(Unicode)
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်‌ဒေါ်အောင်ဆန်းစုကြည်က ၎င်းကျင်းပပြုလုပ်ခဲ့သည့် mask ပြိုင်ပွဲ ဆုအားလုံးကြေညာခဲ့ရာ အထူးဆုအဖြစ် ရုရှနိုင်ငံ သံအမတ်ကြီး H.E. Dr. Nikolay Listopadov နဲ့ မိသားစုတို့က ရရှိခဲ့ကြောင်း သိရသည်။ ဆုကြေညာချက်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ” မကြေညာရသေးတဲ့ mask ပြိုင်ပွဲ ဆုအားလုံးကို ဒီကနေ့ကြေညာပါတော့မယ်။ ပြည်သူအကျိုးပြုဆုများ။ ကျန်းမာရေးဝန်ကြီးဌာနက ကျန်းမာရေးရှုထောင့်က လက်ခံနိုင်တဲ့အပြင်၊ အများပြည်သူအတွက် လှူဒါန်းရန် ရည်ရွယ်ပြီး ပြုလုပ်ထားခြင်းနဲ့ like အများဆုံးရရှိထားခြင်းတို့အပေါ် အခြေခံပြီးရွေးချယ်ထားပါတယ်။
ပထမ၊ Daw Kyi Kyi Win။
ဒုတိယ၊ May Phyu Sin Nyein။
တတိယ၊ Thinn Su “တို့ ဖြစ်ကြောင်း ကြေညာခဲ့သည်။
ဆက်လက်၍ “စိတ်ဝင်စားဖွယ် အကောင်းဆုံး ရည်ရွယ်ချက်ဆုတွေနဲ့ ပတ်သက်လို့ ဘာ့ကြောင့် ကျွန်မ ရွေးချယ်တယ်ဆိုတာကို အနည်းငယ် ရှင်းပြချင်ပါတယ်။  ပထမ၊ Shin Nyein Mei။ မေတ္တာကို အမြင့်ဆုံးတန်ဖိုးထားခြင်းကိုအလွန်သဘောကျမိပါတယ်။ လောကကြီးအလိုအပ်နေဆုံးက မေတ္တာမဟုတ်ပါလား။ ဒုတိယ၊ Kyaw Thu။ “လမ်းမှာတွေ့သူတိုင်း အပြုံးတွေမြင်ပြီးအပျော်တွေ ကူးစက် ဘဝအမောတွေပြေစေကြပါစေ” ဆိုတဲ့ ရည်ရွယ်ချက်ကလည်း မေတ္တာက ပေါက်ပွါးလာတာပဲမဟုတ်ပါလား။ တတိယ၊ Daw Nwe Ni။ ကလေးတွေ mask တပ်ဆင်ချင်အောင် စိတ်ကူးလေးနဲ့ ချုပ်လိုက်တဲ့ mask လေးတွေဟာ တီထွင်စွမ်းရှိသလို မေတ္တာငွေ့လည်း ပါပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ရေးသားထားသည်။
ထို့ပြင် ဆက်လက်၍ “ကြေညာပြီးဆုတွေအပြင် ကျွန်မ အထူးဆုတစ်ခုချီးမြှင့်ပါမယ်။ ဒီဆုကတော့ ရုရှနိုင်ငံ သံအမတ်ကြီး H.E. Dr. Nikolay Listopadov နဲ့မိသားစုအတွက်ပါ။ ကျွန်မတို့ ပြိုင်ပွဲကိုအားပေးလိုတဲ့စိတ်နဲ့ မိသားစုဝင် (၃)ဦးလုံး ရုရှလင်နင်သားနဲ့ ချုပ်ထားတဲ့ mask တွေတပ်ဆင်ပြီးရိုက်ထားတဲ့ပုံက စိတ်ရွှင်လန်းစရာပါ” ဟု လည်း ဆိုသည်။
“ယခုတလော ပိတ်ချုပ် masks လေးတွေတပ်နေကြတာမြင်ရလို့ ကျွန်မတို့ ပြိုင်ပွဲက ဒီအလေ့အထကို တစ်ထောင့်တစ်နေရာက အားပေးနိုင်ခဲ့မလားလို့တွေးပြီး ဝမ်းသာမိပါတယ်။ ပြိုင်ပွဲဖြစ်မြောက် အောင်မြင်အောင် ပါဝင် ဝန်းရံပေးသူအားလုံးကိုကျေးဇူးတင်စွာနဲ့ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ကြေညာခဲ့သည်။
Source ;  Myanmar Harp
(Zawgyi)
ပထမ၊ Daw Kyi Kyi Win။
Source ;  Myanmar Harp
Post a Comment
Previous Post Next Post