(Unicode)

မနေက့(မေ ၂၇) နံနက် ၉ နာရီခန့်က
ပဲခူး ဘူတာသို့ တရုတ်နိုင်ငံ မှ ပြန်လာသောမြန်မာနိုင်ငံသား ၂၃ ဦးကို တာဝန်ရှိသူများက သွားရောက် ခေါ်ဆောင်ခဲ့ရာ ၎င်းတို့အနက်မှသုံးဦးက ပဲခူးဘူတာအထိ မလိုက်လာဘဲ ကြားဘူတာတွင် ဆင်းနေခဲ့ကြောင်း Volunteer များထံမှ သတင်းရရှိသည်။


"တရုတ်ပြည် မိန်တိန်းမြို့က ပြန်လာကြတာ။ဒီနေ့မနက်သွားကြိုတော့ သုံးဦးလိုနေလို့မေးတော့
ပဲခူးဘူတာမရောက်ခင် လမ်းမှာခုန်ချသွားတယ်လို့ကျန်တဲ့ လူနှစ်ဆယ်က ပြောတယ် "ဟု ပဲခူး Volunteer အဖွဲ့ဝင်တစ်ဦးက ပြောသည်။



"ကျန်တဲ့ လူနှစ်ဆယ်က ပဲခူးတိုင်းအနောက်ခြမ်းကလူတွေ။ ပဲခူးဘူတာအထိ မလိုက်လာဘဲ လမ်းမှာဆင်းနေခဲ့တဲ့ သုံးဦးကတော့ ပဲခူးက။သူတို့ သုံးဦးကို Quarantine ဝင်ဖို့ သွားကြိုတာ လမ်းမှာဆင်းနေခဲ့တယ်ဆိုတော့ Quarantine ဝင်ရမှာစိုးတဲ့အတွက် နေခဲ့တာလို့ ယူဆလို့ရတယ် "ဟု၎င်းကပြောသည်။


မေ ၂၆ ရက်နေ့အထိ ပဲခူးတိုင်းသို့ ပြည်ပမှ ပြန်လည်ရောက်ရှိလာပြီး Facility Quarantine ထားရှိထားသူစာရင်းအရ ထိုင်းနိုင်ငံမှ ၆၈ ဦး၊ တရုတ်နိုင်ငံမှ ၈၄ ဦး ရှိကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။


#BagoWeeklyJournal

(Zawgyi)


မေနက႔(ေမ ၂၇) နံနက္ ၉ နာရီခန္႔က
ပဲခူး ဘူတာသို့ တ႐ုတ္နိုင္ငံ မွ ျပန္လာေသာျမန္မာနိုင္ငံသား ၂၃ ဦးကို တာဝန္ရွိသူမ်ားက သြားေရာက္ ေခၚေဆာင္ခဲ့ရာ ၎တို့အနက္မွသုံးဦးက ပဲခူးဘူတာအထိ မလိုက္လာဘဲ ၾကားဘူတာတြင္ ဆင္းေနခဲ့ေၾကာင္း Volunteer မ်ားထံမွ သတင္းရရွိသည္။

"တ႐ုတ္ျပည္ မိန္တိန္းၿမိဳ့က ျပန္လာၾကတာ။ဒီေန႔မနက္သြားႀကိဳေတာ့ သုံးဦးလိုေနလို့ေမးေတာ့
ပဲခူးဘူတာမေရာက္ခင္ လမ္းမွာခုန္ခ်သြားတယ္လို့က်န္တဲ့ လူႏွစ္ဆယ္က ေျပာတယ္ "ဟု ပဲခူး Volunteer အဖြဲ႕ဝင္တစ္ဦးက ေျပာသည္။

"က်န္တဲ့ လူႏွစ္ဆယ္က ပဲခူးတိုင္းအေနာက္ျခမ္းကလူေတြ။ ပဲခူးဘူတာအထိ မလိုက္လာဘဲ လမ္းမွာဆင္းေနခဲ့တဲ့ သုံးဦးကေတာ့ ပဲခူးက။သူတို့ သုံးဦးကို Quarantine ဝင္ဖို့ သြားႀကိဳတာ လမ္းမွာဆင္းေနခဲ့တယ္ဆိုေတာ့ Quarantine ဝင္ရမွာစိုးတဲ့အတြက္ ေနခဲ့တာလို့ ယူဆလို့ရတယ္ "ဟု၎ကေျပာသည္။

ေမ ၂၆ ရက္ေန႔အထိ ပဲခူးတိုင္းသို့ ျပည္ပမွ ျပန္လည္ေရာက္ရွိလာၿပီး Facility Quarantine ထားရွိထားသူစာရင္းအရ ထိုင္းနိုင္ငံမွ ၆၈ ဦး၊ တ႐ုတ္နိုင္ငံမွ ၈၄ ဦး ရွိေၾကာင္း က်န္းမာေရးဦးစီးဌာနမွ သိရသည္။

#BagoWeeklyJournal

Post a Comment

Previous Post Next Post