အေလ့အထျဖစ္လာေအာင္ ၿပိဳင္ပြဲျပဳလုပ္ေပးခဲ့တာျဖစ္ၿပီး လူအမ်ားအျပား ကိုယ္တိုင္ခ်ဳပ္ Mask ေတြနဲ႔ ပါဝင္ယွဥ္ၿပိဳင္ေနၾကတာပါ။ ပရိသတ္ႀကီးထဲမွာေရာ Mask ကို ကိုယ္တိုင္ခ်ဳပ္ၿပီး သုံးေနသူေတြရွိၿပီလား မွ်ေဝခဲ့ပါဦးေနာ္။

Post a Comment

Previous Post Next Post