(Unicode)

မုံရွာမြို့တွင် အရက်ကြောင်နေသူက Quarantine စင်တာ လုံခြုံရေးဆောင်ရွက်နေသူများကို ဓါးဖြင့်လိုက်ခုတ်…

စစ်ကိုင်းတိုင်း မုံရွာမြို့တွင် အရက်ကြောင်နေသူတစ်ဦးက Quarantine စင်တာအတွင်း လုံခြုံရေးဆောင်ရွက်နေသူများကို ဓားဖြင့် ဝင်ခုတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့မနက် ၆ နာရီကျော်ခန့်က မုံရွာမြို့ အောင်ချမ်းသာရပ်ကွက်ရှိ စာသင်ကျောင်း Quarantine စင်တာတွင် လုံခြုံရေးအဖြစ်ဆောင်ရွက်နေကြသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများနေထိုင်ရာ အဆောင်အတွင်းသို့ အရက်ကြောင်နေသူတစ်ဦးက ဝင်ရောက်လာကာ ဓားဖြင့်လိုက်ခုတ်ခဲ့ခြင်းဖြစ်သည်ဟု အခင်းဖြစ်နေရာတွင် ရှိနေခဲ့သည့် ကိုတိုးဝေအောင် က ပြောသည်။

ကျူးလွန်သူမှာ အောင်ချမ်းသာရပ်ကွက်နေ အသက်(၃၀)နှစ် အရွယ်ရှိ ကိုအူဝဲ ဆိုသူဖြစ်ကြောင်း သိရသည်။




ကိုအူဝဲသည် ဓားဖြင့်လိုက်ခုတ်ပြီးနောက် အဆောင်အပြင်ဘက်သို့ ထွက်ပြေးသွားပြီး Quarantine စင်တာ အပြင်ဘက်၌် လမ်းလျှောက်နေသည့် အောင်ချမ်းသာရပ်ကွက် နယ်မြေ (၃) နေ ဦးအောင်ခိုင် (စိတ်မနှံ့သူ) ကို ဓါးဖြင့်ခုတ်ခဲ့ကြောင်း၊ ယင်းကြောင့် ဦးအောင်ခိုင်တွင် ဦးခေါင်း၊ ကျော နှင့် ခါးတို့တွင် ဓါး ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ယင်းနောက် ကိုအူဝဲသည် အနီးအနားတွင် ဆိုင်ကယ်စီးလာသည့် အမျိုးသမီးတစ်ဦးကိုတားကာ ဆိုင်ကယ်ကို လုယူထွက်ပြေးသွားခဲ့ကြောင်း ကိုတိုးဝေအောင်၏ ပြောပြချက် အရ သိရသည်။

“ညကလည်း မနက် လေးနာရီလောက်မှ အိပ်ရတော့ ကျွန်တော်တို့လည်း အိပ်နေတာ။ အဲ့ဒီအချိန်မှာ Quarantine ထဲမှာ ထိန်းသိမ်းထားတဲ့ ဓါးရှည်ကို ယူပြီးတော့ ရာအိမ်မှူးတွေရော ကျွန်တော်တို့ကိုရော လိုက်ခုတ်တာ။ ကျွန်တော်တို့ ဆီမှာလည်း ဘာလက်နက်မှ မရှိတော့ သူ့ကို တားမရဘူး။ သူက ဓါးနဲ့လိုက်ခုတ်ချိန်မှာ ကျွန်တော်တို့ကတားကြတော့ အပြင်ကို ထွက်သွားတယ်။ အဲ့ဒီမှာ လမ်းလျှောက်လာတဲ့ စိတ်မနှံ့တဲ့သူကို ဓါးနဲ့ ခုတ်တာ။ ခုတ်ပြီး ထွက်ပြေးပြီးတော့ တစ်ပြလောက်လည်းရောက်ရော အမျိုးသမီးတစ်ဦးဆီက ဆိုင်ကယ်ကို လုပြီး ဓါးတစ်ချောင်းနဲ့ ထွက်ပြေးသွားတယ်” ဟု ကိုတိုးဝေအောင် ကပြောသည်။



ကျူးလွန်သူ ကိုအူဝဲသည် အခင်းမဖြစ်ခင် ညပိုင်းက ရပ်ကွက်အတွင်းရှိ လူနေအိမ်များတွင် ပစ္စည်းခိုးရန် ဆောင်ရွက်နေသဖြင့် ရုံးခန်းသို့ ခေါ်ယူစစ်ဆေးခဲ့သေးကြောင်း သိရသည်။

ယင်းဖြစ်စဉ် နှင့် ပတ်သက်၍ ရဲစခန်းတွင် တိုင်တန်းအမှုဖွင့်ထားပြီး ကျူးလွန်သူကို ဖမ်းဆီးရမိမှု မရှိကြောင်း အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်က ပြောသည်။ (ငြိမ်းသူမင်း)

(Zawgyi)

မုံရြာၿမိဳ႕တြင္ အရက္ေၾကာင္ေနသူက Quarantine စင္တာ လံုၿခံဳေရးေဆာင္ရြက္ေနသူမ်ားကို ဓါးျဖင့္လိုက္ခုတ္…

