(Unicode)

ရန်ကုန်မှာ စက်ရုံထောင်ပြီး PPE ဝတ်စုံတွေချုပ်လုပ်နေတဲ့ တောင်ကိုရီးယားကုမ္ပဏီက ငွေကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိ တကိုယ်ရည်အကာအကွယ်ဝတ်စုံ PPE အစုံ ၂၀၀၀ ကို မြန်မာနိုင်ငံအတွက် လှူဒါန်းခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။


ကိုရီးယားသမ္မတနိုင်ငံအခြေစိုက် INNO Group ဥက္ကဋ္ဌ Mr. Seog-Chang Son ဟာ ဒီနေ့ မနက်ပိုင်းက ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်ကို လာရောက်တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်မှာ သုံးနိုင်ဖို့အတွက် Du Pont ကုမ္ပဏီထုတ် PPE Level D Kit Full Set အစုံ ၂,၀၀၀ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။


အဲဒီဝတ်စုံအားလုံးဟာ ကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိပြီး အဲဒါတွေကို Myanmar Airways International (MAI) လေကြောင်းလိုင်းနဲ့ မြန်မာနိုင်ငံဆီကို မြန်မြန် ပို့ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။ ဒီကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ဆောက်လုပ်ရေးလုပ်ငန်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နေတဲ့ ကုမ္ပဏီဖြစ်ပြီး ပြီးခဲ့တဲ့ မေ ၈ ရက်ကလည်း မြန်မာနိုင်ငံကို လူနာတင်ယာဉ် ၅ စီး ပေးအပ် လှူဒါန်းခဲ့ပါတယ်။


INNO Group ဟာ ရန်ကုန်က သူတို့ကုမ္ပဏီပိုင်စက်ရုံမှာ တကိုယ်ရည်အကာအကွယ်ဝတ်စုံ PPE တွေချုပ်လုပ်ပြီး ကိုရီးယားကိုတင်သွင်းနေတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကိုရီးယားနိုင်ငံကို တင်သွင်းနေသည့် PPE နဲ့ အရည်အသွေးထပ်တူညီတဲ့ ဝတ်စုံ အစုံ ၅၀၀၀ ကို ရန်ကုန်က စက်ရုံမှာ ချုပ်လုပ်ပြီး မြန်မာနိုင်ငံအစိုးရကို လှူဒါန်းဖို့ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက မေတ္တာရပ်ခံခဲ့ပါသေးတယ်။


ဒီဗွီဘီ


(Zawgyi)

ရန္ကုန္မွာ စက္႐ုံေထာင္ၿပီး PPE ဝတ္စုံေတြခ်ဳပ္လုပ္ေနတဲ့ ေတာင္ကိုရီးယားကုမၸဏီက ေငြက်ပ္သိန္း ၁၀၀၀ တန္ဖိုးရွိ တကိုယ္ရည္အကာအကြယ္ဝတ္စုံ PPE အစုံ ၂၀၀၀ ကို ျမန္မာႏိုင္ငံအတြက္ လႉဒါန္းခဲ့တယ္လို႔ ျမန္မာႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ပါတယ္။


ကိုရီးယားသမၼတႏိုင္ငံအေျခစိုက္ INNO Group ဥကၠ႒ Mr. Seog-Chang Son ဟာ ဒီေန႔ မနက္ပိုင္းက ကိုရီးယားသမၼတႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးသန႔္စင္ကို လာေရာက္ေတြ႕ဆုံၿပီး ျမန္မာႏိုင္ငံရဲ႕ COVID-19 ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးလုပ္ငန္းစဥ္မွာ သုံးႏိုင္ဖို႔အတြက္ Du Pont ကုမၸဏီထုတ္ PPE Level D Kit Full Set အစုံ ၂,၀၀၀ ေပးအပ္ခဲ့တယ္လို႔ ဆိုပါတယ္။


အဲဒီဝတ္စုံအားလုံးဟာ က်ပ္သိန္း ၁၀၀၀ တန္ဖိုးရွိၿပီး အဲဒါေတြကို Myanmar Airways International (MAI) ေလေၾကာင္းလိုင္းနဲ႔ ျမန္မာႏိုင္ငံဆီကို ျမန္ျမန္ ပို႔ေဆာင္သြားမယ္လို႔လည္း ဆိုပါတယ္။ ဒီကုမၸဏီဟာ ျမန္မာႏိုင္ငံမွာ ေဆာက္လုပ္ေရးလုပ္ငန္းအပါအဝင္ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ လုပ္ေနတဲ့ ကုမၸဏီျဖစ္ၿပီး ၿပီးခဲ့တဲ့ ေမ ၈ ရက္ကလည္း ျမန္မာႏိုင္ငံကို လူနာတင္ယာဥ္ ၅ စီး ေပးအပ္ လႉဒါန္းခဲ့ပါတယ္။


INNO Group ဟာ ရန္ကုန္က သူတို႔ကုမၸဏီပိုင္စက္႐ုံမွာ တကိုယ္ရည္အကာအကြယ္ဝတ္စုံ PPE ေတြခ်ဳပ္လုပ္ၿပီး ကိုရီးယားကိုတင္သြင္းေနတာလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ ကိုရီးယားႏိုင္ငံကို တင္သြင္းေနသည့္ PPE နဲ႔ အရည္အေသြးထပ္တူညီတဲ့ ဝတ္စုံ အစုံ ၅၀၀၀ ကို ရန္ကုန္က စက္႐ုံမွာ ခ်ဳပ္လုပ္ၿပီး ျမန္မာႏိုင္ငံအစိုးရကို လႉဒါန္းဖို႔ ကိုရီးယားႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးက ေမတၱာရပ္ခံခဲ့ပါေသးတယ္။


ဒီဗြီဘီ

Post a Comment

Previous Post Next Post