(Unicode)

နိုင်ငံခြားက ပြန်လာတဲ့ ပြည်တော်ပြန်တွေကို မြန်မာနိုင်ငံရဲ့ နေရာအသီးသီး သူတို့ရဲ့ သက်ဆိုင်ရာ မြို့နယ်တွေမှာ Q ဝင်ခိုင်းထားကြပါတယ်။ လူအမျိုးမျိုး စိတ်အထွေထွေ ဆိုတဲ့အတိုင်း Q ဝင်သူ တချို့ဟာ Q ပြန်ထွက်ရင် မိမိနေခဲ့တဲ့ နေရာတွေကို သန့်ရှင်းပေးခဲ့သူတွေ ရှိသလို၊ တချို့ကလည်း မစင်စွန့်ခဲ့တဲ့ အထိ ရိုင်းရိုင်းစိုင်းစိုင်း လုပ်ခဲ့ကြတဲ့ လူတွေ ရှိပါတယ်။



အခုလည်း မန္တလေး အာ/ကာ သိပ္ပံကျောင်းရဲ့ အမျိုးသား အိပ်ဆောင်မှာ နေသွားတဲ့ Q ဝင်သူ အချို့ရဲ့ လုပ်ရပ်ကို ဖော်ပြလိုက်ပါတယ်-Q ဝင်တဲ့သူတွေကို အား/ကာ သိပ္ပံကျောင်း အမျိုးသား အိပ်ဆောင်တွေမှာထားတယ်။ တစ်ဆောင်ချင်းစီက အိပ်ဆောင်မှုး(နည်းပြ)၊ နေတဲ့အခန်းတွေကို သော့တွေဖျက်တယ်။



ခရီးဆောင်အိတ်တွေကိုဖွင့် စာရွက်စာတမ်းတွေမွှေ၊ အကျီ ၤဖိနပ် အကုန်ယူတယ်၊ဂစ်တာတွေရိုက်ချိုးသွားတယ်။ စည်းမရှိကမ်းမရှိနဲ့ အကုန်လုပ်သွားကြတယ်။Q ဝင်တဲ့သူအားလုံးကိုမဆိုလိုပါဘူး။ အချို့ဆို စည်းကမ်းရှိရှိနဲ့ သပ်သပ်ရပ်ရပ်ကိုထားသွားခဲ့ကြတာပါ။ နည်းပြအခန်း ၈ ခန်းမှာ ၅ ခန်းကို အခုလိုတွေလုပ်သွားကြတာပါ။

Credit (Ye Lynn Kyaw)


(Zawgyi)

ႏုိင္ငံျခားက ျပန္လာတဲ့ ျပည္ေတာ္ျပန္ေတြကုိ ျမန္မာႏုိင္ငံရဲ႕ ေနရာအသီးသီး သူတုိ႔ရဲ႕ သက္ဆုိင္ရာ ၿမဳိ႕နယ္ေတြမွာ Q ဝင္ခုိင္းထားၾကပါတယ္။ လူအမ်ဳိးမ်ဳိး စိတ္အေထြေထြ ဆုိတဲ့အတုိင္း Q ဝင္သူ တခ်ဳိ႕ဟာ Q ျပန္ထြက္ရင္ မိမိေနခဲ့တဲ့ ေနရာေတြကို သန္႔ရွင္းေပးခဲ့သူေတြ ရွိသလုိ၊ တခ်ဳိ႕ကလည္း မစင္စြန္႔ခဲ့တဲ့ အထိ ရုိင္းရုိင္းစုိင္းစုိင္း လုပ္ခဲ့ၾကတဲ့ လူေတြ ရွိပါတယ္။



အခုလည္း မႏၱေလး အာ/ကာ သိပၸံေက်ာင္းရဲ႕ အမ်ဳိးသား အိပ္ေဆာင္မွာ ေနသြားတဲ့ Q ဝင္သူ အခ်ဳိ႕ရဲ႕ လုပ္ရပ္ကုိ ေဖာ္ျပလုိက္ပါတယ္-Q ၀င္တဲ့သူေတြကို အား/ကာ သိပၸံေက်ာင္း အမ်ိဳးသား အိပ္ေဆာင္ေတြမွာထားတယ္။ တစ္ေဆာင္ခ်င္းစီက အိပ္ေဆာင္မွဳး(နည္းျပ)၊ ေနတဲ့အခန္းေတြကို ေသာ့ေတြဖ်က္တယ္။



ခရီးေဆာင္အိတ္ေတြကိုဖြင့္ စာရြက္စာတမ္းေတြေမႊ၊ အက်ီ ၤဖိနပ္ အကုန္ယူတယ္၊ဂစ္တာေတြရိုက္ခ်ိဳးသြားတယ္။ စည္းမရွိကမ္းမရွိနဲ႔ အကုန္လုပ္သြားၾကတယ္။Q ၀င္တဲ့သူအားလုံးကိုမဆိုလိုပါဘူး။ အခ်ိဳ့ဆို စည္းကမ္းရွိရွိနဲ႔ သပ္သပ္ရပ္ရပ္ကိုထားသြားခဲ့ၾကတာပါ။ နည္းျပအခန္း ၈ ခန္းမွာ ၅ ခန္းကို အခုလိုေတြလုပ္သြားၾကတာပါ။

Credit (Ye Lynn Kyaw)

Post a Comment

Previous Post Next Post