စစ္ကိုင္းတိုင္း မုံရြာၿမိဳ႕တြင္ အရက္ေၾကာင္ေနသူတစ္ဦးက Quarantine စင္တာအတြင္း လံုၿခံဳေရးေဆာင္ရြက္ေနသူမ်ားကို ဓားျဖင့္ ၀င္ခုတ္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ယေန႔မနက္ ၆ နာရီေက်ာ္ခန္႔က မံုရြာၿမိဳ႕ ေအာင္ခ်မ္းသာရပ္ကြက္ရွိ စာသင္ေက်ာင္း Quarantine စင္တာတြင္ လုံျခဳံေရးအျဖစ္ေဆာင္ရြက္ေနၾကသည့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး၊ ရာအိမ္မႉးမ်ားေနထိုင္ရာ အေဆာင္အတြင္းသို႔ အရက္ေၾကာင္ေနသူတစ္ဦးက ၀င္ေရာက္လာကာ ဓားျဖင့္လိုက္ခုတ္ခဲ့ျခင္းျဖစ္သည္ဟု အခင္းျဖစ္ေနရာတြင္ ရွိေနခဲ့သည့္ ကိုတိုးေဝေအာင္ က ေျပာသည္။

က်ဴးလြန္သူမွာ ေအာင္ခ်မ္းသာရပ္ကြက္ေန အသက္(၃၀)ႏွစ္ အရြယ္ရွိ ကိုအူဝဲ ဆိုသူျဖစ္ေၾကာင္း သိရသည္။

ကိုအူ၀ဲသည္ ဓားျဖင့္လိုက္ခုတ္ၿပီးေနာက္ အေဆာင္အျပင္ဘက္သို႔ ထြက္ေျပးသြားၿပီး Quarantine စင္တာ အျပင္ဘက္၌္ လမ္းေလၽွာက္ေနသည့္ ေအာင္ခ်မ္းသာရပ္ကြက္ နယ္ေျမ (၃) ေန ဦးေအာင္ခိုင္ (စိတ္မႏွံ႔သူ) ကို ဓါးျဖင့္ခုတ္ခဲ့ေၾကာင္း၊ ယင္းေၾကာင့္ ဦးေအာင္ခိုင္တြင္ ဦးေခါင္း၊ ေက်ာ ႏွင့္ ခါးတို႔တြင္ ဓါး ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သိရသည္။

ယင္းေနာက္ ကိုအူ၀ဲသည္ အနီးအနားတြင္ ဆိုင္ကယ္စီးလာသည့္ အမ်ိဳးသမီးတစ္ဦးကိုတားကာ ဆိုင္ကယ္ကို လုယူထြက္ေျပးသြားခဲ့ေၾကာင္း ကိုတိုးေဝေအာင္၏ ေျပာျပခ်က္ အရ သိရသည္။

“ညကလည္း မနက္ ေလးနာရီေလာက္မွ အိပ္ရေတာ့ ကၽြန္ေတာ္တို႔လည္း အိပ္ေနတာ။ အဲ့ဒီအခ်ိန္မွာ Quarantine ထဲမွာ ထိန္းသိမ္းထားတဲ့ ဓါးရွည္ကို ယူၿပီးေတာ့ ရာအိမ္မႉးေတြေရာ ကၽြန္ေတာ္တို႔ကိုေရာ လိုက္ခုတ္တာ။ ကၽြန္ေတာ္တို႔ ဆီမွာလည္း ဘာလက္နက္မွ မရွိေတာ့ သူ႔ကို တားမရဘူး။ သူက ဓါးနဲ႔လိုက္ခုတ္ခ်ိန္မွာ ကၽြန္ေတာ္တို႔ကတားၾကေတာ့ အျပင္ကို ထြက္သြားတယ္။ အဲ့ဒီမွာ လမ္းေလၽွာက္လာတဲ့ စိတ္မႏွံ့တဲ့သူကို ဓါးနဲ႔ ခုတ္တာ။ ခုတ္ၿပီး ထြက္ေျပးၿပီးေတာ့ တစ္ၿပေလာက္လည္းေရာက္ေရာ အမ်ိဳးသမီးတစ္ဦးဆီက ဆိုင္ကယ္ကို လုၿပီး ဓါးတစ္ေခ်ာင္းနဲ႔ ထြက္ေျပးသြားတယ္” ဟု ကိုတိုးေ၀ေအာင္ ကေျပာသည္။


က်ဴးလြန္သူ ကိုအူ၀ဲသည္ အခင္းမျဖစ္ခင္ ညပိုင္းက ရပ္ကြက္အတြင္းရွိ လူေနအိမ္မ်ားတြင္ ပစၥည္းခိုးရန္ ေဆာင္ရြက္ေနသျဖင့္ ႐ုံးခန္းသို႔ ေခၚယူစစ္ေဆးခ့ဲေသးေၾကာင္း သိရသည္။

ယင္းျဖစ္စဥ္ ႏွင့္ ပတ္သက္၍ ရဲစခန္းတြင္ တိုင္တန္းအမႈဖြင့္ထားၿပီး က်ဴးလြန္သူကို ဖမ္းဆီးရမိမႈ မရွိေၾကာင္း ေအာင္ခ်မ္းသာရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္နိုင္က ေျပာသည္။ (ၿငိမ္းသူမင္း)

Post a Comment

Previous Post Next Post