(Unicode)

ရှမ်းပြည်နယ်၊မူဆယ် Oriental Highway ဂိတ် တိုးဂိတ်တွင် ယနေ့ ညပိုင်း ၈ နာရီ ၃၀ မိနစ်က ပေါက်ကွဲမှုဖြစ်ပွားပြီး လူထိခိုက်မှု မရှိကြောင်း မူဆယ်မြို့ ဒေသခံတစ်ဦးထံမှ သိရှိရသည်။


“၁၀၅ မိုင်ဘက်ကလာရင် မူဆယ်မြို့အဝင် Oriental Highway ဂိတ်ရှိတယ်။ အဲဒီမှာ ဆိုင်ကယ်လမ်းနဲ့ ကားသွားလမ်း နှစ်လမ်းရှိတယ်။ အဲဒီမှာ ဆိုင်ကယ်လမ်းကို လူ နှစ်ယောက်လာပြီး အထုပ်တစ်ထုပ်ချသွားတယ်။ အဲဒါ အစောင့်ကတွေလို့ သွားပြီး အကြောင်းကြားတုန်း ပေါက်ကွဲမှု ဖြစ်တာ။ ပေါက်ကွဲမှုက တအားပြင်းထန်တယ်။ အဲဒီနားမှာ နမ့်ခမ်းပြည်သူ့စစ် လည်းရှိတယ်။


ပေါက်ကွဲမှုကြောင့် အဲဒီနားက ကောင်လေး မှန်ကွဲစထိတယ်။ သွေးတောင် မထွက်ပါဘူး။ နည်းနည်းလေးပဲ ဖြစ်တာ။ ပေါက်ကွဲမှု ပြင်းပေမယ့် ကံကောင်းတယ်ပြောရမယ်” ဟု အခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိနေသည့် မူဆယ်မြို့ခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

လတ်တလော မူဆယ်မြို့နယ် ရဲစခန်းထံသို့ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းရာ အဆက်အသွယ်မရရှိသေးပေ။


ခေတ်သစ်မီဒီယာ

(Zawgyi)

ရွမ္းျပည္နယ္၊မူဆယ္ Oriental Highway ဂိတ္ တိုးဂိတ္တြင္ ယေန႔ ညပိုင္း ၈ နာရီ ၃၀ မိနစ္က ေပါက္ကြဲမႈျဖစ္ပြားၿပီး လူထိခိုက္မႈ မရွိေၾကာင္း မူဆယ္ၿမိဳ႕ ေဒသခံတစ္ဦးထံမွ သိရွိရသည္။


“၁၀၅ မိုင္ဘက္ကလာရင္ မူဆယ္ၿမိဳ႕အဝင္ Oriental Highway ဂိတ္ရွိတယ္။ အဲဒီမွာ ဆိုင္ကယ္လမ္းနဲ႔ ကားသြားလမ္း ႏွစ္လမ္းရွိတယ္။ အဲဒီမွာ ဆိုင္ကယ္လမ္းကို လူ ႏွစ္ေယာက္လာၿပီး အထုပ္တစ္ထုပ္ခ်သြားတယ္။ အဲဒါ အေစာင့္ကေတြလို႔ သြားၿပီး အေၾကာင္းၾကားတုန္း ေပါက္ကြဲမႈ ျဖစ္တာ။ ေပါက္ကြဲမႈက တအားျပင္းထန္တယ္။ အဲဒီနားမွာ နမ့္ခမ္းျပည္သူ႔စစ္ လည္းရွိတယ္။


ေပါက္ကြဲမႈေၾကာင့္ အဲဒီနားက ေကာင္ေလး မွန္ကြဲစထိတယ္။ ေသြးေတာင္ မထြက္ပါဘူး။ နည္းနည္းေလးပဲ ျဖစ္တာ။ ေပါက္ကြဲမႈ ျပင္းေပမယ့္ ကံေကာင္းတယ္ေျပာရမယ္” ဟု အခင္းျဖစ္ပြားရာ ေနရာသို႔ ေရာက္ရွိေနသည့္ မူဆယ္ၿမိဳ႕ခံတစ္ဦးက ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။

လတ္တေလာ မူဆယ္ၿမိဳ႕နယ္ ရဲစခန္းထံသို႔ ရန္ကုန္ေခတ္သစ္သတင္းဌာနက ဆက္သြယ္ေမးျမန္းရာ အဆက္အသြယ္မရရွိေသးေပ။


ေခတ္သစ္မီဒီယာ

Post a Comment

Previous Post Next Post