(Unicode)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြစ်ကြီးနားတက္ကသိုလ်မှာ မေ(၂၅)ရက်က Quarantine နေထိုင်နေသူ အမျိုးသားတစ်ဦးဟာ မူးယစ်ရမ်းကားပြီး အိပ်ယာကုတင်၊ အိပ်ခန်းတံခါးနဲ့ မှန်တွေရိုက်ချိုးဖျက်ဆီးမှု ဖြစ်ပွားခဲ့ မြစ်ကြီးနားမြို့မရဲစခန်းက သိရပါတယ်။



အဆိုပါအမျိုးသားသည် မေလ ၂၅ ရက် ညနေပိုင်းက တရုတ်နိုင်ငံ ကွမ်းတုံမြို့ မှ ပြန်လာသည့် ပါစီထွန်း (ခ)သာစည်ထွန်း ဆိုသူ ဖြစ်ပြီး မြစ်ကြီးနားတက္ကသိုလ် ခါကာဘို အမျိုးသားဆောင် အမှတ်(၁) အခန်း(၇)မှာ Quarantine နေထိုင်ရန်အတွက် နေရာချထားပေး ရာတွင် နေထိုင်ခြင်းမရှိဘဲ အရက်သေစာသောက်စားမူးယစ်ပြီး အိပ်ယာကုတင်နှင့် ၊ အခန်းတံခါး၊ ပြုတင်းပေါက် တံခါးမှန်တွေကို ရိုက်ချိုးဖျက်ဆီးခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။



ထိုသို့ ဖျက်ဆီး ခဲ့သည့်အတွက် ကာလတန်ဖိုးကျပ် (၁၂၀၀၀၀)ခန့် ဆုံးရှုံးခဲ့တာကြောင့် ပါစီထွန်း(ခ)သာစည်ထွန်း အား မြစ်ကြီးနားမြို့မ ရဲတပ်ဖွဲ့စခန်းမှ ပုဒ်မ ၆(၁)နဲ့ အမှုဖွင့်အရေးယူထား ကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။



Credit Original

(Zawgyi)








Credit Original

Post a Comment

Previous Post Next Post