Cat Walk King တစ်ဦးဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံသား Sinon Loresca ဟာ အောင်မြင်မှုတွေရရှိနေခဲ့ပေမယ့်လည်း သူ့ရဲ့ ဖြူစင်တဲ့စိတ်ထားလေးကတော့ တကယ့်ကို လေးစားဖွယ်ကောင်းလောက်ပါတယ်။


Sinon Loresca ကမြန်မာနိုင်ငံကိုရောက်ရှိနေတဲ့အချိန်လေးမှာ သူတတ်နိုင်သလောက် အလှူအတန်းတွေပြုလုပ်နေသလိုလိုအပ်နေတဲ့သူတွေကိုလည်း ကိုယ်တိုင်သွားရောက်လှူဒါန်းမှုတွေကိုလည်း ပရိသတ်တွေမြင်တွေပြီးသားဖြစ်မှာပါနော်။



Sinon ဟာ သူကိုယ်တိုင် အိမ်ခြေမဲ့ဘဝကနေ ရုန်းကန်လာသူတစ်ဦးဖြစ်တာကြောင့်လည်း လူသားတွေကို ပိုမိုစာနာနိုင်တဲ့သူ တစ်ဦးအဖြစ် မြင်ရတာဖြစ်ပါတယ်နော်။



ယခုတစ်ခါမှာလည်းSinon Lorescaကတော့ စားဝတ်နေရေးလိုအပ်နေသူအတွက် ထမင်းဘူးလေးကို ကိုင်တိုင် လိုက်ဝေပေးပြီး အလှူလေး ပြုလုပ်ခဲ့ပါတယ်။



ဒါ့အပြင့် ပြုလုပ်ခဲ့တဲ့ အလှူပုံရိပ်လေးတွေကိုလည်း သူ့ရဲ့ဖေ့စ်ဘွတ်ပေါ်မှာ တင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးတွေနဲ့လည်း Sinon Loresca က“မိုးရွာတာကလည်း ကျတော့်ရဲ့ ကြင်နာမှုတွေ ချစ်ခင်မှုတွေကိုရပ်တန့်လို့မရပါဘူးနော်။ ကျတော် အိမ်ခြေရာမဲ့တွေနဲ့ လမ်းပေါ်မှာ ပန်းရောင်းနေတဲ့ကလေး တစ်ချို့အတွက် အရသာ ရှိလှတဲ့ကြက်သားဟင်းချက်ပီး လိုက်ဝေပေးတော့ပါမယ်။ဘဝကိုခက်ခဲစွာ ရုန်းကန်နေတဲ့သူတို့အတွက်ကျတော့်အကူအညီလေးက အနည်းငယ်ဘဲဖြစ်ဖြစ် အထောက်အပံ့ ဖြစ်မယ်ထင်ပါတယ်ဗျာ” ဆိုပြီး ရေးသားထားပါသေးတယ်။



ချစ်ပရိသတ်တွေလည်း အလွန်းကြည်နူးပြီး မွန်မြတ်လှတဲ့ Sinon Loresca ရဲ့ အလှူလေးကို အသိအမှတ်ပြုပြီးတော့ သာဓုခေါ်ပေးနိုင်ပါတယ်နော်။

နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ

Post a Comment

Previous Post Next Post