(Unicode)

မကွေးတိုင်း၊ ရေစကြိုမြို့ အမှတ် ၁ ရပ်ကွက် မူလတန်း(လွန်)ကျောင်းတွင် Facility Quarantine ဝင်နေသော အသက် (၃၂) နှစ် အမျိုးသားမှာ ယင်းစခန်းသို့ ဝင်လိုက်ထွက်လိုက် ပြုလုပ်ကာ ရပ်ကွက်အတွင်းသွားလာနေသောကြောင့် ယင်းရပ်ကွက်အုပ်ချုပ်ရေးမှူးက မေ ၇ ရက်က တရားစွဲဆိုရာ ရေစကြိုမြို့ တရားရုံးက ယင်းနေ့တွင်ပင် ထောင်ဒဏ် ၃ လ အမိန့်ချခဲ့သည်။


” သူက Quarantine ဝင်ထားတဲ့ကလေးက အထဲမှာ ကောင်းကောင်းမနေဘူး။ အပြင်ထွက်လိုက် ပြန်ဝင်လိုက်နဲ့ မလေးမစားနေတာပေါ့ဗျာ။ ရပ်ကွက်ကလည်း သူ့က အဲလိုလုပ်တာကို အဆင်မပြေဘူး လာတိုင်တော့ ကျွန်တော်တို့က တရားစွဲဆိုလိုက်တာ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးက မနေ့က (မေ ၈ ရက်) တရားစွဲဆိုတာ မနေ့ကဘဲ တရားရုံးက ထောင် ၃ လ ချလိုက်တယ်။” တိုင်းဒေသကြီး ၁ ၊ လွတ်တော်ကိုယ်စားလှယ် ဦးတင်သောင်းက ပြောသည်။

ထိုအမျိုးသားသည် ကယားပြည်နယ် လွိုင်ကော်မြို့သွားလမ်း ရှားတောကျေးရွာအနီးတွင် လမ်းလုပ်သားအဖြစ် သွားရောက်လုပ်ကိုင်နေရာမှ မေလ ၅ ရက်နေ့တွင် ရေစကြိုမြို့ အမှတ် ၁ ၊ ထင်းတန်းရပ်ကွက်ကို ပြန်လည်ရောက်ရှိခဲ့သဖြင့် အဆိုပါ Quarantine စခန်းတွင် ဝင်ရောက်နေထိုင်ရသူဖြစ်သည်။



မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က အခြားတိုင်းနှင့်ပြည်နယ်များက ပြန်လည်ရောက်ရှိသူများကို သတ်မှတ်နေရာများ၌ ၂၁ ရက် Quarantine ဝင်ပြီးမှ ၎င်းတို့နေအိမ်များ၌ နေထိုင်စေရန် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန များကို ဧပြီလ ၂၁ ရက်နေ့က ညွန်ကြားထားသည်။ မေ ၅ ရက်ကလည်း  မိုးမောက်မြို့နယ် လွယ်ဂျယ် Quarantine စခန်းမှ ရက်မပြည့်ဘဲ ထွက်ပြေးလာသူ အသက် ၃၄ နှစ်အရွယ် အမျိုးသားတစ်ဦးကို ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဥပဒေ ပုဒ်မ-၁၈ ဖြင့် မြိုင်မြို့ တရားရုံက ထောင်ဒဏ် ၃ လ အမိန့်ချခဲ့သေးသည်။

ဒဗွိုက်စ်

(Zawgyi)

မေကြးတိုင္း၊ ေရစႀကိဳၿမိဳ႕ အမွတ္ ၁ ရပ္ကြက္ မူလတန္း(လြန္)ေက်ာင္းတြင္ Facility Quarantine ဝင္ေနေသာ အသက္ (၃၂) ႏွစ္ အမ်ိဳးသားမွာ ယင္းစခန္းသို႔ ဝင္လိုက္ထြက္လိုက္ ျပဳလုပ္ကာ ရပ္ကြက္အတြင္းသြားလာေနေသာေၾကာင့္ ယင္းရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးက ေမ ၇ ရက္က တရားစြဲဆိုရာ ေရစႀကိဳၿမိဳ႕ တရား႐ုံးက ယင္းေန႔တြင္ပင္ ေထာင္ဒဏ္ ၃ လ အမိန႔္ခ်ခဲ့သည္။


” သူက Quarantine ဝင္ထားတဲ့ကေလးက အထဲမွာ ေကာင္းေကာင္းမေနဘူး။ အျပင္ထြက္လိုက္ ျပန္ဝင္လိုက္နဲ႔ မေလးမစားေနတာေပါ့ဗ်ာ။ ရပ္ကြက္ကလည္း သူ႔က အဲလိုလုပ္တာကို အဆင္မေျပဘူး လာတိုင္ေတာ့ ကြၽန္ေတာ္တို႔က တရားစြဲဆိုလိုက္တာ။ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးက မေန႔က (ေမ ၈ ရက္) တရားစြဲဆိုတာ မေန႔ကဘဲ တရား႐ုံးက ေထာင္ ၃ လ ခ်လိုက္တယ္။” တိုင္းေဒသႀကီး ၁ ၊ လြတ္ေတာ္ကိုယ္စားလွယ္ ဦးတင္ေသာင္းက ေျပာသည္။

ထိုအမ်ိဳးသားသည္ ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕သြားလမ္း ရွားေတာေက်း႐ြာအနီးတြင္ လမ္းလုပ္သားအျဖစ္ သြားေရာက္လုပ္ကိုင္ေနရာမွ ေမလ ၅ ရက္ေန႔တြင္ ေရစႀကိဳၿမိဳ႕ အမွတ္ ၁ ၊ ထင္းတန္းရပ္ကြက္ကို ျပန္လည္ေရာက္ရွိခဲ့သျဖင့္ အဆိုပါ Quarantine စခန္းတြင္ ဝင္ေရာက္ေနထိုင္ရသူျဖစ္သည္။


မေကြးတိုင္းေဒသႀကီး အစိုးရအဖြဲ႕က အျခားတိုင္းႏွင့္ျပည္နယ္မ်ားက ျပန္လည္ေရာက္ရွိသူမ်ားကို သတ္မွတ္ေနရာမ်ား၌ ၂၁ ရက္ Quarantine ဝင္ၿပီးမွ ၎တို႔ေနအိမ္မ်ား၌ ေနထိုင္ေစရန္ ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာန မ်ားကို ဧၿပီလ ၂၁ ရက္ေန႔က ၫြန္ၾကားထားသည္။ ေမ ၅ ရက္ကလည္း  မိုးေမာက္ၿမိဳ႕နယ္ လြယ္ဂ်ယ္ Quarantine စခန္းမွ ရက္မျပည့္ဘဲ ထြက္ေျပးလာသူ အသက္ ၃၄ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးကို ကူးစက္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရး ဥပေဒ ပုဒ္မ-၁၈ ျဖင့္ ၿမိဳင္ၿမိဳ႕ တရား႐ုံက ေထာင္ဒဏ္ ၃ လ အမိန႔္ခ်ခဲ့ေသးသည္။

ဒဗြိဳက္စ္

Post a Comment

Previous Post Next Post