(Unicode)

ကိုဗစ်ကာလ စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်နေသူများကို ကူညီရန်အတွက် လှိုင်သာယာမြို့နယ်တွင် ဆန် အခမဲ့ရယူနိုင်သည့် Rich ATM (အလိုအလျောက်ဆန်ထုတ်စက်) ဖြင့် ဆန်ပေးဝေ လျှက်ရှိကြောင်း လှိုင်သာယာ မြို့နယ်မဲဆန္ဒနယ်က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်က ပြောကြားသည်။Rich ATM တွင် ကုတ်နံပါတ်ရိုက်ထည့်ပါက ဆန်နို့ဆီဘူး ခြောက်လုံးကို စက်က အလိုအလျောက် ထုတ်ပေး မည် ဖြစ်ကြောင်း၊ အဆိုပါစက်ကို လှိုင်သာယာမြို့နယ် ၉ ရပ်ကွက် အမှတ် (၅၇၂/က/ခ) မကွေးလမ်းရှိ လွှတ်တော်ကိုယ်စားလှယ်များရုံးတွင် ထားရှိကြောင်း ၎င်းက ပြောဆိုသည်။

ဆန်ထုတ်ယူရန် We Love Hlaingtharyar လူမှုကွန်ရက်သို့ဝင်ရောက်၍ Chat box တွင် အခမဲ့ဆန်ရယူရန် စာရင်းသွင်းကာ QR ကုဒ်နံပါတ်ရယူ၍ ယင်းကုဒ်နံပါတ်ကို Rich ATM စက်တွင် ရိုက်နှိပ်၍ ဆန်ထုတ်ယူရမည် ဖြစ်ကြောင်း ဦးဝင်းမောင်က ရှင်းပြသည်။လူမှုကွန်ရက် အသုံးမပြုသူ သို့မဟုတ် Keypad ဖုန်း အသုံးပြုသူများအနေနှင့် ဖုန်းနံပါတ် 09 978 288 774 သို့ ထုတ်ယူလိုသူ၏ အမည်နှင့် လိပ်စာတို့ကို စာတို (SMS) ပေးပို့၍ ဆန်ထုတ်ယူခွင့် လျှောက်ထားရပါမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။





ဖုန်းမရှိသူများနှင့် သက်ကြီးရွယ်အိုများအတွက် ဆန်ထုတ်ယူရန် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံတွင် အမည်နှင့် လိပ်စာကိုပေး၍ ဆန်ထုတ်ယူခွင့် လျှောက်ထားကာ QR ကုဒ်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးထံတွင် ရယူရမည်ဖြစ်ကြောင်း ဦးဝင်းမောင်က ဆက်လက်ပြောဆိုသည်။”ဆန်က တစ်ခါထုတ်ရင် ခြောက်လုံးပဲဆိုတော့လေ အခြားမြို့နယ်တွေက လာထုတ်တာ မရှိပါဘူး။ တကယ် လိုအပ်တဲ့သူတွေ ထုတ်လို့ရအောင် ခြောက်လုံးပဲ ကန့်သတ်ထားတာပါ” ဟု ဦးဝင်းမောင်က ဆိုသည်။



Rich ATM စက်ကို ဆန်အပြင် ပဲအမျိုးမျိုးကိုပါ ထုတ်ပေးနိုင်ပြီး ယင်းစက်ကို We Love Hlaingtharyar အဖွဲ့၊ ပရဟိတအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကကုမ္ပဏီ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာ အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။Rich ATM စက်ကို မေလ ၁၆ ရက်နေ့တွင် စတင်အသုံးပြုကာ ဆန်ပေးဝေခဲ့ပြီး ယနေ့ (မေလ ၁၈) အထိ ဆန် လာရောက်ထုတ်ယူသူ ၂၀၀ ကျော်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

Credit the Voice

(ZAwgyi)

