(Unicode)

အောင်လအန်ဆန်၏ ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ မေ ၃၀ ရက်သို့ ထပ်မံရွှေ့ဆိုင်း

မြန်မာ MMA ကစားသမား အောင်လအန်ဆန်၏ ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲကို ကမ္ဘာ့နိုင်ငံများ တွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် ထပ်မံရွှေ့ဆိုင်းခဲ့ရသည်။

အောင်လအန်ဆန်၏ ချန်ပီယံကာကွယ်ပွဲကို ဧပြီ ၁၀ ရက်တွင် ကျင်းပရန် စီစဉ်ထားသော်လည်း မေ ၃၀ ရက်သို့ ရွှေ့ဆိုင်းခဲ့ရသလို ယခုဒုတိယအကြိမ် ရွှေ့ဆိုင်းခဲ့ရခြင်း ဖြစ်သည်။



ONE Championship သည် ရောဂါအခြေအနေ တည်ငြိမ်သွားမှသာ ပြိုင်ပွဲများနှင့်ပတ်သက်၍ ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။

အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲအဖြစ် ပြိုင်ဘက်ဟောင်း ရုရှားနိုင်ငံသား ဗစ်တာလီ ဘစ်ဒက်ရှ်နှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင် ပထမဆုံးပွဲ ယှဉ်ပြိုင်ထိုးသတ်ရန် စီစဉ်ထားခြင်းဖြစ်သည်။

အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲအဖြစ် လေးပွဲမြောက်ထိုးသတ်ရန် စီစဉ်ထားခြင်း ဖြစ်ပြီး ပြီးခဲ့သည့်သုံးပွဲတွင် ဂျပန်နိုင်ငံသား ဟဆဲဂါဝါကို နှစ်ပွဲ၊ လက်ဘနွန်နိုင်ငံသား ကရာကီကိုတစ်ပွဲ အနိုင်ရထားသည်။



အောင်လအန်ဆန်နှင့် ဘစ်ဒငက်ရှ်သည် တတိယအကြိမ် တွေ့ဆုံခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်ကြိမ်တွင် တစ်ပွဲစီ အနိုင်ရထားပြီးအောင်လအန်ဆန်သည် ချန်ပီယံကာကွယ်ပွဲများ ရွှေ့ဆိုင်းနေသော်လည်း အမေရိကန်နိုင်ငံရှိ နေအိမ်တွင် လေ့ကျင့်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

(Zawgyi)


ေအာင္လအန္ဆန္၏ ONE မစ္ဒယ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံကာကြယ္ပြဲ ေမ ၃၀ ရက္သို႔ ထပ္မံေ႐ႊ႕ဆိုင္း

ျမန္မာ MMA ကစားသမား ေအာင္လအန္ဆန္၏ ONE မစ္ဒယ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံကာကြယ္ပြဲကို ကမာၻ႔ႏိုင္ငံမ်ား တြင္ ျဖစ္ပြားေနသည့္ ကို႐ိုနာဗိုင္းရပ္စ္ အေျခအေနေၾကာင့္ ထပ္မံေ႐ႊ႕ဆိုင္းခဲ့ရသည္။

ေအာင္လအန္ဆန္၏ ခ်န္ပီယံကာကြယ္ပြဲကို ဧၿပီ ၁၀ ရက္တြင္ က်င္းပရန္ စီစဥ္ထားေသာ္လည္း ေမ ၃၀ ရက္သို႔ ေ႐ႊ႕ဆိုင္းခဲ့ရသလို ယခုဒုတိယအႀကိမ္ ေ႐ႊ႕ဆိုင္းခဲ့ရျခင္း ျဖစ္သည္။



ONE Championship သည္ ေရာဂါအေျခအေန တည္ၿငိမ္သြားမွသာ ၿပိဳင္ပြဲမ်ားႏွင့္ပတ္သက္၍ ထုတ္ျပန္မည္ျဖစ္ေၾကာင္း သိရသည္။

ေအာင္လအန္ဆန္သည္ မစ္ဒယ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံကာကြယ္ပြဲအျဖစ္ ၿပိဳင္ဘက္ေဟာင္း ႐ုရွားႏိုင္ငံသား ဗစ္တာလီ ဘစ္ဒက္ရွ္ႏွင့္ ယွဥ္ၿပိဳင္ထိုးသတ္ရမည္ျဖစ္ၿပီး ၂၀၂၀ ျပည့္ႏွစ္တြင္ ပထမဆုံးပြဲ ယွဥ္ၿပိဳင္ထိုးသတ္ရန္ စီစဥ္ထားျခင္းျဖစ္သည္။

ေအာင္လအန္ဆန္သည္ မစ္ဒယ္ဝိတ္တန္း ခ်န္ပီယံကာကြယ္ပြဲအျဖစ္ ေလးပြဲေျမာက္ထိုးသတ္ရန္ စီစဥ္ထားျခင္း ျဖစ္ၿပီး ၿပီးခဲ့သည့္သုံးပြဲတြင္ ဂ်ပန္ႏိုင္ငံသား ဟဆဲဂါဝါကို ႏွစ္ပြဲ၊ လက္ဘႏြန္ႏိုင္ငံသား ကရာကီကိုတစ္ပြဲ အႏိုင္ရထားသည္။

ေအာင္လအန္ဆန္ႏွင့္ ဘစ္ဒငက္ရွ္သည္ တတိယအႀကိမ္ ေတြ႕ဆုံျခင္းျဖစ္ၿပီး ၿပီးခဲ့သည့္ႏွစ္ႀကိမ္တြင္ တစ္ပြဲစီ အႏိုင္ရထားၿပီးေအာင္လအန္ဆန္သည္ ခ်န္ပီယံကာကြယ္ပြဲမ်ား ေ႐ႊ႕ဆိုင္းေနေသာ္လည္း အေမရိကန္ႏိုင္ငံရွိ ေနအိမ္တြင္ ေလ့က်င့္မႈမ်ား ဆက္တိုက္ျပဳလုပ္လ်က္ရွိသည္။

Credit -MyanmarDigitalNews Myanmar_Online_News



Post a Comment

Previous Post Next Post