(Unicode)

မြိုင်မြို့နယ် ကန်ကြီးကျေးရွာ အမကကျောင်းမှာ Quarantineဝင်အမျိုးသမီးအခန်းအား ကျူးကျော်ဝင်ရောက်ဖို့ ကြိုပမ်းတဲ့ ညစောင့်တာဝန်ကျဆယ်အိမ်မှူးကို ထောင်ဒဏ် ၆ လချမှတ်လိုက်ပါတယ်။ မြိုင်မြို့ တရားရုံးက အရ မေလ ၁၁ ရက်နေ့က အခုလိုအမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။



” Quarantine ထားတဲ့နေရာကို ဒီလို လုပ်တော့ ရပ်ရွာအခြေပြု Covid 19 ရောဂါ ထိန်းချုပ်၊ကာကွယ် စောင့်ကြည့်ရေး ကော်မတီက တရားစွဲပြီး ပြစ်မှုထင်ရှားတဲ့အတွက် ထောင် ၆ လ အမိန့်ချလိုက်ပါတယ်” လို့ မြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ခိုင် က ပြောပါတယ်။

ပြစ်မှုကျူးလွန်သူဟာ မေ ၆ ရက် ည ၁၀နာရီ မှ စ၍ ည ၁၁ နာရီခန့် အထိ ပြစ်မှုကျူးလွန်ရန် ကြိုးစားခဲ့တာဖြစ်တယ်လို့ ကာယကံရှင် အမျိုးသမီးကပြောပါတယ်။



“ကျွန်မ ပုဂံကနေ မေ ၁ ရက်က ပြန်လာတာ၊ ပြန်ရောက်တော့ ရွာကသတ်မှတ်ထားတဲ့အတိုင်း ကျောင်းထဲမှာQuarantine နေခဲ့တာ၊ကျန်တဲ့ရက်ကတော့ ဘာမှမဖြစ်ဘူး။ မေလ ၆ ရက်နေ့ညမှ ည ၁၀ လောက်မှာ အိမ်မပျော်ခင် ပိတ်ထားတဲ့ ပြတင်းပေါက်ကို လာဆွဲတဲ့ အသံကြားလို့ ထကြည့်ပြီး မေးတော့ မဖြေဘူး။



အဲဒါနဲ့ အပေါက်ပြန်ပိတ်ထားလိုက်တာ။ ည ၁၁ နာရီလောက်အထိ ရှိသမျှပြတင်ပေါက်တွေကို သူကအားနဲ့ ဆွဲလှပ်နေတာ။ ရပ်ကွက်ဥက္ကဌ ကို တခြားဆယ်အိမ်မှူးကတစ်ဆင့် လှမ်းခေါ်လို့ အချိန်နဲ့တပြေးညီရောက်လာတော့ သူကမြင်ပြီး ထွက်ပြေးသွားတာ´လို့ ကာယကံရှင် အမျိုးသမီးကပြောပါတယ်။



တရားခံအနေနဲ့ အပြစ်ရှိကြောင်း ဝန်ခံလို့ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးဥပဒေပုဒ်မ ၁၈ အရ ထောင် ၆ လချမှတ်ခဲ့တာပါ။

သတင်း-နှင်းအိချို

credit_ Original Writer

(Zawgyi)

ၿမိဳင္ၿမိဳ့နယ္ ကန္ႀကီးေက်းရြာ အမကေက်ာင္းမွာ Quarantineဝင္အမ်ိဳးသမီးအခန္းအား က်ဴးေက်ာ္ဝင္ေရာက္ဖို့ ႀကိဳပမ္းတဲ့ ညေစာင့္တာဝန္က်ဆယ္အိမ္မွူးကို ေထာင္ဒဏ္ ၆ လခ်မွတ္လိုက္ပါတယ္။ ၿမိဳင္ၿမိဳ့ တရား႐ုံးက အရ ေမလ ၁၁ ရက္ေန႔က အခုလိုအမိန႔္ခ်မွတ္လိုက္တာျဖစ္ပါတယ္။


” Quarantine ထားတဲ့ေနရာကို ဒီလို လုပ္ေတာ့ ရပ္ရြာအေျချပဳ Covid 19 ေရာဂါ ထိန္းခ်ဳပ္၊ကာကြယ္ ေစာင့္ၾကည့္ေရး ေကာ္မတီက တရားစြဲၿပီး ျပစ္မွုထင္ရွားတဲ့အတြက္ ေထာင္ ၆ လ အမိန္႔ခ်လိုက္ပါတယ္” လို့ ၿမိဳင္ၿမိဳ့နယ္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးစီးဌာန ၿမိဳ့နယ္အုပ္ခ်ဳပ္ေရးမွူး ဦးသန္႔ဇင္ခိုင္ က ေျပာပါတယ္။

ျပစ္မွုက်ဴးလြန္သူဟာ ေမ ၆ ရက္ ည ၁၀နာရီ မွ စ၍ ည ၁၁ နာရီခန႔္ အထိ ျပစ္မွုက်ဴးလြန္ရန္ ႀကိဳးစားခဲ့တာျဖစ္တယ္လို့ ကာယကံရွင္ အမ်ိဳးသမီးကေျပာပါတယ္။


“ကၽြန္မ ပုဂံကေန ေမ ၁ ရက္က ျပန္လာတာ၊ ျပန္ေရာက္ေတာ့ ရြာကသတ္မွတ္ထားတဲ့အတိုင္း ေက်ာင္းထဲမွာQuarantine ေနခဲ့တာ၊က်န္တဲ့ရက္ကေတာ့ ဘာမွမျဖစ္ဘူး။ ေမလ ၆ ရက္ေန႔ညမွ ည ၁၀ ေလာက္မွာ အိမ္မေပ်ာ္ခင္ ပိတ္ထားတဲ့ ျပတင္းေပါက္ကို လာဆြဲတဲ့ အသံၾကားလို့ ထၾကည့္ၿပီး ေမးေတာ့ မေျဖဘူး။


အဲဒါနဲ႔ အေပါက္ျပန္ပိတ္ထားလိုက္တာ။ ည ၁၁ နာရီေလာက္အထိ ရွိသမၽွျပတင္ေပါက္ေတြကို သူကအားနဲ႔ ဆြဲလွပ္ေနတာ။ ရပ္ကြက္ဥကၠဌ ကို တျခားဆယ္အိမ္မွူးကတစ္ဆင့္ လွမ္းေခၚလို့ အခ်ိန္နဲ႔တေျပးညီေရာက္လာေတာ့ သူကျမင္ၿပီး ထြက္ေျပးသြားတာ´လို့ ကာယကံရွင္ အမ်ိဳးသမီးကေျပာပါတယ္။


တရားခံအေနနဲ႔ အျပစ္ရွိေၾကာင္း ဝန္ခံလို့ ကူးစက္ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးဥပေဒပုဒ္မ ၁၈ အရ ေထာင္ ၆ လခ်မွတ္ခဲ့တာပါ။

သတင္း-ႏွင္းအိခ်ိဳ

credit_ Original Writer

Post a Comment

Previous Post Next Post