ကိုဗစ္ကာလ စားဝတ္ေနေရး အခက္အခဲျဖစ္ေပၚေနသူမ်ားကို ကူညီရန္အတြက္ လႈိင္သာယာၿမိဳ႕နယ္တြင္ ဆန္ အခမဲ့ရယူႏိုင္သည့္ Rich ATM (အလိုအေလ်ာက္ဆန္ထုတ္စက္) ျဖင့္ ဆန္ေပးေဝ လွ်က္ရွိေၾကာင္း လႈိင္သာယာ ၿမိဳ႕နယ္မဲဆႏၵနယ္က ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးဝင္းေမာင္က ေျပာၾကားသည္။Rich ATM တြင္ ကုတ္နံပါတ္႐ိုက္ထည့္ပါက ဆန္ႏို႔ဆီဘူး ေျခာက္လုံးကို စက္က အလိုအေလ်ာက္ ထုတ္ေပး မည္ ျဖစ္ေၾကာင္း၊ အဆိုပါစက္ကို လႈိင္သာယာၿမိဳ႕နယ္ ၉ ရပ္ကြက္ အမွတ္ (၅၇၂/က/ခ) မေကြးလမ္းရွိ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား႐ုံးတြင္ ထားရွိေၾကာင္း ၎က ေျပာဆိုသည္။

ဆန္ထုတ္ယူရန္ We Love Hlaingtharyar လူမႈကြန္ရက္သို႔ဝင္ေရာက္၍ Chat box တြင္ အခမဲ့ဆန္ရယူရန္ စာရင္းသြင္းကာ QR ကုဒ္နံပါတ္ရယူ၍ ယင္းကုဒ္နံပါတ္ကို Rich ATM စက္တြင္ ႐ိုက္ႏွိပ္၍ ဆန္ထုတ္ယူရမည္ ျဖစ္ေၾကာင္း ဦးဝင္းေမာင္က ရွင္းျပသည္။လူမႈကြန္ရက္ အသုံးမျပဳသူ သို႔မဟုတ္ Keypad ဖုန္း အသုံးျပဳသူမ်ားအေနႏွင့္ ဖုန္းနံပါတ္ 09 978 288 774 သို႔ ထုတ္ယူလိုသူ၏ အမည္ႏွင့္ လိပ္စာတို႔ကို စာတို (SMS) ေပးပို႔၍ ဆန္ထုတ္ယူခြင့္ ေလွ်ာက္ထားရပါမည္ ျဖစ္ေၾကာင္း ၎က ေျပာဆိုသည္။


ဖုန္းမရွိသူမ်ားႏွင့္ သက္ႀကီး႐ြယ္အိုမ်ားအတြက္ ဆန္ထုတ္ယူရန္ သက္ဆိုင္ရာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးထံတြင္ အမည္ႏွင့္ လိပ္စာကိုေပး၍ ဆန္ထုတ္ယူခြင့္ ေလွ်ာက္ထားကာ QR ကုဒ္ကို ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးထံတြင္ ရယူရမည္ျဖစ္ေၾကာင္း ဦးဝင္းေမာင္က ဆက္လက္ေျပာဆိုသည္။”ဆန္က တစ္ခါထုတ္ရင္ ေျခာက္လုံးပဲဆိုေတာ့ေလ အျခားၿမိဳ႕နယ္ေတြက လာထုတ္တာ မရွိပါဘူး။ တကယ္ လိုအပ္တဲ့သူေတြ ထုတ္လို႔ရေအာင္ ေျခာက္လုံးပဲ ကန႔္သတ္ထားတာပါ” ဟု ဦးဝင္းေမာင္က ဆိုသည္။

Rich ATM စက္ကို ဆန္အျပင္ ပဲအမ်ိဳးမ်ိဳးကိုပါ ထုတ္ေပးႏိုင္ၿပီး ယင္းစက္ကို We Love Hlaingtharyar အဖြဲ႕၊ ပရဟိတအဖြဲ႕မ်ား၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ပုဂၢလိကကုမၸဏီ၊ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာနတို႔ ပူးေပါင္းကာ အေကာင္အထည္ေဖာ္ခဲ့ျခင္းျဖစ္ေၾကာင္း ၎က ေျပာၾကားသည္။Rich ATM စက္ကို ေမလ ၁၆ ရက္ေန႔တြင္ စတင္အသုံးျပဳကာ ဆန္ေပးေဝခဲ့ၿပီး ယေန႔ (ေမလ ၁၈) အထိ ဆန္ လာေရာက္ထုတ္ယူသူ ၂၀၀ ေက်ာ္ရွိေၾကာင္း ၎က ဆက္လက္ေျပာၾကားသည္။

Credit the Voice

Post a Comment

Previous Post Next Post