(Unicode)

စင်ကာပူ အမျိုးသားပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲခန်းတွင် ပြုလုပ်သော နောက်ဆက်တွဲ စစ်ဆေးမှု များတွင် အနှုတ်လက္ခဏာများ ဖြစ် သည် ဟု ကျန်းမာရေး ဝန်ကြီး ဌာန မှပြောကြားခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာန က ပြောကြားရာတွင် အခြေအနေ အား ပြန်လည် ပြု ပြင်ရန်အ တွက် ချက်ချင်းအရေးယူမှုများ ပြုလုပ်ခဲ့ သည်ဟု ပြောကြားခဲ့သည်။

အဆိုပါ ဓာတ်ခွဲခန်းမှ စမ်းသပ်မှု အားလုံးကို ရပ်ဆိုင်းလိုက်ပြီး “စံကိုက်ညီမှုပြဿနာ” ကိုဖြေရှင်းရန်လုပ်ဆောင်နေသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထပ်လောင်းပြောကြားခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာန က ထုတ်ပြန်သော “False Positives” ဖြစ်ခဲ့သည့် Cases (၃၃) ခုမှာ – Case 20844, 20847, 20850, 20853, 20854, 20855, 20856, 20973, 21018, 21021, 21024, 21111, 21120, 21163, 21166, 21170, 21370, 21456, 21581, 21595, 21596, 21598, 21599, 21600, 21601, 21602, 21603, 21604, 21605, 21606, 21607, 21608 နှင့် 21609 တို့ဖြစ်သည်။

အခြား Cases များနှင့် ပတ်သက်၍ အသေး စိတ်အချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာနမှ ၎င်း၏အစီရင်ခံစာများတွင် ဖော်ပြထားခြင်း မရှိပါ။


စင်ကာပူနိုင်ငံ ဓာတ်ခွဲခန်း မှ အတည်ပြုပြီးသော COVID-19 ဖြစ်ပွားမှုများတွင် Singapore Expo Community Care Facility မှ ကျန်း မာရေးစောင့်ရှောက်မှုဌာနမှ ကျန်းမာရေးဝန်ထမ်းအပါအဝင် Cases (၃၃) ခုသည် ‘False Positives’ အဖြစ် မှားယွင်းသောအဖြေထုတ် ခဲ့ ကြောင်း စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာန MOH မှ (မေလ ၁၀) ရက်နေ့က ပြောကြားခဲ့သည်။

စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာန (MOH) သည် ဓာတ်ခွဲခန်း စစ်ဆေးမှုများကို ပုံမှန်ပြန်လည်သုံးသပ်ခဲ့ပြီး ဓာတ်ခွဲခန်းတစ်ခုတွင် အသုံး ပြုသည့် ၎င်း၏ Test Kits စမ်းသပ်ပစ္စည်းများတွင် စံချိန်စံညွှန်းကိုက်ညီမှုပြဿနာရှိခဲ့ပြီး ရောဂါဖြစ်ပွားမှု (၃၃) ခုကို ‘False Positives’ အဖြစ် မှားယွင်းစွာ အဖြေ ထုတ်မှု ဖြစ်ခဲ့ကြောင်း တွေ့ရှိခဲ့သည်။


REF: CNA (စလုံး)

(Zawgyi)








REF: CNA (စလုံး)

Post a Comment

Previous Post Next Post